Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“တကိုယ်တော်အခွေမှာ ရဲရင့်အောင်ကဘာလဲ ဆိုတာ သိအောင်ချပြဖို့ရှိတယ်”

$
0
0

တကိုယ်တော်သီချင်းခွေမထွက်တာ ကြာပြီဖြစ်တဲ့ အဆိုတော်ရဲရင့်အောင်ကတော့ အမြန်ဆုံးထွက်နိုင်အောင် ကြိုးစားနေပြီး လောလောဆယ်မှာတော့ အခွေလုပ်နေရင်း သီချင်းတွေနဲ့တိုင်ပတ်နေတယ်လို့ ပြောပါတယ်။

“သီချင်းအသစ်တွေ လုပ်နေတယ်။ ပရိသတ်တွေဆီ မရောက်သေးတာပေါ့။ အခွေလုပ်ရင်းနဲ့ သီချင်းတွေနဲ့ တိုင်ပတ်နေတယ်။ အခွေက ထွက်ချင်နေပြီ။ အချိန်ကောင်းဆိုတာထက် သီချင်းတွေပေါ်မှာ စိတ်ကျေနပ်မှု ကောင်းကောင်းရမယ့် အချိန်ကိုစောင့်နေတာပါ” လို့ ရဲရင့်အောင်က ပြောပါတယ်။

နောက်ထပ်ထွက်ရှိလာမယ့် သူ့ရဲ့တကိုယ်တော်အခွေမှာတော့ “ရဲရင့်အောင်ဘာလဲ” ဆိုတာကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့အတွေးနဲ့ နေတတ်တဲ့ပုံစံတွေ မြင်ရမယ်လို့ ပြောပါတယ်။

“ဒီအခွေဖန်တီးနေစဉ်အတွင်း ရဲရင့်အောင်ဘာလဲဆိုတာ သိရမှာပါ။ ဘာဖြစ်လို့လဲဆိုရင် အဲဒီအခွေထဲက သီချင်းတွေက ကျနော်ပဲ။ ကျနော်တွေးတတ်တဲ့အတွေး ၊ ကျနော်နေတတ်တဲ့ပုံစံတွေပဲ လုပ်ထားတာဆိုတော့ ကျနော့်ကို မြင်ရမှာပေါ့” လို့ ရဲရင့်အောင်က ပြောပါတယ်။

ချစ်သူဖြစ်တဲ့ ဧငြိမ်းဖြူနဲ့ အကြောင်းတွေလည်း ရဲရင့််အောင်က အခုလိုပြောပြခဲ့ပါသေးတယ်။

“ကျနော်တို့ ၂ ယောက်မှာ ကျနော်က အမြဲတမ်း လူကြီးမဆန်ဘူး။ ပြဿနာတခုခုဖြစ်သွားရင် ကျနော်ကလူကြီးဆန်သွားတယ်။ ကျန်တဲ့အချိန်တွေဆို ကျနော်က ငပေါကြီး။ သူ့ကပြောစကား နားမထောင်ဘူး။ အစားအစာတခုကို စားလိုက်လို့ မကောင်းမှန်း သူသိပေမယ့် ဒါပေမယ့်သူစားတယ်။ ပြောလို့မရဘူး။ ပြီးရင်ဖြစ်ပြီ။ စိတ်တော့ပူတာပေါ့။ မတတ်နိုင်ဘူး။ တချို့ကိစ္စတွေက လျော်လို့ရပေမယ့် သူနားမထောင်ဘူးဆိုရင် တချို့ဟာတွေက ပြဿနာတက်တာပေါ့” လို့ရဲရင့်အောင်က ပြောပါတယ်။

ရဲရင့်အောင်ကတော့ သူ့ရဲ့ တကိုယ်တော်အခွေအတွက်လည်း အာရုံစိုက်ပြီးလုပ်နေပြီး ၁၀ လပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

The post “တကိုယ်တော်အခွေမှာ ရဲရင့်အောင်ကဘာလဲ ဆိုတာ သိအောင်ချပြဖို့ရှိတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ