Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မုန်တိုင်းကြောင့် Backstreet Boys နဲ့ 98 Degrees တို့ရဲ့ ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရ

$
0
0

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်မှာ ပြုလုပ်မယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ထင်ရှားခဲ့တဲ့ Backstreet Boys နဲ့ 98 Degrees အဖွဲ့တို့ရဲ့ အမိုးဖွင့်ဖျော်ဖြေပွဲဟာ အဲဒီဒေသမှာ အပြင်းစားမုန်တိုင်း တခု တိုက်ခတ်ခဲ့လို့ လူ ၁၄ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် သြဂုတ်လ ၁၈ ရက်နေ့မှာ ဖျက်သိမ်းလိုက်ရတယ်လို့ ပွဲစီစဉ်သူတွေ ကဆိုပါတယ်။

Backstreet Boys အဖွဲ့က “ကျနော်တို့ရဲ့ ပရိသတ်တွေ ထိခိုက်စေမယ့်လမ်းကို ဘယ်တော့မှာထားရှိမှာ မဟုတ်ပါဘူး။ ဒီနေ့ရဲ့ ရာသီဥတုနဲ့ အစောပိုင်း ဒဏ်ရာရရှိမှုတွေကြောင့် ကျနော်တို့ဟာ ဖျော်ဖြေပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး အချိန်ဇယားပြန်ဆွဲဖို့ ကြိုးစားသွားမှာပါ” လို့ အဖွဲ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အိုကလာဟိုးမားစီးတီးမြို့တောင်ဘက် မိုင် ၁၃၀ နီးပါးအကွာမှာရှိတဲ့ Thackerville က အပန်းဖြေစခန်းနဲ့ WinStar World Casino တို့မှာကျင်းပမယ့် လက်မှတ်ကုန်အောင်ရောင်းချခဲ့ရတဲ့ပွဲ တက်ရောက်မယ့် ပရိသတ်တွေကို ကာစီနိုရဲ့ လေးမိုင် ပတ်လည်အတွင်းမှာ မိုးကြိုးပစ်မှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ အမိုးအကာ အောက်မှာ နေကြဖို့ ဆော်သြခဲ့ကြရပါတယ်။

ဒါပေမယ့် လူ ၁၅၀ လောက်ကတော့ သတိပေးချက်တွေကို လျစ်လျူရှုခဲ့ကြပြီး ပွဲအတွက် ဆက်လက် တန်းစီစောင့်ဆိုင်း နေခဲ့ကြပါတယ်။ အပန်းဖြေစခန်း အရာရှိတွေက “ညနေ ၅ နာရီခွဲလောက်မှာ မုန်တိုင်းဟာ တနာရီ လေတိုက်နှုန်း မိုင် ၇ဝ – ၈၀ ၊ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဖျော်ဖြေပွဲ အဝင်အကာအရံတွေကို တိုက်ခတ်ခဲ့ပါတယ်” လို့ ကြေညာချက်တ ခုထဲမှာ ပြောဆိုခဲ့ပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဖျော်ဖြေပွဲမြင်ကွင်း

အဲဒီအခင်းဖြစ်ပွားရာနေရာမှာ လူ ၁၄ ဦးကို ပြုစုကုသခဲ့ရပြီး ဒေသဆိုင်ရာဆေးရုံတွေဆီ ခေါ်ဆောင်သွားခဲ့ကြပါတယ်။ လူ နှစ်ဦးကတော့ ဆေးရုံကနေဆင်းသွားပြီလို့ တာဝန်ရှိသူတွေကဆိုပါတယ်။ “I Want It That Way” နဲ့ “Everybody (Backstreet’s Back)” အစရှိတဲ့သီချင်းတွေနဲ့ နာမည်ကျော်ကြားတဲ့ The Backstreet Boys နဲ့ “I Do (Cherish You)” အစရှိတဲ့အချစ်အဆွေးသီချင်းနဲ့ နာမည်ကျော်ကြားတဲ့ 98 Degrees အဖွဲ့တို့ဟာ လူပေါင်း ၁၂၀၀၀ ကျော်ကို ဖျော်ဖြေဖို့ စီစဉ်ထားခဲ့တာပါ။

Backstreet Boys အဖွဲ့ဝင် Kevin Richardson ကတော့ မုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက် စတိတ်စင် ထိခိုက်မှုကို ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးသူတွေက စစ်ဆေးခဲ့ကြတယ်လို့ သူ့ရဲ့ Twitter အကောင့်ကနေ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီနောက် Richardson က “ကံမကောင်းစွာနဲ့ပဲ ဒီညနေ အစောပိုင်းမှာ မုန်တိုင်းကြောင့်ဖြစ်ခဲ့တဲ့ ထိခိုက်မှုတွေကြောင့် ဒီည ဖျော်ဖြေပွဲ ပြုလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဘေးကင်းလုံခြုံမှုက နံပါတ် ၁ ပါ။ Backstreet Boys အဖွဲ့က ပြန်လာဦးမှာမို့လို့ လက်မှတ်တွေကို သိမ်းထားကြပါ” လို့ ပြောကြားခဲ့ပါတယ်။

ပွဲစီစဉ်သူတွေကတော့ အဲဒီဖျော်ဖြေပွဲကို ပြန်လည်ကျင်းပသွားမှာဖြစ်ပြီး သြဂုတ် ၁၈ ရက်အတွက် ဖျော်ဖြေပွဲ လက်မှတ်တွေကို အခြားဖျော်ဖြေပွဲအသစ်တခုနဲ့ လဲလှယ်ပေးမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

98 Degrees အဖွဲ့ကတော့ “ဒီနေ့ည ဖျော်ဖြေပွဲကို ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် ဖျက်သိမ်းလိုက်ရတာကို စိတ်ပျက်မိပါတယ်။ ဒီနေ့ ဒီနေရာကို လာခဲ့ကြတဲ့သူတော်တော်များများရှိခဲ့တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အချစ်တွေအားလုံးကို ပို့သပါတယ်။ မကြာမီပြန်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: reuters

The post မုန်တိုင်းကြောင့် Backstreet Boys နဲ့ 98 Degrees တို့ရဲ့ ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ