Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဟောလိဝုဒ်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းတာ လုံးဝ မခံခဲ့ရကြောင်း ရှာရွတ်ခန်း ဖွင့်ပြော

$
0
0

ဘောလိဝုဒ်စတား ရှာရွတ်ခန်းကတော့ သူဟာ မင်းသမီး Priyanka Chopra ၊ မင်းသား Irrfan ၊ Anupam Kher နဲ့ မင်းသားကြီး အမီတာဘဂျမ်းတို့လိုမျိုး ရုပ်ရှင်အနုပညာလောကထဲက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလို ဟောလိဝုဒ်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းတာ လုံးဝ မခံခဲ့ရကြောင်း မကြာသေးမီကပဲ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

သူက ဟင်ဒီစကားပြောရုပ်ရှင်တွေကို တကမ္ဘာလုံးမှာ ထိုးဖောက်စေချင်ပြီးတော့ နိုင်ငံတကာ စံနှုန်း တခုကိုလည်း ရရှိစေချင်တယ်လို့ Economic Times သတင်းစာကို ပြောကြားခဲ့ပါတယ်။

သူ့ကို ရုပ်ရှင်တခုမှာ သရုပ်ဆောင်စေဖို့ ဟောလိဝုဒ်ရုပ်ရှင်လောကက စဉ်းစားခဲ့ပါသလားဆိုတဲ့ မေးခွန်းကိုတော့ သူက “သူတို့ ကျနော့်ကို ကြည့်ရပါမယ်။ ကျနော်က သူတို့ကို ကြည့်မနေနိုင်ပါဘူး။ ကျနော် လမင်းကို နေ့တိုင်းကြည့်နေပေမယ့် ကျနော်အဲဒီကို မရောက်နိုင်ပါဘူး။ Om Puriji နဲ့ စတင်ခဲ့တာပါ။ အခုတော့ Priyanka, Irrfan နဲ့ တခြားသူတွေလည်း လုပ်နေကြပါပြီ”

“မင်းသား Nawazuddin Siddiqui လည်း ရုပ်ရှင်တွေ ရိုက်နေပါတယ်။ Amitji (အမီတာဘဂျမ်း) ကလည်း ရိုက်နေပါတယ်။ Anupam Kher လည်း ရိုက်နေပါတယ်။ အရမ်း အံ့သြဖို့ကောင်းပါတယ်။ ဒါပေမယ့် ကျနော့် အဲဒီလိုအခွင့်အရေး မရခဲ့သေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

မင်းသားက သူ့အနေနဲ့ အားနည်းတဲ့အပိုင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ သူက “ကျနော်က ကောင်းကောင်း လုပ်နိုင်ပါ့မလားဆိုတာ မသိပါဘူး။ ကျနော့် အင်္ဂလိပ်စကား အားနည်းတယ်လို့ ကျနော် ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

မင်းသား ခန်းက ဟောလိဝုဒ်မင်းသား Tom Cruise အနေနဲ့ ဟင်ဒီစကား ပြောရုပ်ရှင်တခုမှာ ပါဝင်ချင်ပါတယ်လို့ တောင်းဆိုလာခဲ့ရင် အဲဒီအခွင့်အရေး တရပ်ကို ပေးချင်တဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

“ကျနော့်ရဲ့ ကိုယ်ပိုင်ကြိုးပမ်းချက်က အဲဒီလိုမျိုး အဆင့်မှာ အိန္ဒိယရုပ်ရှင်တွေကို ဖန်တီး လိုတာပါ။ ထပ်ပြီးတော့ တခြားသူတွေရရှိထားတဲ့ ကောင်းမွန်မှုတွေကိုလည်း ဖယ်ရှားပစ်မှာ မဟုတ်ပါဘူး။ ကျနော် Tom Cruise ကို ပြောချင်တာက ဟင်ဒီရုပ်ရှင်တခုမှာ သရုပ်ဆောင်ဖို့ အခွင့်အရေး တခု ပေးချင်ပါတယ်။ အဲဒါက ထူးခြားမှာပါ။ ဒါရိုက်တာ Christopher Nolan က အိန္ဒိယမှာ သူနဲ့အတူ ဖန်တီးချင်တဲ့ ထုတ်လုပ်သူတယောက်ရှိတယ်လို့ ပြောမှာပါပဲ။ အဲဒါလည်း ဖြစ်လာမှာပါ” လို့ မင်းသားခန်းက ပြောကြားခဲ့ပါတယ်။

မင်းသား ရှာရွတ်ခန်းဟာ လာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာရုံတင်မှာဖြစ်ပြီး ဒါရိုက်တာ Aanand L Rai ရိုက်ကူးထားတဲ့ Zero ရုပ်ရှင်မှာလည်း သရုပ်ဆောင်ထားပါတယ်။

Ref: indianexpress

The post ဟောလိဝုဒ်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းတာ လုံးဝ မခံခဲ့ရကြောင်း ရှာရွတ်ခန်း ဖွင့်ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ