Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖခင်ဖြစ်သူက ကားဝယ်ပေးလို့ ပျော်နေတဲ့ နေခြည်ဦး

$
0
0

“Beauty by Naychi” Page ရဲ့ Beauty Blogger နေခြည်ဦးကတော့ သူမရဲ့ ဖခင်ကို ကတိတခု ပေးခဲ့တဲ့အတွက် ဖခင်ဖြစ်သူက ကားတစီးဝယ်ပေးလို့ ပျော်ရွှင်နေတာ တွေ့ရပါတယ်။

“ငယ်ငယ်တုန်းက တခုခုလိုချင်ရင် ဖေကြီး သမီးအတန်းထဲမှာ အဆင့် ၁ ရအောင် လုပ်ပေးမယ်ပေါ့။ ဒီအသက်အရွယ်ကြီး ရောက်တော့ ဖေကြီး သမီးတသက်လုံး ဖေကြီး နားမှာပဲ ပြုစုစောင့်ရှောက်မယ်ပေါ့” လို့ နေခြည်ဦးက သူမရဲ့အဖေကို ကားပူဆာခဲ့ပုံ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

နေခြည်ဦးကို ဝေဖန်မှုများစွာရှိတဲ့ထဲမှာ မိဘများက ချမ်းသာတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုများလည်းရှိပြီး Rich Kid ဖြစ်တဲ့အတွက် လုပ်ချင်တဲ့အရာကို လုပ်ခွင့်ရနေပြီး အောင်မြင်နေတာဆိုတဲ့ ဝေဖန်မှုများလည်း ရှိနေပါတယ်။

ကားရတာနဲ့ ပတ်သက်ပြီးတော့လည်း “ဝယ်ပေးမယ်ပြောတာက Velar ၊ Showroom ရောက်တော့ လိုချင်တာက Autobiography ၊ ဘယ်ကားလေးရရ ကံတရားပေါ့” လို့ နေခြည်ဦးက ပြောထားပါတယ်။

 

ဖခင်ဝယ်ပေးတဲ့ ကားနဲ့ တွေ့ရတဲ့ နေခြည်ဦး

 

သူမကတော့ မိဘတွေကြောင့် ရလာတဲ့အောင်မြင်မှုအနေနဲ့ မဟုတ်ဘဲ သူမကိုယ်တိုင် တည်ဆောက်ထားတဲ့ အောင်မြင်မှုကိုသာ လိုချင်သူတဦးဖြစ်တာကြောင့် ကိုယ်တိုင် ကြိုးစားရတယ် ဆိုပြီးတော့လည်း ပြောခဲ့ဖူးပါတယ်။

နေခြည်ဦးကတော့ မကြာသေးမီအချိန်က ကိုရီးယားနိုင်ငံသို့သွားရောက်ကာ မျက်ရစ်နှင့် နှာခေါင်းတို့ကို ခွဲစိတ်ပြုပြင်ခဲ့ပါသေးတယ်။ သူမအနေနဲ့ Beauty Blogger အလုပ်အပြင် ယခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်အလုပ်ကိုလည်း တွဲဖက်ပြီးတော့ လုပ်ကိုင်လာတာကို တွေ့ရပါတယ်။

ယခုနှစ်အတွင်းမှာလည်း သရုပ်ဆောင် နေမင်း၊ ဝတ်မှုံရွှေရည်တို့နဲ့ တွဲဖက်ကာ “ရန်သူ” ဆိုတဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့သလို မကြာသေးခင်က ရိုက်ကူးပြီးစီးခဲ့တဲ့ “ဧည့်သည်” ရုပ်ရှင်မှာ ရွှေမှုံရတီ၊ အဆိုတော် ရွှေထူးတို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဆက်စပ် သတင်းလင့်ခ်နှာခေါင်းပြင်တာနဲ့ မျက်ရစ်ဖော်တာတွေကို ဗီဒီယိုရိုက်ပြီး တင်ပေးမယ့် နေခြည်ဦး

The post ဖခင်ဖြစ်သူက ကားဝယ်ပေးလို့ ပျော်နေတဲ့ နေခြည်ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ