Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“လူထု မလှုပ်တော့ရင် ဗီဒီယိုဈေးကွက် ပျက်တာပဲ”လို့ ဆိုလိုက်တဲ့ ဗေလုဝ

$
0
0

တလကို ဇာတ်ကားတကား ပုံမှန်ရိုက်နေတဲ့ ဟာသ သရုပ်ဆောင် အကယ်ဒမီ ဗေလုဝက ” “နာနာဘာဝချစ်သူ” ဇာတ်ကားမှာ သင်္ဘောသား တယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး ထိုင်းမင်းသမီးနဲ့ သရုပ်ဆောင်ရတာ အဆင်ပြေပါတယ်လို့ ပြောပါတယ်။

“ကျနော် သဘောင်္သား ကာရိုက်တာ မလုပ်ဖူးတဲ့ ကာရိုက်တာလေးနဲ့ ‘နာနာဘာဝချစ်သူ’ ကားမှာ သရုပ်ဆောင်ထားပါတယ်။ သဘောင်္သားနာမည်ကြီးတဲ့ ကာလက အိမ်တွေ တိုက်တွေ ဝယ်နိုင်တယ်ဆိုတဲ့ ကာလက အဲ့ကာရိုက်တာကို သရုပ်ဆောင်ထားတာပါ။ ထိုင်းမင်းသမီးနဲ့ သရုပ်ဆောင်ရတာက သူက ဝိညာဉ်အနေနဲ့ လာရတဲ့ ပုံစံမျိုးဆိုတော့ အဆင်ပြေပါတယ်။ သူကြောက်၊ ကိုယ်ကြောက် ကြောက်နေကြတာကိုး” သရုပ်ဆောင် ဗေလုဝက ပြောပါတယ်။

“အခု လတ်တလောတော့ ရေဘေးတွေလှူနေတယ်။ ဇာတ်ကားတွေ ရိုက်နေတယ်။ ၁ လ တကားတော့ ရိုက်ပါတယ်။ ဗီဒီယိုဈေးကွက် ပျက်တာတော့ ဘယ်လိုပြောမလဲ ကောင်းကောင်း မလုပ်ကြလို့ ကောင်းကောင်း ပျက်သွားတာပေါ့။ ကောင်းကောင်းလုပ်ရင် ကောင်းကောင်း ကျန်ခဲ့မှာပေါ့။ ဗီဒီယိုဈေးကွက်က ပျက်ကိုပျက်သွားတာ” လို့ ဗေလုဝက ဆိုပါတယ်။

“လူထု မလှုပ်တော့ရင် ပျက်တာပဲ။ လူထုက ဒီပေါ်မှာ အာရုံလေးတခု ရှိနေမယ်ဆိုရင် ရေရှည် တည်တံ့တာပေါ့။ အဖြစ်တွေများရင် ပျက်သွားတာပဲ။ ဒါကြီးပျက်သွားတော့ အခြေခံအလွှာတွေ အကုန် ပျက်သွားတာပဲ။ ကျနော်တို့ ခေတ်တုန်းက မကောင်းကောင်းအောင် ဝိုင်းလုပ်ကြတာပေါ့။ အခုက တခြံထဲနဲ့ ဇာတ်ကားကပြီး သွားတော့ လူထုက အရသာ မရှိတော့ဘူး။ လူထုလက်မခံရင် နိုင်ငံရေး၊ စီးပွားရေး အကုန်ပျက်တာပဲ” လို့ ဗေလုဝက ပြောပါတယ်။

ဆက်လက်ပြီး သူက “ရုပ်ရှင်လောကမြှင့်တင်ဖို့ကတော့ စိတ်ဓာတ်တွေ၊ ခွန်အားတွေ ပြောင်းလဲ သွားရင်တော့ တိုးတက်မှာပေါ့။ စူးစမ်းရှာဖွေချင်ရင်၊ တိုးတက်စေချင်ရင်၊ တယောက်တည်းနဲ့ မရဘူး။ လောကသားအားလုံး အဲ့စိတ်ကြီးတွေ ရောက်တဲ့ တနေ့ဟာ အောင်မြင်မှာပါ။ နိုင်ငံအရေးကို စိတ်ဝင်စားတာပါ။ နိုင်ငံ ကောင်းစေချင်တာပါ။ ကျနော် နိုင်ငံရေးမှ မလုပ်တတ်တာ”လို့ ဆိုပါတယ်။

အကယ်ဒမီဆုရှင် ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဇာတ်ကားများစွာ ရိုက်ကူးနေပြီး “နာနာဘာဝချစ်သူ” ဇာတ်ကားမှာ ထိုင်းမင်းသမီး ပတ်ချာရာထူသောင်နဲ့ အတူ အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။

The post “လူထု မလှုပ်တော့ရင် ဗီဒီယိုဈေးကွက် ပျက်တာပဲ” လို့ ဆိုလိုက်တဲ့ ဗေလုဝ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ