Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“နုပျိုဖို့အတွက် အများကြီး ချစ်ပါတယ်”လို့ ပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

$
0
0

မြန်မာနိုင်ငံရဲ့ အနုပညာရှင်များထဲမှာ ဝေဖန်ခံရဆုံး၊ အမြဲတမ်းပရိသတ်တွေရဲ့ လှုပ်လှုပ်ခတ်ခတ် အားပေးမှုကို ရရှိနေဆဲတဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ အသက်အရွယ် ကြီးလာပေမယ့် သူ့ရဲ့ ရုပ်ရည်နုပျိုမှုနဲ့ ပတ်သက်ပြီးတော့ သူငယ်ချင်း အချင်းချင်းတောင် ဂုဏ်ပြုရတဲ့သူဟာ အခုချိန်မှာတော့ ဘယ်လိုမှ ကောင်လေးတယောက် မဟုတ်တော့ဘဲ ဘဲကြီးတယောက်ဖြစ်နေပါပြီလို့ ပြောပါတယ်။

“အမှန်တော့ ထူးကဲပြီးတော့ နုပျို မနေပါဘူး။ ဘယ်လိုမှ ကောင်လေးတယောက် မဟုတ်တော့ဘူးလေ။ ဘဲကြီး တယောက်ဖြစ်လာပြီ။ အထူးသဖြင့်တော့ အလုပ်တွေ လုပ်နိုင်အောင်တော့ ကိုယ်ရောစိတ်ရော ကျန်းမာနေဖို့ လိုတယ်လို့ နားလည်ထားပါတယ်”

“ကျန်းမာရေး လိုက်စားတယ်။ အားကစား လုပ်တယ်။ စိတ်ကိုလည်း အတတ်နိုင်ဆုံး ချမ်းသာအောင်နေပါတယ်။ ပညာရှိကြီးတယောက်က ပြောဖူးပါတယ်။ နုပျိုဖို့အတွက် ကိုယ်ကျန်းမာအောင်နေပါတဲ့။ စိတ်ချမ်းသာအောင်နေပါတဲ့။ အများကြီးချစ်ပါတဲ့။ ကျနော်လည်း အများကြီး ချစ်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

လူအများ စိတ်ဝင်စားလျက်ရှိတဲ့ သူ့ရဲ့အချစ်ရေး၊ ယခုအချိန်ထိ အိမ်ထောင်မပြုသေးတာကတော့ အနုပညာ အလုပ်တွေ လုပ်နေချင်သေးတဲ့အတွက် အိမ်ထောင်ရေးအတွက် အချိန် မပေးနိုင်သေးတဲ့အတွက် မလုပ်ဖြစ်သေးဘူးလို့ စိုင်းစိုင်းက ပြောပါတယ်။

“ကျနော် အိမ်ထောင်ပြုတာမျိုး၊ မိသားစုဘဝကို ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ခဲ့ပါတယ်။ လောလောဆယ်မှာ ကျနော် ပွဲလုပ်ချင်သေးတယ်။ နောက်တနှစ်မှာလည်း ကျနော်ပွဲ ဘယ်လိုလုပ်မလဲ စဉ်းစားတယ်။ ရုပ်ရှင်လည်း ဒီနှစ်မှာ တကားပဲ ရိုက်ခွင့်ရတယ်။ နောက်နှစ်တွေမှာ ၁ ကား၊ ၂ ကား၊ ၃ ကား ရိုက်ချင်ပါသေးတယ်”

“သီချင်းအသစ်တွေလည်း ရေးချင်သေးတယ်ဆိုတော့ ဒါက ကျနော ်စိတ်ထဲမှာ လွန်ဆွဲနေတာပဲ။ အလုပ်ကိုပဲ ဦးစားပေးမလားပဲ။ ကျနော့် သူငယ်ချင်းတွေဆို မိသားစုကို အရမ်းအချိန်ပေးရတယ်။ အနည်းဆုံးတော့ အချိန်တော့ပေးရမှာပဲ။ ကျနော် စဉ်းစားလိုက်ဦးမယ်ဗျာ” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။

စိုင်းစိုင်းကတော့ အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ဖြစ်နေပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှာ “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” လို့ နာမည်ပေးထားတဲ့ Show ပွဲကို အမျိုးသား ကဇာတ်ရုံမှာ ပြုလုပ်သွားမှာဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဖျော်ဖြေပွဲပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” ဆိုတဲ့ Sai Sai Show ပွဲကတော့ သူ့ရဲ့ ငယ်ဘဝ အိမ်မက် တခုလို့လည်း သူက ဆိုပါတယ်။

“ငယ်ငယ်လေးထဲက အမျိုးသားကဇာတ်ရုံမှာ သီချင်းဆိုချင်တာ။ ငယ်ငယ်တုန်းက ရန်ကုန် ရောက်ရောက်ချင်းမှာ အဆိုတော်ဖြစ်ချင်တော့ ကျနော့် အစ်မကြီး မသီရိဂျေမောင်မောင်ရဲ့ ပွဲတွေမှာ Featuring လိုက်ဆိုပါတယ်။ အဲဒီတုန်းက ပထမဆုံးဆိုဖူးတာ အမျိုးသားဇာတ်ရုံမှာ။ တောင်ကြီးက တက်လာတဲ့ အဆိုတော်လူငယ်တယောက်ကို ပရော်ဖက်ရှင်နယ်အဆိုတော်ကြီးက သူ့ရဲ့ပွဲမှာ ခေါ်ဆိုခဲ့တာလည်း ပြန်တွေးရင်းကျေးဇူးတင်ပါတယ်။ အဲဒီကတည်းက ရည်မှန်းထားထားတာ တချိန်ချိန်ကျရင်တော့ ဒီမှာပွဲလုပ်မယ်ဆိုပြီးတော့ အဲဒါကကျနော့်ရဲ့ ငယ်ဘဝ အိမ်မက်တခုလည်း ဖြစ်ပါတယ်” လို့ စိုင်းစိုင်းက ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ကတော့ အမြဲတမ်း တနှစ်မှာ ၁ ခါသာ တကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်လေ့ရှိပေမယ့် ယခုပြုလုပ်မယ့် ပွဲကတော့ ထူးထူးခြားခြား စီစဉ်မှုတခု ဖြစ်လို့နေပါတယ်။ ဒါ့အပြင် ရုပ်ရှင် ရိုက်ကူးမှု အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း ရုပ်ရှင် ၁ ကားသာ ရိုက်ကူးရသေးတဲ့အတွက် နိုဝင်ဘာလမှာတော့ နောက်ထပ် ရုပ်ရှင်ကား တကား ရိုက်ကူးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

The post “နုပျိုဖို့အတွက် အများကြီး ချစ်ပါတယ်”လို့ ပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)