Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် အနုပညာရှင်များရဲ့ ဆုတောင်းစကား

$
0
0

ဧရာဝတီသတင်းဌာန၏ ၂၅နှစ်မြောက်အထိမ်းအမှတ် နှစ်ပတ်လည်နှင့် ပတ်သက်ပြီး အနုပညာရှင်များ ဖြစ်ကြတဲ့ သရုပ်ဆောင်ဒေါင်း ၊ အလှမယ် ရွှေအိမ်စည် ၊ အလှမယ် မြတ်သီရိလွင်(Bella) တို့ရဲ့ ဆုတောင်းစကားသံများကို ဖော်ပြပေးလိုက်ပါတယ်။

သရုပ်ဆောင် ဒေါင်း

 

 

မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပရိသတ်နဲ့ တသားတည်း ပြည်သူနဲ့ တသားတည်း ကျတဲ့ သတင်း အချက်အလက်တွေလည်း အမြဲတမ်းပေးပို့နိုင်တဲ့ မီဒီယာကြီးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ မီဒီယာနဲ့ အနုပညာရှင် အဆင်ပြေဖို့က အရမ်း အရေးကြီးပါတယ်။

အလှမယ် ရွှေအိမ်စည်

 

 

ဧရာဝတီ သတင်းဌာန ဒီထက်မက အောင်မြင်တဲ့ မီဒီယာတခုဖြစ်ပါစေလို့ အိမ်စည်က ဆုတောင်းပေးလိုက်ပါတယ်။ မီဒီယာနဲ့ အနုပညာရှင်တွေနဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူးလို့ မြင်တာပဲ။ နည်းနည်းလေး အိမ်စည်တို့ အမြင်ပွင့်သင့်ပြီလို့ ထင်တာပဲ။ အနုပညာလောကကို ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းအောင် လုပ်လို့ရပါတယ်။ ဖြစ်တော့ဖြစ်နေပါပြီ။

ဒါပေမယ့် မဖော်ပြရတဲ့အရာတွေရှိနေတာနဲ့ သင့်တော်ပါ့မလား၊ မသင့်တော်ဘူးလို့ စဉ်းစားရတာနဲ့ လုပ်နိုင်တဲ့အတိုင်းအတာတခုကို Limit ပေးထားသလို ဖြစ်နေတာပေါ့။ ဒီထက်မက ဆက်ဆံရေး ကောင်းနိုင်တယ်လို့ မြင်တယ်။ တယောက်နဲ့တယောက်လည်း လေးစားသမှု ရှိရမှာပေါ့နော်။

အလှမယ် မြတ်သီရိလွင်(Bella)

 

 

“ဧရာဝတီ ၂၅ နှစ်ပြည့်ပြီဆိုတော့ နောက်ထပ်နှစ်ပေါင်းများစွာတိုင် ရေရှည်တည်တံ့ခိုင်မြဲပြီးတော့ အဖွဲ့သူ၊ အဖွဲ့သားအားလုံး ကျန်းမာပျော်ရွှင်ကြပြီးတော့ ဧရာဝတီ မီဒီယာ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”

“မီဒီယာနဲ့ အနုပညာရှင်ဆိုတာကတော့ ဘယ်အရာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်။ ကောင်းတာလည်းရှိသလို ဆိုးတာလည်းရှိတယ်။ ပရိသတ်တွေနဲ့ အနုပညာရှင်တွေ အဆက်မပြတ် ဖြစ်အောင်လို့ ကူညီပေးတာတော့ ကြားထဲက မီဒီယာပေါ့နော်” လို့ အလှမယ် Bella က ဆိုပါတယ်။

ဧရာဝတီသတင်းဌာနကို ၁၉၉၃ခုနှစ် စတင်တည်ထောင်ခဲ့ပါတယ်။ ထိုအချိန်မှစတင်ပြီး ဧရာဝတီဟာ အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် မြန်မာနှင့် အရှေ့တောင်အာရှရေးရာ သတင်း၊ သတင်းဆောင်းပါး၊ သတင်းသုံးသပ်ချက်နှင့် အယ်ဒီတာ့အာဘော်များဖြင့် စာဖတ် ပရိသတ်၏ ယုံကြည်ကိုးစားသော သတင်းဌာန ဖြစ်လာခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် အလှမယ် အမရာငြိမ်းရဲ့ ဆုတောင်းစကား

ဧရာဝတီသတင်းဌာန ၂၅နှစ်ပြည့်အတွက် မအေးသောင်းရဲ့ ဆုတောင်းစကား

The post ဧရာဝတီသတင်းဌာန ၂၅ နှစ်ပြည့်အတွက် အနုပညာရှင်များရဲ့ ဆုတောင်းစကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ