Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တကိုယ်တော်ခွေကို Idol လေးဖြူနဲ့ တိုင်ပင်ပြီး လုပ်ချင်တဲ့ နေခန့်မင်းသစ်

$
0
0

Myanmar Idol Season 3 သီချင်းဆို ပြိုင်ပွဲ Top 3 Finalist ထဲမှာ မပါဝင်ခဲ့ပေမယ့် ပရိသတ် သတိထားမိသွားတဲ့ နေခန့်မင်းသစ်က သူ့ဝါသနာအတိုင်း အနုပညာခရီးကို ဆက်လျှောက်လှမ်းဖို့ ပြင်ဆင်နေပါပြီ။ တကိုယ်တော်ခွေ အတွက် ဘယ်လိုလူမျိုးနဲ့ တိုင်ပင်ပြီး လုပ်ချင်လဲဆိုတဲ့ အမေးကို နေခန့်မင်းသစ်က “ကျနော့် Idol ကတော့ ဦးလေးဖြူပေါ့။ ဒါပေမယ့် သေချာတာက သူနဲ့တော့ တိုင်ပင်ခွင့်ရမှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

“ကျနော် သီချင်းတွေလုပ်ဖို့ စီစဉ်မှာပါ။သီချင်းတွေ ရွေးရဦးမယ်ဆိုတော့ ကြာတော့ ကြာဦးမယ်။ အခုစပြီး သီချင်းတွေ စုနေပါပြီ။ ချက်ချင်း အလောတကြီး ထွက်ဖို့တော့ အစီအစဉ် မရှိပါဘူး။ ကျနော့်အကြိုက် တေးရေးတွေရဲ့ သီချင်းတွေကိုပဲ သုံးမှာဖြစ်လို့ ကြာချင်လည်း ကြာသွားနိုင်တယ်။ ကျနော့် စိတ်တိုင်းကျ ဖြစ်တဲ့အထိ လုပ်သွားမှာပါ။ ကျနော် သဘောကျတဲ့ တေးရေးဆရာတွေပေါ့။ အခုမှစပြီး စီစဉ်နေတာ ဖြစ်လို့ သေချာရင် ထပ်ပြောပြပါ့မယ်”လို့ နေခန့်မင်းသစ်က ပြောပါတယ်။

ဆံပင်ရှည်ရှည်၊ ဖြူဖြူနွဲ့နွဲ့ပုံစံနဲ့ နေခန့်မင်းသစ်ကို နွဲ့တယ်လို့ မြင်ကြတဲ့ အပေါ်ကိုလည်း “ကျနော်က မကတတ်ဘူးဗျ။ ကရမှာကို အရမ်းရှက်တယ်။ အဲဒီနေ့က မကတတ်၊ ကတတ်ကို ရှက်ရှက်နဲ့ ကလိုက်ရတာ။ နွဲ့တယ်လို့ မြင်တာကိုလည်း ဘာမှတော့ ပြောစရာ မရှိပါဘူး။ ဒါပေမယ့် ကျနော် ယောကျာ်းစစ်ပါတယ်။ ကျနော့်မှာ ချစ်သူ ရှိပါတယ်” လို့ နေခန့်မင်းသစ်က ဆိုပါတယ်။

မအောင်မြင်ခင် ချစ်သူရှိတယ်လို့ ကြော်ငြာလိုက်တာကြောင့် ပရိသတ် မရှိမှာကိုလည်း နေခန့်မင်းသစ်က စိတ်မပူဘူးလို့ ပြောပါတယ်။ “ကျနော့် ပရိသတ်တွေက လူကို အားပေးတာ မဟုတ်ပါဘူးဗျာ။ ကျနော့် အနုပညာကို အားပေးတာဆိုတော့ အေးဆေးပါပဲ”လို့ ဆိုပါတယ်။

တကိုယ်တော် မထွက်ခင် ပရိသတ်နဲ့ အဆက်မပြတ်စေဖို့ အွန်လိုင်းမှာ သီချင်းတွေ တင်ဖို့ မရှိဘူးလို့လည်း ဆိုပါတယ်။ “မရှိပါဘူးဗျ။ ကျနော်က အဲဒီလို မကြိုက်ဘူး။ ပရိသတ်ကို နည်းနည်းလေးစီ ပေးနေတာမျိုး မလုပ်ချင်ဘူး။ ကျနော့် အာစရိ ကိုဖော်ကာ ပြောသလိုပေါ့။ အခု လောလောဆယ်တော့ မြိုချထားတယ်။ ပြီးတော့မှ အကုန်လုံးကို အန်ချမှာ။ အဲလိုမျိုး လုပ်မှာ”လို့ နေခန့်မင်းသစ်က ပြောပါတယ်။

Myanmar Idol Season 3 ရဲ့ Top 11 ပြိုင်ပွဲဝင် နေခန့်မင်းသစ်ကတော့ ဝါဆိုသင်္ကန်း အလှူကို သူ့ရဲ့ ပရိသတ်တွေနဲ့ အတူ ကပ်လှုရင်း ပရိသတ်များနဲ့ တွေ့ဆုံပွဲလည်း လုပ်ခဲ့ပါတယ်။ “ပြိုင်ပွဲပြီးသွားပေမယ့် မမေ့ဘဲ ကျနော့်ကို ဒီနေ့အထိ အားပေးနေကြတဲ့ ပရိသတ်တွေကို ကျေးဇူး အများကြီးတင်ပါတယ်။ ဘယ်တော့မှ မမေ့ပါဘူးလို့”လို့ နေခန့်မင်းသစ်က ပြောပါတယ်။

The post တကိုယ်တော်ခွေကို Idol လေးဖြူနဲ့ တိုင်ပင်ပြီး လုပ်ချင်တဲ့ နေခန့်မင်းသစ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ