Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

လက်ဝှေ့သမားတယောက်ရဲ့ အတ္ထုပ္ပတ္တိ (သို့) A Prayer Before Dawn (2017)

$
0
0

ဒီတခါမိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Jean-Stephane Sauvaire ရိုက်ကူးထားတဲ့ Action , Biography , Crime အမျိုးအစား ထိုင်းရုပ်ရှင်တကားဖြစ်တဲ့ A Prayer Before Dawn ပဲဖြစ်ပါတယ်။ မင်းသား Joe Cole က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ပေးထားကြတာဖြစ်ပါတယ်။

အင်္ဂလန်လက်ဝှေ့သမားတဦးဖြစ်တဲ့ Billy Moore ဟာ ထိုင်းနိုင်ငံမှာ လက်ဝှေ့ထိုးကာ အသက်မွေးဝမ်းကြောင်းပြု နေထိုင်ရင်း မူးယစ်ဆေးသုံးစွဲနေသူတဦးလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ ထိုင်းရဲတပ်ဖွဲ့တွေဟာ Billy နေထိုင်ရာအခန်းကို အမေးအမြန်မရှိ ဝင်ရောက်စီးနင်းဖမ်းဆီးပါတော့တယ်။

ထောင်ထဲကို ရောက်ရှိသွားချိန်မှာပဲ Billy ကြုံတွေ့ရတာကတော့ အကြမ်းဖက်မှုတွေပဲဖြစ်ပြီး နှစ်ကြီးသမားတွေဟာ သူတို့ကို ကောင်းကောင်းကြီး ပညာပေးပါတော့တယ်။ ဆေးမသုံးစွဲရလို့ ရန်လိုနေတဲ့ Billy ဟာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် အခြားအဆောင်တဆောင်ကို ပြောင်းရွှေ့ခံရတာပဲဖြစ်ပါတယ်။

အဲဒီအဆောင်ကို ရောက်ရောက်ချင်းညမှာပဲ တရေးနိုးအပေါ့အပါး ထသွားချိန်မှာပဲ အဆောင်ရဲ့ နှစ်ရှည်သမားတွေဟာ လူငယ်တဦးကို အုပ်စုလိုက် လိင်အကြမ်းဖက်မှုပြုလုပ်ပါတော့တယ်။ Billy ကိုယ်တိုင်လည်း ဓားနဲ့ အထောက်ခံထားရပြီး ဘာမှမကူညီလိုက်နိုင်ခဲ့ပါဘူး။ နောက်တနေ့မနက်စောစောမှာပဲ အဲဒီ လူငယ်လေးဟာ မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေ သွားပါတော့တယ်။ သွေးပျက်ချောက်ချားစရာတွေအပြည့်နဲ့ ကျီးလန့်စာစားအခြေအနေမှာ Billy ဟာ ဆေးမသုံးစွဲရတာ ကြောင့် နာဖျားမှုကို ခံစားနေရတာလည်းဖြစ်ပါတယ်။

ညှင်းပန်းအနိုင်ကျင့်မှုတွေကနေ လွတ်မြောက်ဖို့နဲ့ ဆေးစွဲနေရတဲ့ အခြေအနေကို ဖြတ်တောက်ဖို့ Billy ဟာ သူ့ရဲ့ လက်ဝှေ့ထိုးခြင်းကို ပြန်လည် လေ့ကျင့်ဖို့ ထောင်တွင်းလက်ဝှေ့အဖွဲ့မှာ ဝင်ခွင့်ရရှိရေးအတွက် ကြိုးပမ်းပါတော့တယ်။

ထိုင်းနိုင်ငံရဲ့ ထောင်တွင်း အဖြစ်အပျက်တွေ ၊ နိုင်ထက်စီးနင်းပြုမှုတွေအပြင် Billy ရဲ့ အခက်အခဲတွေကြားက စိတ်ဓာတ်ပြင်းထန်မှုတွေကို လက်မလွှတ်တမ်းကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။

Billy Moore ဟာ သူ လွတ်မြောက်လာချိန်မှာ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို စာအုပ်တအုပ်ရေးသားခဲ့ပြီး ရောင်းအားအကောင်းဆုံးအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီ A Prayer Before Dawn ဟာ သူ့ရဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တကားဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်ညွှန်းဆို ပေးလိုက်ရပါတယ်။

The post လက်ဝှေ့သမားတယောက်ရဲ့ အတ္ထုပ္ပတ္တိ (သို့) A Prayer Before Dawn (2017) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ