Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကိုရီးယား အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ BTS ကို ဒါရိုက်တာတဦး ဝေဖန်တိုက်ခိုက်

$
0
0

ကိုရီးယားနွယ်ဖွား အမေရိကန်ဒါရိုက်တာ Joseph Kahn ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်နေတဲ့ ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BTS (Bangtan Boys) ကိုဂုဏ်ပြုတဲ့အထဲမှာ ပါဝင်ခဲ့တာမရှိပါဘူး။

အကြောင်းကတော့ အသက် ၄၅ နှစ်အရွယ် ဒါရိုက်တာက အဲ့ဒီ Kpop အဖွဲ့ဟာ မိန်းမအသွင်အပြင် ဖြစ်ပေါ်စေတဲ့ ပလတ်စတစ်ဆာဂျရီပြုလုပ်ထားကြကြောင်း ဝေဖန်တိုက်ခိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

အဆိုတော် Jennifer Lopez ၊ Lady GaGa နဲ့ Taylor Swift တို့လို ကမ္ဘာကျော် အနုပညာရှင်တွေနဲ့ အလုပ်အတူတွဲလုပ်ခဲ့ဖူးတဲ့ ဒါရိုက်တာက ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့မှာ “သူတို့အားလုံးဟာ ပလတ်စတစ်ဆာဂျရီလုပ်ထားကြတယ်။ သူတို့အားလုံး နှုတ်ခမ်းနီဆိုးထားကြတယ်။ ရူးကြောင်ကြောင် ချမ်းသာတဲ့အာရှသားတွေ လုပ်တဲ့ပုံစံမျိုးပဲ” လို့ Twitter မှာ တင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Kpop အဆိုတော်တွေနဲ့ ကိုရီးယားဒရမ်မာသရုပ်ဆောင်တွေလိုမျိုး “လှပတဲ့အမျိုးသား” ပုံစံရရှိစေဖို့ တောင်ကိုရီးယားအမျိုးသားတွေအကြား ခေတ်စားတဲ့ ပလတ်စတစ်ဆာဂျရီ အကြောင်းရေးသားထားတဲ့ ဆောင်းပါးတပုဒ် ကိုလည်း ပြန်လည်ဝေမျှခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ ဒါရိုက်တာ Kahn ဟာ အာရှအမျိုးသားတွေအကြား ဒီနေ့ခေတ်မှာ ခေတ်စားလာတဲ့ မိတ်ကပ်လိမ်း ခြယ်ပုံကို ကဲ့ရဲ့ထားတဲ့ စာတခုကိုလည်း တင်ခဲ့ပါသေးတယ်။

အခုလိုမျိုး သူ့ရဲ့ မှတ်ချက်ပေးပြောဆိုမှုတွေဟာ အဲ့ဒီနောက်ပိုင်းကစလို့ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ပြောဆိုတိုက်ခိုက်မှု ခံနေရာတာကိုလည်းတွေ့ရပါတယ်။ Twitter အသုံးပြုသူတော်တော်များများကတော့ ဒါရိုက်တာ Kahn ကို ပြန်လည် ဝေဖန်ပြောဆိုကြပြီး BTS အဖွဲ့ဝင်တွေဘက်ကနေ ကာကွယ်ပြောဆိုပေးခဲ့ကြပါတယ်။

သူတို့ဟာ သဘာဝအတိုင်းဖြစ်တဲ့အကြောင်း၊ ပလတ်စတစ်ဆာဂျရီပြုလုပ်ထားတာ မရှိတဲ့အကြောင်း သက်သေပြဖို့ အဖွဲ့ဝင်တွေရဲ့ ငယ်စဉ်ကလေးဘဝတုန်းက ဓာတ်ပုံတွေကိုလည်း ဝေမျှခဲ့ကြပါတယ်။

Kahn ရဲ့ ပို့စ်မှာ သုံးစွဲသူတဦးက “ပြောရမယ်ဆိုရင်သူတို့ရဲ့ အသားအရည်ကို သူတို့ဂရုစိုက်တာပဲ ဖြစ်တယ်။ ကိုယ့်ကို ကိုယ် ဂရုတစိုက်ရှိတဲ့လူတွေကို သူတို့ တိုက်ခိုက်ကြတာ ယုံနိုင်ဖွယ်ရာမရှိဘူး။ အမုန်းတရားပဲ” လို့ ရေးသား ခဲ့ပါတယ်။

အခြားတဦးကတော့ “ပလတ်စတစ်ဆာဂျီဟာ အမေရိကမှာလည်း ခေတ်စားပါတယ်။ အသားလေးဖြူတာ၊ နှုတ်ခမ်းလေး ဆူဖြိုးတာ၊ ပါးရိုးမြင့်တာက မူရင်းအတိုင်းပါပဲလို့တော့ လာမပြောပါနဲ့။ ပလတ်စတစ်ဆာဂျီဟာ ကိုရီးယားမှာလည်း ခေတ်စားတယ်လို့ဆိုတာဟာ BTS အဖွဲ့ကလုပ်ထားတယ်လို့ အဓိပ္ပာယ်မရပါဘူး” လို့ ရေးသားခဲ့ပါတယ်။

အခုလိုမျိုး တိုက်ခိုက်ပြောဆိုထားပေမယ့် ဒါရိုက်တာ Kahn ကတော့ သူ BTS အဖွဲ့ကို သဘောကျတဲ့အကြောင်း ပြောဆိုထားပါတယ်။ BTS အဖွဲ့ကိုယ်တိုင်ကတော့ Kahn ရဲ့ တိုက်ခိုက်မှုကို ပြန်လည် တုံ့ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

သူတို့အဖွဲ့ဟာ Kahn ရဲ့ ဝေဖန်တိုက်ခိုက်ပြောဆိုမှုကို ခွန်းတုံ့ပြန်ဖို့ အချိန်မရသေးဘဲ လာမယ့် သြဂုတ်လ ၂၄ ရက်နေ့မှာ ဖြန့်ချိတော့မယ့် “Love Yourself: Answer” အယ်လ်ဘမ် အတွက် ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

Ref:aceshowbiz

The post ကိုရီးယား အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ BTS ကို ဒါရိုက်တာတဦး ဝေဖန်တိုက်ခိုက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ