Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ငှက်ပျောသီး လို့ စနောက်ပြီးအခေါ်ခံခဲ့ရဖူးတဲ့ မင်းသမီး Michelle Yeoh

$
0
0

မလေးရှားနွယ်ဖွား မင်းသမီး Tan Sri Michelle Yeoh က တရုတ်အစစ်မဟုတ်တဲ့အတွက် နောက်ပြောင်ပြီး အခေါ်ခံခဲ့ ရဖူးတဲ့အကြောင်း Sinchew Daily သတင်းမှာ ဖော်ပြထားပါတယ်။

ဖျော်ဖြေရေးအစီအစဉ်တခုဖြစ်တဲ့ BUILD Series မှာ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုအတွင်းမှာ သူက အဲဒီလိုမျိုး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ အချစ်ဟာသဇာတ်မြူးရုပ်ရှင် Crazy Rich Asians ကို ပရိုမိုးရှင်းပြုလုပ်ဖို့အတွက် အတူတွဲဖက် သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Awkwafina, Ken Jeong နဲ့ Henry Golding တို့နဲ့ အတူ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသမီး Michelle က “ကျမ ပထမဆုံး ဟောင်ကောင်ကို သွားတုန်းက ကျမက မလေးရှားမှာ ကြီးပြင်းခဲ့တဲ့တာ ဖြစ်တဲ့ အတွက် တရုတ်အစစ်လို့ ကျမကို သူတို့က မမြင်ကြပါဘူး။ ကျမ တရုတ်လို ဘယ်လိုရေးရလဲ မသိပါဘူး။ တရုတ်လို လည်း ကောင်းကောင်း မပြောတတ်ခဲ့ပါဘူး” လို့ ပြောပါတယ်။

အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ စားသောက်ဆိုင်တခုကို သွားခဲ့တုန်း က အင်္ဂလိပ်အစားအသောက်စာရင်းကို တောင်းခဲ့ရတဲ့ အဖြစ်အပျက် တခုကိုလည်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။

သူက “တူကို ဘယ်လိုသုံးရလဲ ကျမ မသိခဲ့ပါဘူး။ ကျမရဲ့ အကန့်အသတ်ရှိတဲ့ ကန်တုံ ဘာသာစကားနဲ့ လူတွေက ကျမက လူ မဟုတ်ဘူး။ နိုင်ငံခြားသား မကောင်းဆိုးရွားဆိုပြီး ခေါ်ဝေါ်သမုတ်တာကို ကျမ ကြားခဲ့ရပါတယ်။ သူတို့က ကျမကို ငှက်ပျောသီးလို့ ခေါ်တယ်လေ။ တရုတ်နဲ့ တူပေမယ့် တရုတ်လို မနေလို့တဲ့” လို့ ပြောပါတယ်။

မင်းသမီး Michelle ဟာ မကြာသေးမီကပဲ SK Global Entertainment ထုတ်လုပ်ရေး ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုး ခဲ့ပါသေးတယ်။ အဲဒီကုမ္ပဏီကနေ တဆင့် မင်းသမီးဟာ ထုတ်လုပ်ရေး၊ ရိုက်ကူးရေးနဲ့ သရုပ်ဆောင်မှုအခွင့်အရေးတွေ ရရှိမှာလည်း ဖြစ်ပါတယ်။

မလေးရှားနိုင်ငံသူ မင်းသမီး Michelle ဟာ in “The Heroic Trio”၊ “Tai Chi Master” နဲ့ “Wing Chun” ရုပ်ရှင်တွေနဲ့ သိုင်းရုပ်ရှင်တွေကို စတင်ရိုက်ကူးခဲ့ပါတယ်။ သူ့ရဲ့ နာမည်ကျော် ရုပ်ရှင်တွေထဲမှာ ဒါရိုက်တာ အန်းလီရိုက်ကူးတဲ့ “Crouching Tiger, Hidden Dragon” အပါအဝင် “Tomorrow Never Dies” နဲ့ “Guardians of the Galaxy Vol. 2” ရုပ်ရှင်တို့မှာလည်း ပါဝင်သရုပ်ဆောင်ထား သူဖြစ်ပါတယ်။

Ref:asiaone

The post ငှက်ပျောသီး လို့ စနောက်ပြီးအခေါ်ခံခဲ့ရဖူးတဲ့ မင်းသမီး Michelle Yeoh appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ