Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တောင်ပေါ်စာ မုန်ညင်းပေါင်း

$
0
0
မုန်ညင်းပေါင်း

တောင်ပေါ်စာ မုန်ညင်းပေါင်း

ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။ ဟင်းချက်တာဟာ အမျိုးသမီးတွေရဲ့ အလုပ်လို့ တချို့က ထင်တတ်ပေမယ့် တကယ်တော့ အမျိုးသမီးရယ်၊ အမျိုးသားရယ်မဟုတ်ဘဲ ဝါသနာပါသူတိုင်းအတွက်တော့ စွဲလမ်းပျော်ရွှင်စရာကောင်းတဲ့ အလုပ်တခု ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ဧရာဝတီရဲ့ အနုပညာကဏ္ဍမှာ ဟင်းချက်ခြင်း အနုပညာကို စာဖတ်သူတွေ စနေ အားလပ်ရက်မှာ ဖတ်ရှုလေ့လာနိုင်အောင် ချက်နည်းပြုတ်နည်း တမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လျှာရင်းမြက်အောင် ဘာဟင်းချက်ရလဲ စဉ်းစားနေသူတွေ အတွက်ကော၊ နိုင်ငံတကာမှာ ဘာကြောင့် ဒီဟင်းတွေဟာ နာမည်ကြီး ထိုးဖောက် နိုင်တာလဲဆိုတာပါ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ (အယ်ဒီတာ)

ကျနော်တို့ တောင်ပေါ်မြို့ကလေးမှာ တနှစ်ပတ်လုံး ရှိတတ်တဲ့ အစားအသောက် တမျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နေ့လယ်ခင်း အစာပြေစားဖို့၊ သူငယ်ချင်းတွေနဲ့ အပျင်းပြေ ထွက်ပြီး စားလေ့ရှိကြတဲ့ မုန်ညင်းပေါင်းပါ …။

မိုးအကုန် ဆောင်းအကူး ဒီလိုကာလ ရာသီမှာ မုန်ညင်းတွေ လှိုင်လှိုင် ပေါများချိန် (ဒါမှမဟုတ်) အဖူးအညွန့်တွေ ထွက်ချိန်ဆို ပိုပြီးတော့ … အရသာ ကောင်းမွန်ပါတယ် …။ ရောင်းတမ်း ကတော့ … တစည်းစာ လေးတွေကို နှီးနဲ့ချည်ပြီး ပေါင်းပေမယ့် … အိမ်မှာစားမယ် ဆိုရင်တော့ ၀ါးနှီးမချည်ဘဲလည်း ပေါင်းလို့ရပါတယ် …။

မုန်ညင်းပေါင်း အတွက် ပါဝင်ပစ္စည်းများ …

အဖူးအညွန့် ပါတဲ့ မုန်ညင်းစိမ်း – ၅ စည်း (နုတဲ့ အပိုင်းတွေကိုသာ ရွေးချယ် သန့်စင်ထားရန်)
ဆန်မှုန့်အစိမ်း – ၂၀ ကျပ်သား
ပဲမှုန့်အစိမ်း – အနည်းငယ်
မြေပဲစိမ်း – ၁၀ ကျပ်သား (အခွံကျွတ်ရုံ လှော်ပြီး လုံးချမ်းကွဲ ထောင်းထားရန်)
ရှမ်းပဲပုတ် -  ၂ ချပ် (မီးကင်ပြီး မှုန့်နေအောင် ထောင်းရန်)
ချင်းနဲ့ ကြက်သွန်ဖြူ – အနည်းငယ် (ရောပြီးညက်နေအောင် ထောင်းရန်)
ခရမ်းချဉ်သီး – ၃ လုံး (ပါးပါးလှီးထားရန်)

တွဲဖက်စားရန်
*********

ကြက်သွန်ဖြူ – ၁၅ တက် (မညက်တညက် ထောင်းပြီး ဆီချက် ချက်ထားပါ)
ငရုတ်သီးခြောက် – လက်တဆုပ် (မီးအေးအေးနဲ့ လှော်ပြီးထောင်း၊ ထောင်းပြီး ရလာတဲ့ အမှုန့်ကို နှမ်းအနည်းငယ် ရောကာ အပေါ်က ဆီပူပူလောင်းချပါ)

သန့်စင်ထားသော မုန်ညင်းတွေကို ရေးစင်အောင် ဆေးပြီး စစ်ထားပါ၊ တယောက်စာ အစည်းလေးတွေ လုပ်ချင်ရင် ၀ါးနှီးလေးနဲ့ ချည်နှောင်ပါ။

ဇလုံတခု ထဲမှာ … ဆန်မှုန့်၊ ပဲမှုန့်၊ ပဲပုပ်ထောင်း၊ မြေပဲ၊ ခရမ်းချဉ်သီး၊ ဆား၊ ပာင်းခတ်မှုန့် အားလုံးနဲ့ ရေကို (ပထမ သင့်တော်ရုံ) ထည့်ပြီး ရောနှယ်ပါ…။

မုန်ညင်းစည်းတွေကို မုန့်နှစ်ရည်ထဲ ထည့်လူးကြည့်ပါ …၊ ပြည့်ဝစွာ မဖုံးအုပ်မိဘူးဆိုရင် ရေအနည်းငယ် ထပ်ဖြည့်ပါ (မှတ်ချက် – တခါတရံ မုန်ညင်း ရေစစ်တာမှာ ရေကျန်နေရင် မုန့်နှစ်ရည် ကျဲသွားတတ်တာကြောင့် ဖြစ်ပါတယ်)။

မုန့်နှစ်ရည် ကောင်းမွန်စွာ လူးထားတဲ့ မုန်ညင်းစည်းလေးတွေကို ပေါင်းချောင်ထဲမှာ သေသေချာချာ စီထည့်ပါ …၊ အငွေ့ပြည့်ဝစွာ ရရှိဖို့ မုန်ညင်းစည်း ကြားတွေထဲမှာ အပေါက်ဖောက် ပေးပါ။ အငွေ့လုံစေဖို့ အဖုံးကို သေချာစွာ ပိတ်ပြီး … မိနစ် ၂၀ ကနေ ၂၅ မိနစ်အတွင်း ပေါင်းပါ။

သတိပြုရမှာကတော့ ပေါင်းတဲ့ နည်းလမ်းမှာ အငွေ့ ကောင်းမွန်စွာရဖို့၊ ပေါင်းအိုးအတွင်း အငွေ့ လုံနေဖို့ အထူး အရေးကြီးပါတယ် …။

ရလာတဲ့ မုန်ညင်းပေါင်းစည်း လေးတွေကို ကပ်ကြေးနဲ့ ညှပ်ပြီး ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက် … နှစ်သက်ရာ အကြော်စုံတို့နဲ့ တွဲဖက် စားသုံးနိုင်ပါပြီ …။

The post တောင်ပေါ်စာ မုန်ညင်းပေါင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)