Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“သရုပ်ဆောင်လောကမှာ အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ခံနေရတယ်”

$
0
0

သရုပ်ဆောင်ညီထွဋ်ခေါင်က ဗီဒီယိုလောကပျက်သွားတာကြောင့် ခေတ်လုံးဝမကောင်းတော့ဘူးလို့ ဆိုလိုက်ပါတယ်။ ဒီလိုခေတ်မကောင်းတဲ့ အပေါ်မှာ တောင့်ခံနိုင်အောင်ကြိုးစားမယ်လို့လည်း ဆိုပါတယ်။

“အခုချိန်က သူသူ၊ ကိုယ်ကိုယ် အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ခံစားနေရတဲ့ အချိန်လေ။ ဘာလေးပဲ လာလာ ကိုယ့်အတွက် အခွင့်အရေးဆိုပြီး လောလောဆယ်ဝမ်းရေးဖြေရှင်းဖို့အတွက် လုပ်ကိုင်မိလိုက်ကြတာတွေလည်းရှိမှာပဲ။ ကျနော်လည်း မိန်းမလျာဇာတ်ရုပ်တွေကို သရုပ်မဆောင်ဖို့ တောင့်ခံမယ်ဗျာဆိုပြီး လာလို့လက်ခံလိုက်ရင်လည်း ပေါတာတွေ တအားများသွားတယ်”

“ကြုံတာကိုလုပ်လိုက်ရင် ကြုံသလိုလုပ်သလိုဖြစ်သွားမှာပေါ့။ ရသလောက်တော့ ကျနော်တောင့်ခံကြည့်ချင်တယ်။ ခေတ်ကတော့ လုံးဝမကောင်းဘူး။ မကောင်းတဲ့ အပေါ်မှာတောင့်ခံနိုင်အောင်ကြိုးစားနေပါတယ်။ တခါတလေ ငွေကြေး အရ ကျနော်တို့မလုပ်ချင်တာတွေကို လုပ်လိုက်ရတာတွေလည်းရှိတယ်။ တတ်နိုင်သလောက်တော့ မလုပ်ဖြစ်အောင် ကြိုးစားရမှာပေါ့’’လို့ ညီထွဋ်ခေါင်က ပြောပါတယ်။

ဗီဒီယိုလောကပျက်နေတဲ့အပေါ်မှာ ဘယ်လိုဖြေရှင်းကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ညီထွဋ်ခေါင်က “ဒါကို အားလုံးဝိုင်းပြီးအဖြေရှာနေကြတယ်” လို့ ပြောပါတယ်။

“ကျနော် သရုပ်ဆောင်လောကကို စဝင်ချိန်မှာ ဗီဒီယိုကပျက်စပြုနေပါပြီ။ ကျနော်လည်း အဓိကသရုပ်ဆောင်လည်း ဖြစ်ရော လုံးဝကိုပျက်စီးသွားတဲ့ အခြေအနေကိုဖြစ်ရော။ ကျနော်ကခံစားခွင့်မရှိသေးဘူး။ အဓိကသရုပ်ဆောင်ဖြစ်သွားတာပဲ ရှိတယ်။ သရုပ်ဆောင်အလုပ်ပဲ လုပ်တတ်တဲ့အခါကျတော့ အတတ်နိုင်ဆုံးတော့ တောင့်ခံကြည့်မယ်။ ကျနော်တို့ အနုပညာလောကမှာ အပေါ်ပိုင်းတော်တော်များများတော့အဆင်ပြေတဲ့ သူတွေလည်းပြေနေကြပါတယ်”

” ဗီဒီယိုပျက်သွားတော့ ဗီဒီယိုနဲ့ရပ်တည်နေတဲ့ သူကတော်တော်များတယ်။ ရုပ်ရှင်ကလည်း နည်းလာတယ်။ စီးရီးတွေ ဘက်မှာလည်းသူ့ Talent တွေနဲ့ရိုက်ကြတယ်။ အသစ်တွေနဲ့ ရိုက်ကြတယ်။ ဇာတ်ပို့၊ ဇာတ်ရံအကြီးတွေလည်း သူ့လမ်းကြောင်းနဲ့ သူရှိနေတာပေါ့။ အလယ်နဲ့အောက်ကလူတွေက အဆင်မပြေတာများတယ်။ အဲ့ဒါကိုဘယ်လို ဖြေရှင်းကြမလဲဆိုတာ လူကြီးတွေတော့ ဝိုင်းပြီးတော့ နည်းလမ်းရှာနေကြပါတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ညီထွဋ်ခေါင်က ” ဗီဒီယိုကို ဘယ်လိုပြန်ပြီး တည့်မတ်အောင် လုပ်လို့ရမလဲ။ ရိုက်ကူးခွင့်ရအောင် ဘယ်လိုတွေလုပ်ကြမလဲ။ ဆိုတာကိုဝိုင်းပြီးတော့ အဖြေရှာနေကြပါတယ်။ ကျနော်အနေနဲ့ ရုပ်ရှင်ဆို တလ ၁ ကား ၂ ကားလောက်ရိုက်ရတယ်။ အလုပ်အကိုင်ရှားပါးမှု ဒဏ်ကိုခံနေရတယ်လို့ ကျနော်ထင်တယ် ”လို့ ပြောပါတယ်။

ညီထွဋ်ခေါင်ဟာ ဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နေသူဖြစ်ပြီး မကြာခင်မှာ ရုံတင်ပြသတော့မယ့် “နာနာဘာဝချစ်သူ” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

The post “သရုပ်ဆောင်လောကမှာ အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ခံနေရတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ