Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

Forbes မဂ္ဂဇင်းရဲ့ အနုပညာကြေးအများဆုံးရ မင်းသမီးစာရင်းမှာ Scarlett Johansson ဦးဆောင်

$
0
0

ဟောလိဝုဒ်မင်းသမီးချော Scarlett Johansson ရဲ့ Marvel စူပါဟီးရိုး Black Widow ဇာတ်ကောင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အနုပညာကြေးအများဆုံးရရှိတဲ့ မင်းသမီးစာရင်းမှာ မင်းသမီး အန်ဂျလီနာဂျိုလီကို ကျော်တက်ပြီး ထိပ်ဆုံးမှာရပ်တည်စေနိုင်ခဲ့တာကို တွေ့ရပါတယ်။

အသက် ၃၃ နှစ်အရွယ် မင်းသမီး Johansson ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့အထိ အခွန်မပါဝင်ဘဲ ဝင်ငွေအဖြစ် ဒေါ်လာ ၄၀ ဒဿမ ၅ သန်းရရှိခဲ့ပြီး ယမန်နှစ်ကထက် ဝင်ငွေ လေးဆ မြင့်တက်လာခဲ့တယ်လို့ Forbes ရဲ့ တွက်ချက်မှုတွေမှာ တွေ့ရပါတယ်။

မင်းသမီးဟာ ယခုနှစ်မှာထွက်ရှိခဲ့တဲ့ “Avengers: Infinity War” ရုပ်ရှင်မှာ Black Widow အဖြစ်သရုပ်ဆောင် ထားပြီး ၂၀၁၉ ခုနှစ်မှာ ထွက်ရှိလာဦးမယ့် ရုပ်ရှင်အသစ်မှာလည်း ထပ်မံပါဝင်ထားပါတယ်။ အသက် ၄၃ နှစ်အရွယ် မင်းသမီး ဂျိုလီကတော့ ကန် ဒေါ်လာ ၂၈ သန်းဝင်ငွေ ရခဲ့ပြီး ဒါဟာ ၂၀၂၀ ခုနှစ်မှာ ရုံတင်ဖို့ စီစဉ်ထားတဲ့ “Maleficent 2” ရုပ်ရှင်ကနေ ရရှိခဲ့တဲ့ ဝင်ငွေတွေကြောင့်လည်း ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေက ထုတ်လွှင့်ခဲ့တဲ့ “Friends” ဇာတ်လမ်းတွဲကနေ ဝင်ငွေတွေ ဆက်လက်ရရှိနေသေးတဲ့ အသက် ၄၉ နှစ်အရွယ် မင်းသမီး Jennifer Aniston ကတော့ ဒေါ်လာ ၁၉ ဒဿမ ၅ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေ ပြန်ပါတယ်။ သူဟာ Coca-Cola ကုမ္ပဏီရဲ့ Smartwater အမှတ်တံဆိပ်နဲ့ Johnson & Johnson ကုမ္ပဏီရဲ့ Aveeno တံဆိပ်တို့အပါအဝင် ထုတ်ကုန်ပစ္စည်းတွေရဲ့ ကြော်ငြာတွေကနေ ဝင်ငွေ ရရှိနေတာပဲ ဖြစ်ပါတယ်။

“Mother” နဲ့ “Red Sparrow” ဆိုတဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ အသက် ၂၈ နှစ်အရွယ် မင်းသမီး Jennifer Lawrence ကတော့ X-Men ရုပ်ရှင်စီးရီးမှာ ပါဝင်ထားတဲ့ ဇာတ်ရုပ်နဲ့ ဖက်ရှင်တံဆိပ်တခုဖြစ်တဲ့ Christian Dior နဲ့ချုပ်ဆိုထားတဲ့ ကြောငြာစာချုပ်တခုကြောင့် Forbes မဂ္ဂဇင်းရဲ့ စာရင်းမှာ စတုတ္ထနေရာကနေ ရပ်တည်နေတာကို တွေ့ရပါတယ်။

သူ့ရဲ့ ဒေါ်လာ ၁၈ သန်းဝင်ငွေဟာ ယခင်နှစ်ကထက် ဒေါ်လာ ၆ သန်း လျော့နည်းနေခဲ့တာကိုတွေ့ရပါတယ်။ ပဉ္စမနေရာမှာတော့ ကန် ဒေါ်လာ ၁၆ ဒဿမ ၅ သန်းနဲ့ မင်းသမီး Reese Witherspoon ကရပ်တည်နေပါတယ်။

နံပါတ် ၁၀ အထိ ကျန်တဲ့နေရာတွေမှာတော့ Mila Kunis, Cate Blanchett, Melissa McCarthy နဲ့ Gal Gadot တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အနုပညာကြေးအများဆုံးမင်းသမီး ဖြစ်ခဲ့တဲ့ အော်စကာဆုရမင်းသမီး Emma Stone ကတော့ နံပါတ် ၁၀ အထိ စာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

Forbes မဂ္ဂဇင်းရဲ့ အနုပညာကြေးအများဆုံးရမင်းသားစာရင်းကိုတော့ လာမယ့် သီတင်းပတ်မှာ ထုတ်ပြန်ဖို့ စီစဉ်ထားပါတယ်။

Ref: asiaone

The post Forbes မဂ္ဂဇင်းရဲ့ အနုပညာကြေးအများဆုံးရ မင်းသမီးစာရင်းမှာ Scarlett Johansson ဦးဆောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ