Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ပေါ့ပေါ့တန်တန် သရုပ်ဆောင်ခဲ့တာ တခါမှ မရှိပါဘူး” လို့ ပြောတဲ့ ရဲလေး

$
0
0

ပရိသတ်ကြိုက်တဲ့ တကိုယ်တော် သီချင်းခွေများစွာ ထွက်ရှိခဲ့ပြီး သီချင်းဆိုရုံတင်မက သရုပ်ဆောင်အလုပ်ပါ အကောင်းဆုံးကြိုးစား သရုပ်ဆောင်လေ့ရှိတဲ့ ရဲလေးက အဆိုတော်အလုပ်ဟာ သူ့ရဲ့ အဓိကအလုပ်ဖြစ်သလို သရုပ်ဆောင်ရာမှာလည်း ပေါ့ပေါ့တန်တန် သရုပ်ဆောင်ခဲ့တာ မရှိဘူးလို့ မီဒီယာများကို ပြောပါတယ်။

“သရုပ်ဆောင်ခဲ့တာတွေမှာ ကျနော် လွယ်လင့်တကူ သရုပ်ဆောင်ခဲ့တာ မရှိပါဘူး။ ပရိသတ်ကို စေတနာထားပြီး ကိုယ့်ကိုယ်ကိုယ် မဂွမ်းအောင်ဆိုပြီး အမြဲတမ်းသရုပ်ဆောင်ခဲ့တာ ချည်းပါပဲ။ ဘယ်လို ဇာတ်ကားမှာပဲ ဖြစ်ဖြစ် အကောင်းဆုံး သရုပ်ဆောင်ခဲ့တာပါပဲ။ ပိုပြီးကောင်းလာအောင် လုပ်ရတာတွေပ ဲရှိလာတာပါ။ ပေါ့ပေါ့တန်တန် သရုပ်ဆောင်ခဲ့တာ တခါမှ မရှိပါဘူး။ ဟာသကားလည်း ဟာသကားအလျောက်၊ ဒရာမာလည်း ဒရာမာလို၊ ဖန်စီဆိုလည်း ဖန်စီလို အကောင်းဆုံး စေတနာထားပြီးတော့ သရုပ်ဆောင်ခဲ့ပါတယ်”လို့ ရဲလေးက ပြောပါတယ်။

မကြာခင်မှာတော့ ရဲလေးဟာ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ စာရေးဆရာဖေမြင့်ရဲ့ “ဆတ်သေချောင်းရဲ့ ဒဏ္ဍာရီ” ဆိုတဲ့ ဝတ္ထုကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြန်လည် ပုံဖော်ရိုက်ကူးမယ့် “တခါက ဆတ်သေချောင်း” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာလည်း သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

“ကျနော့်အနေနဲ့ အချိန်ရရင်ရသလို ရုပ်ရှင် ရိုက်ဖြစ်တယ်။ ကျနော်က ဒီနယ်ပယ်ထဲ ရောက်လာပြီဆိုရင် ပေါ့ပေါ့တန်တန်လုပ်လို့ မရဘူးဆိုတာ သိတဲ့အတွက် အကောင်းဆုံး သရုပ်ဆောင်ရမယ်။ အကောင်းဆုံး ကြိုးစားမှာပဲ။ သီချင်းဘက်မှာလည်း ဒီတိုင်းပဲ။ ကိုယ့်ကိုယ်ကိုယ် အမြဲပြိုင်တယ်။ ဒီထက် ပိုကောင်းအောင် ဘယ်လို ထပ်လုပ်မလဲကို စဉ်းစားတယ်။ ပရိသတ်ရင်ထဲ ထိရောက်မယ့် စာသားတွေကို အမြဲတွေးပြီး ရေးသားတယ်” လို့ ရဲလေးက ပြောပါတယ်။

ရဲလေးနဲ့ သူ့ရဲ့ညီဖြစ်သူ ဂျိုကာတို့ တည်ထောင်ထားတဲ့ YLJK Entertainment ကနေလည်း ရုပ်ရှင်ရိုက်ဖို့အတွက် စုဆောင်းထားတဲ့ ဇာတ်လမ်းတွေလည်း ရှိနေပြီး နောက်ပိုင်းမှာ “YLJK Film” ဆိုပြီး ဖြစ်လာတဲ့အထိ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

“နောက်ပိုင်း ကိုယ်တိုင် ဖန်တီးမယ့် ဇာတ်လမ်းလေးတွေလည်း ရနေပါပြီ။ ကျနော်ရော ဂျိုကာရော နောက်ပိုင်း YLJK Film ဆိုပြီး ဖြစ်လာတဲ့အထိကို နှစ်ယောက်သား ကြိုးစားနေပါတယ်” လို့ ရဲလေးက ပြောပါတယ်။ သရုပ်ဆောင် လုပ်နေပေမယ့် ဂီတဘက်မှာ မလစ်ဟင်းရအောင်လည်း ညှိနှိုင်းပြီးတော့ လုပ်နေပြီး တခုလိုချင်ရင် တခုပေးဆပ်ရတဲ့ အပိုင်းတွေလည်း ရှိတယ်လို့ ရဲလေးက ပြောပါတယ်။

“ကျနော်ရဲ့ အဓိကကတော့ ဂီတပဲပေါ့။ သီချင်းကို ဥပေက္ခာပြုလို့ မရဘူး။ ပွင့်လင်းရာသီ ရောက်တော့မယ်။ ပွဲတွေ ကမ်းလှမ်းတာ အရင်နှစ်ကထက် များလာတယ်။ အဲဒီကြားထဲမှာ ကားရိုက်နဲ့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ညှိနှိုင်း ရမှာပေါ့။ ကိုယ့်ရဲ့ စီမံခန့်ခွဲမှုက အရေးကြီးပါတယ်။ တခုလိုချင် တခုပေးဆပ်ရတဲ့ အပိုင်းတွေ ရှိပါတယ်။ အရင်တုန်းကလည်း ရှိခဲ့တယ်။ အခုလည်း ရှိပါတယ်” လို့ ရဲလေးက ဆိုပါတယ်။

အဆိုတော် ရဲလေးက တကိုယ်တော်သီချင်းခွေများစွာ ထွက်ရှိပြီးနောက် ယခုနောက်ဆုံးမှာတော့ Single Song အနေနဲ့ “အသည်းကွဲတယ်ဆိုတာ” သီချင်းနဲ့ “နင်မရှိတဲ့နောက်” ဆိုတဲ့ သီချင်းများ ထွက်ရှိထားပါတယ်။

The post “ပေါ့ပေါ့တန်တန် သရုပ်ဆောင်ခဲ့တာ တခါမှ မရှိပါဘူး” လို့ ပြောတဲ့ ရဲလေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ