Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖခင်ရဲ့ဝိညာဉ်နှင့်စကားပြောလိုသူ မိန်းကလေး (သို့) Veronica (2017)

$
0
0

ဒီတခါမှာတော့ IMDb rating 6.2ရရှိထားတဲ့ Drama , Horror ရုပ်ရှင်အမျိုးအစား ဇာတ်ကားကောင်းတကားဖြစ်တဲ့ Veronica နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Paco Plaza ရိုက်ကူးထားပြီး မင်းသမီး Sandra Esccacena နဲ့ ကလေးသရုပ်ဆောင်တွေဖြစ်တဲ့ Bruna Gonzalez ၊ Claudia Placer ၊ Ivan Chavero တို့က ပါဝင်သရုပ်ဆောင် ထားကြတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ၁၉၉၁ခုနှစ် မက်ဒရစ်မြို့မှာ Veronica ဆိုတဲ့ ကောင်မလေးဟာ သူ့အတန်းဖော် သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကျောင်းရဲ့ မြေအောက်ခန်းတခုထဲမှာ ဝိညာဉ်ခေါ်ကားချပ်တခုနဲ့ ဆော့ကစား ဖြစ်ခဲ့ကြပါတယ်။

Veronica ဟာ သူမအဖေရဲ့ဓာတ်ပုံကို ယူလာခဲ့ပြီး သူမအဖေနဲ့ စကားပြောဆိုချင်ခဲ့တာကြောင့်လည်း ကားချပ်ကို အသုံးချခဲ့ရခြင်းလည်းဖြစ်ပါတယ်။ တကျောင်းလုံးက ကျောင်းသူ၊ ကျောင်းသားတွေအားလုံးကတော့ ဆရာမတွေနဲ့အတူ နေကြတ်တာကို ကြည့်ဖို့စောင့်နေခဲ့ကြချိန်လည်း ဖြစ်ပါတယ်။

အပြင်မှာနေကြတ်နေတဲ့အချိန်နဲ့ Veronica တို့ ဝိညာဉ်ခေါ်ကားချပ်အသက်ဝင်လာချိန်နဲ့ တိုက်ဆိုင်သွားပြီး ဝိညာဉ်ခေါ်ရာမှာ အသုံးပြုတဲ့ ဖန်ခွက်လေးဟာ တစစီကွဲသွားခဲ့ပါတယ်။ ဖန်ကွဲစတွေက Veronica ရဲ့ လက်ကိုစူးသွားခဲ့ရာကနေ ဝိညာဉ်ခေါ်ကားချပ်ပေါ် တစက်ချင်း ကျသွားခဲ့ပြီး Veronica တယောက်လည်း လဲကျငြိမ်သက်သွားပါတော့တယ်။

ဇာတ်လမ်းရဲ့ နောက်ဆက်တွဲမှာ အမြင်အာရုံကိုလှည့်စားမှုတွေနဲ့ လက်ရှိလောကကနေ အမှောင်ဘက်လောကဆီ ဖွင့်လိုက်မိတဲ့ တံခါးချပ်ကြောင့် ဆယ်ကျော်သက် မိန်းကလေးတယောက်ရဲ့ မိမိကိုယ်ကိုအပြစ်တင်စိတ်တွေ ၊ သူမနဲ့အတူကပ်ငြိပါလာတဲ့ ဝိညာဉ်ရဲ့ ခြောက်လှန့်နှောင့်ယှက်မှုကနေ သူမရဲ့ မောင်လေးညီမလေးတွေအပေါ် ကာကွယ်လိုစိတ် ပြင်းထန်ခဲ့ပုံတွေကို ဒီဇာတ်ကားမှာ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာ ၁၉၉၁ခုနှစ် စပိန်နိုင်ငံရဲ့ နာမည်ကျော်စုံထောက်တဦးရဲ့ အမှုတခုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကောင်းတကားဖြစ်တဲ့အပြင် ထိတ်လန့်သည်းဖို ဇာတ်ဝင်ခန်းတွေလည်း အများအပြား ပါဝင်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်အတွက် ညွှန်းဆိုပေးလိုက်ရပါတယ်။

The post ဖခင်ရဲ့ဝိညာဉ်နှင့်စကားပြောလိုသူ မိန်းကလေး (သို့) Veronica (2017) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ