Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Single Mom တွေလည်း အမျိုးသားတွေနဲ့တန်းတူ စိတ်အင်အား၊ ခွန်အားတွေရှိကြတယ်”

$
0
0

သရုပ်ဆောင်တဦးလည်းဖြစ် ကျန်းမာရေးသံတမန်လည်းဖြစ်တဲ့ ပိုင်ဖြိုးသုက Single Mom တွေနဲ့ပတ်သက်ပြီး သူမရဲ့ အမြင်ကို အခုလိုဆိုပါတယ်။

“Single Mom တွေဖြစ်လာတာက နောက်ပိုင်းမှာ Culture တွေပြောင်းလာပြီးတော့ အရင်သုတို့ ငယ်ငယ်တုန်းက ဆိုရင်အိမ်ထောင်ရေးမှ မဟုတ်ဘူး။ ဘယ်အရာမဆိုတခုခုပျက်စီးရင် ပစ္စည်းလေးကအစ ဘာလေးပဲဖြစ်ဖြစ် ပြင်ပြီး ရအောင်ပြန်သုံးတယ်။ အသစ်တိုင်းပြန်မကောင်းရင်တောင် ပြန်သုံးလို့ရအောင်ပြင်သုံးကြတယ်”

“နောက်ပိုင်းကျတော့ ရုပ်ဝတ္ထုပစ္စည်းတွေလည်း ပေါလာတဲ့အချိန်မှာ တခုခုပျက်သွားရင်မပြင်တော့ဘူး။ အဲ့တာ လူတွေကြားထဲမှာ အကျင့်ဖြစ်လာတယ်လို့ ထင်ပါတယ်။ အိမ်ထောင်ရေးအပေါ်လည်း အရင်လို လေးနက်တာမျိုး တန်ဖိုးထားတာမျိုး သိပ်မရှိတော့ဘဲ အိမ်ထောင်ရေးပြိုကွဲမှုတွေ ပိုများလာတယ်။ အဲ့ဒါကြောင့် Single Mom တွေ ပိုများလာတယ်လို့ သုထင်တယ်” လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

ဒီလိုမျိုး Single Mom ဖြစ်လာကြတဲ့အတွက် အားနည်းတယ်လို့တော့ မယုံကြည်ဘဲ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူ စိတ်အင်အား၊ ခွန်အားတွေ ရှိပြီး လောကဓံကို ရင်ဆိုင်နိုင်တယ်လို့လည်းဆိုပါတယ်။

 

 

“ Single Mom ကလည်း လောကကို ရဲရဲဝံ့နဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် သားသမီးတွေကလည်း ပျော်ရွှင်တဲ့ အိမ်ထောင်ရေး ကနေလာတဲ့ သားသမီးတွေနဲ့ ထပ်တူမဟုတ်ရင်တောင် သူတို့နည်းပါးပံ့ပိုးပေးနိုင်မယ့် Single Mom တွေလို့ သုယုံကြည် တယ်’’လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ယနေ့ခေတ်မှာ လူမှုကွန်ရက်ကို လွန်ကဲစွာအသုံးပြုမှုကြောင့် Cyber Bulling (ဆိုက်ဘာအနိုင်ကျင်ခံရမှု) လုပ်ခံရသူများ ပိုမိုများပြားလာတယ်လို့လည်း ပိုင်ဖြိုးသုကဆိုပါတယ်။

‘‘ဘယ်သူမဆို ကိုယ့်ကို စိတ်ဓာတ်ကျအောင်ပြောခံရတာ များရင် Cyber Bullying ကြောင့် သတ်သေသွားတဲ့သူတွေ လည်းရှိတယ်။ ဖတ်ဖူးတယ်။ ကြုံဖူး တယ်။ Cyber Bullying ကို အနုပညာရှင်မှမဟုတ်ဘူး။ ဘယ်သူမဆို မကြုံတွေ့ စေချင်ဘူး။ အဲဒါ ကြောင့်မို့ လုံးဝပျောက်ကွယ်စေချင်ပါတယ်”

“လူတွေရဲ့ဘဝက သုတို့ခေတ်တွေမှာ ပိုပြီးခက်ခဲလာတဲ့အတွက် ကိုယ်အပြင်မှာထွက်ခွင့်မရတဲ့ ဒေါသတွေကို ဆိုရှယ် မီဒီယာမှာ ဖွင့်အန်ချသလိုဖြစ်နေ တာပေါ့’’ လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

လက်ရှိအနုပညာလှုပ်ရှားမှုအနေဖြင့် ဒါရိုက်တာ အဝေး ရိုက်ကူးသည့် “အရုပ်ကျရာဆေး စက်ထင်” ဇာတ်ကားမှာ ဂီတကို အဖော်ပြုကြီးပြင်းလာပြီး ဂီတ ဂျာနယ်မှာ အလုပ်လုပ်နေတဲ့ တေးဂီတချစ်မြတ်နိုးသူ သတင်းထောက်တဦး အနေနှင့် ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

The post “Single Mom တွေလည်း အမျိုးသားတွေနဲ့တန်းတူ စိတ်အင်အား၊ ခွန်အားတွေရှိကြတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ