Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပျောက်ဆုံးသွားသော အလောင်း “The Body”ရုပ်ရှင်

$
0
0

ဒီတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Oriol Paulo ရိုက်ကူးထားတဲ့ Mystery,Thriller အမျိုးအစား ရုပ်ရှင် “The Body” ဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ Jose Coronado , Hugo Silva , Belen Rueda တို့ သရုပ်ဆောင်ထားပြီး အခြား သရုပ်ဆောင်များစွာလည်း ပါဝင်ထားတာ တွေ့ရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ညသန်းခေါင်ကျော် အချိန်မှာ လူတယောက်ဟာ ဓာတ်မီးတလက်နဲ့ မှောင်မည်းနေတဲ့ သစ်တောတခုထဲ ပြေးလွှားနေခဲ့ပါတယ်။ သူဟာ ကြောက်လန့်တကြားနဲ့ သူလာခဲ့ရာ အနောက်ကို ကြည့်လိုက် ၊ ပြေးလိုက် မောဟိုက်နေပုံလည်း ပေါ်ပါတယ်။ သူဟာ ပြေးရင်း ပြေးရင်း သစ်တောရဲ့ အဆုံးကို ရောက်ရှိသွားပြီး လမ်းမပေါ်ကို ရောက်ခါနီးမှာပဲ အရှိန်ပြင်းပြင်းနဲ့ မောင်းလာနေတဲ့ ကားတစီးကို ဝင်တိုက်မိပါတော့တယ်။

အဲဒီအချိန်မှာပဲ စုံထောက် Jaime ဆီကို ဖုန်းကောတခုဝင်လာခဲ့ပြီး စုံထောက်လည်း ထိုသူရှိရာ ဆေးရုံကို ရောက်ရှိလာခဲ့ပါတယ်။ ဆေးရုံရောက်မှာ သိလိုက်ရတာကတော့ အဆိုပါ မတော်မတဆမှု ဖြစ်သူဟာ ရေခဲတိုက်မှာ အလုပ်လုပ်သူတဦး ဖြစ်ကြောင်းနဲ့ သူဟာ ဘယ်အရာကို ကြောက်လန့်တကြား ထွက်ပြေးလာသလဲဆိုတာကို ဖော်ထုတ်ဖို့ ဖြစ်ကြောင်း Jaime တယောက် သိရှိလိုက်ပါတော့တယ်။

ဒီလိုနဲ့ သူအလုပ်လုပ်ရာ ရေခဲတိုက်မှာလည်း ပြဿနာတခုရှှိနှင့်နေခဲ့ပြီး အဲဒီပြဿနာကတော့ နှလုံးဖောက်သေဆုံးသွားခဲ့တဲ့ Mayka Villaverde ရဲ့ အလောင်းဟာ ပျောက်ဆုံးနေခဲ့တယ် ဆိုတာပါ။

ကင်မရာ မှတ်တမ်းများအရ ညစောင့်ဟာ အလောင်းထားရာ အခန်းကို ၅ မိနစ်ကြာ သွားရောက် ကြည့်ရှုခဲ့ပြီး ရေခဲတိုက်ကနေ ထွက်ပြေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ညစောင့်နဲ့အတူ ကင်မရာ တလုံးသာ အကောင်းပကတိရှိခဲ့ပြီး ကျန်ကင်မရာတွေကတော့ အကောင်းအတိုင်း မရှိတော့ဘူးလို့ Jiame တယောက် ထပ်မံ သိရှိရပါတယ်။

ပျောက်ဆုံးသွားတဲ့ အလောင်းနဲ့ ပတ်သက်ပြီး မိသားစုကိုလည်း အကြောင်းကြားခဲ့ကြလို့ မိသားစု ဝင်တွေလည်း ထပ်မံ ဝမ်းနည်း ဖြစ်ကြရပြန်ပါတော့တယ်။

ဇာတ်လမ်းတခုလုံးဟာ မသင်္ကာစရာတွေနဲ့ ပြည့်နှက်နေပြီး သို့လော သို့လော မေးခွန်းတွေ ၊ သိလိုစိတ်တွေကြောင့် အဆုံးထိ ကြည့်ရှုမိကြမှာဖြစ်ပါတယ်။ နောက်ခံ အသံအကောင်းအစားတွေနဲ့ ဂီတတွေဟာ ကြည့်ရှုသူတွေကို ဆွဲဆောင်ထားမှာဖြစ်တာကြောင့် IMDb Rating (7.6) ရရှိထားတဲ့ “The Body” ရုပ်ရှင်ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

The post ပျောက်ဆုံးသွားသော အလောင်း “The Body” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ