Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပျောက်ဆုံးနေတဲ့ သရုပ်ဆောင် ဟန်လင်းသန့်ကို တွေ့ရှိသူများအား ဆုကြေးပေးမည်ဟု ကြေညာ

$
0
0

“မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ဟန်လင်းသန့်က ဇာတ်ကား မိတ်ဆက်ပွဲကို မလာရောက်ခဲ့ဘဲ ပျောက်နေကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Facebook Page ကနေ ကြေညာထားပါတယ်။

“ပရိတ်သတ်တွေမေးနေတဲ့ မေးခွန်းတွေက ထောင်သောင်းမက ဖြစ်နေပြီ။ Red Carpet – Press Show ပွဲတက်တာလည်း မတွေ့ဘူး။ အနုပညာလှုပ်ရှားမှုတွေလည်း ဘာမှလုပ်တာ မတွေ့ရဘူး။ အနုပညာသည် ဘဝကို တသက်လုံး စွန့်လွှတ်လိုက်ပြီလား။ ချစ်တဲ့ ပရိတ်သတ်ကြီးကလည်း အားပေးနေမှာ မလို့ ယခု Post ကို တွေ့မိတဲ့ အခါ ဟန်လင်းသန့်ကို အမြန်ဆုံး ဆက်သွယ် ပေးစေချင်ပါတယ်” လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

“We love Han Lin Thant Group အနေနဲ့လည်း တတ်နိုင်သမျှ ဟန်လင်းသန့်ရဲ့ သတင်းမှန်သမျှကို အသိပေးသွားဖို့ တိုက်တွန်း လိုက်ပါတယ်။ ဟန်လင်းသန့် ချစ်ပရိတ်သတ်ကြီးကိုလည်း အကူအညီ တောင်းချင်ပါတယ်။ တွေ့အောင်ရှာပေးနိုင်တဲ့ သူအတွက် မျှော်လင့်မထားလောက်တဲ့ မေတ္တာ ဆုကြေးပေးအပ်သွားမှာပါ’’လို့ ရေးသားထားပါတယ်။

သရုပ်ဆောင် ဟန်လင်းသန့်ကလည်း We love Han Lin Thant Group ကနေတဆင့် live လွှင့်ပြီး သူ့အနေနဲ့ အနုပညာ အလုပ်တွေ မလုပ်တော့တဲ့အကြောင်း လက်ရှိမှာလည်း သူဟာ လက်ရှိမှာ နေကောင်း ကျန်းမာစွာရှိတဲ့အတွက် ပရိသတ်တွေ စိတ်မပူဖို့ ပြောထားပါတယ်။

“ကျနော် အနုပညာအလုပ်ကို ဆက်လုပ်ဖို့ အစီအစဉ် မရှိတော့တဲ့ အတွက် ကျနော် လက်မှတ် ထိုးပွဲကိုလည်း လာဖြစ်မှာ မဟုတ်ပါဘူး။ ကျနော့်ကို စောင့်နေကြမှာစိုးလို့ အသိပေးတာပါ ခင်ဗျာ။ ကျန်းကျန်းမာမာလည်း ရှိပါတယ်။ အားလုံးလည်း အဆင်ပြေပါတယ်”လို့ ဟန်လင်းသန့်က သူရဲ့ live မှာ ပြန်လည် ပြောထားပါတယ်။

သရုပ်ဆောင် ဟန်လင်းသန့်ဟာ MRTV-4 မှ ထုတ်လွှင့်ခဲ့တဲ့ “ထာဝရ မန္တလေး” ဇာတ်လမ်းတွဲမှ စတင်ကာ ပရိသတ်များ အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး ရုပ်ရှင်ကားများအနေနဲ့ “ဘယ်ရည်းစားကို အချစ်ဆုံးလဲ” နဲ့ “ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင်တို့မှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။

The post ပျောက်ဆုံးနေတဲ့ သရုပ်ဆောင် ဟန်လင်းသန့်ကို တွေ့ရှိသူများအား ဆုကြေးပေးမည်ဟု ကြေညာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)