Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“သူ့မှာ အမျိုးသား လိင်အင်္ဂါ ပါတယ်”လို့ ကောလာဟလ ထွက်ခဲ့ဖူးကြောင်း Lady Gaga ပြောပြ

$
0
0

နာမည်ကျော် Vogue မဂ္ဂဇင်းရဲ့ “73 Questions” အစီအစဉ်မှာ ကမ္ဘာကျော်အဆိုတော် Lady Gaga က သူ့ရဲ့ အနုပညာခရီးလမ်းအကြောင်း၊ နယူးယောက်မြို့မှာ ကြီးပြင်းခဲ့ရတဲ့ အကြောင်းနဲ့ အခြားအကြောင်းအရာ များစွာကို ဖြေဆိုပေးခဲ့ပါတယ်။

အလျင်အမြန် ဖြေဆိုရတဲ့ အဲဒီအင်တာဗျူး အစီအစဉ်မှာ ဂရမ်မီဆုရှင် Gaga က သူ့မှာ “အမျိုးသားလိင်အင်္ဂါ ပါတယ်” လို့ ထူးထူးဆန်းဆန်း ကောလာဟလကို ကြားဖူးတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင်သူက စိတ်အပန်းဖြေဖို့ သည်းထိတ်ရင်ဖို ရုပ်ရှင်တွေကို ကြည့်လေ့ရှိပြီး အဆိုတော်ကြီး Stevie Wonder နဲ့အတူ စုံတွဲတေးသီချင်း သီဆိုချင်တဲ့အကြောင်း ပြောပါတယ်။ နောက်ထပ် မေးခွန်းတခု “ကာရာအိုကေဆိုရမယ်” ဆိုရင်တော့ Andrea Bocelli နဲ့ Celine Dion တို့ရဲ့ “The Prayer” သီချင်းကို ဆိုချင်တဲ့အကြောင်း ပြောပါတယ်။

လူတွေအနေနဲ့ သူ့ကို ဘယ်လိုပုံစံမျိုးနဲ့ သတိရစေနေချင်ပါသလဲဆိုတဲ့ မေးခွန်းကိုတော့ Gaga က “Born This Way” သီချင်းရဲ့ နောက်ကွယ်က မက်ဆေ့ချ်အတွက် လူတိုင်းလူတိုင်းဟာ ညီတူမျှတူ ရှိတယ်လို့ ယုံကြည် နေတဲ့သူလို့ အမှတ်ရနေစေချင်ပါတယ်။ ရဲရင့်ပြီး မတူကွဲပြားတဲ့သူလို့ သူ့ကို အမှတ်ရနေစေချင်တယ်” လို့ ဆိုပါတယ်။

 

 

ဒါ့အပြင် “A Star Is Born” ရုပ်ရှင်မှာ ဒါရိုက်တာနဲ့ တွဲဖက် သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ Bradley Cooper နဲ့ အလုပ်အတူ တွဲလုပ်ခဲ့ရတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးတယ်။

“Bradley Cooper ဟာ သိပ်ကိုထူးခြားလွန်းတဲ့ မင်းသား၊ သိပ်ကိုထူးခြားလွန်းတဲ့ ဒါရိုက်တာ၊ ဘယ်ဖက်ကနေ ကြည့်ကြည့် လုံးဝထူးခြားလွန်းတဲ့ သူငယ်ချင်းတယောက်ပါ။ သူ့ရဲ့ ဂီတဆိုင်ရာ အရည်အချင်းကို လူတွေ မြင်တွေ့နိုင်ဖို့ ကျမ စိတ်လှုပ်ရှားနေပါတယ်” လို့ Lady Gaga က ပြောဆိုခဲ့ပါတယ်။

TIFF ပွဲအတွင်းမှာ မင်းသား Cooper နဲ့ အဆိုတော် Gaga တို့ဟာ ET Canada မီဒီယာရဲ့ Cheryl Hickey နဲ့ အတူ အင်တာဗျူးတခု ပြုလုပ်ခဲ့ကြပါသေးတယ်။ အဲဒီ အင်တာဗျူးမှာတော့ Gaga က “လှပတဲ့ အတွေ့အကြုံ တခု ဖြစ်ခဲ့ပါတယ်။ သူဟာ သူမတူတဲ့ ဒါရိုက်တာ တဦးပါ။ သူ့အကြောင်း ထူးဆန်းအံ့ဖွယ်ရာတွေကို ပြောလို့ ကုန်မှာ မဟုတ်ပါဘူး”

“ကျမတို့ကြားမှာ ပထမဆုံး ဆုံတွေ့ခဲ့ချိန်ကစလို့ ထူးခြားတဲ့ ဆက်ဆံရေးရှိပြီးတော့ အဲဒီမိတ်ဆွေ ဆက်ဆံရေးဟာ အဲဒီအချိန်ကလို့ တဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ထူးထူးခြားခြား သူဖန်တီးနိုင်လိမ့်မယ်လို့ ကျမသူ့ကို ယုံကြည်ထားခဲ့တာပါ” လို့ ပြောပါတယ်။

Ref: etcanada

The post “သူ့မှာ အမျိုးသား လိင်အင်္ဂါ ပါတယ်”လို့ ကောလာဟလ ထွက်ခဲ့ဖူးကြောင်း Lady Gaga ပြောပြ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ