Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဂီတသက်တမ်း နှစ် ၃၀ မှာ တကိုယ်တော် ဖျော်ဖြေပွဲလုပ်မယ့် မီမီဝင်းဖေ

$
0
0

သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ မီမီဝင်းဖေက ဂီတသက်တမ်း နှစ် ၃၀ မှာ အမှတ်တရ အနေနဲ့ တကိုယ်တော် ဖျော်ဖြေပွဲ လုပ်သွားမယ်လို့ သိရပါတယ်။

“မိုးရာသီ အေးအေးချမ်းချမ်း အချိန်မှာ နွေးနွေးထွေးထွေး တွေ့ဆုံချင်လို့ စီစဉ်ထားတဲ့ ပွဲလေးဖြစ်ပါတယ်။ သီချင်းက စုစုပေါင်း၂၄ ပုဒ် ဆိုမှာပါ။ အတွဲအနေနဲ့ ကိုစံလင်းနဲ့ဆိုထားတဲ့ သီချင်းလေးတွေလည်း ပါပါမယ်။ ဧည့်သည်အဖြစ် လာဆိုပေးကြမယ့် သူတွေလည်း ရှိပါတယ်။ ကိုစံလင်း တယောက်ပဲ ပြောချင်ပါတယ်” လို့ မီမီဝင်းဖေက ဧရာဝတီကို ပြောပါတယ်။

“နောက်ဆုံးမင်းရဲ့ရင်ခွင်ဆီ” ဆိုတဲ့ သီချင်းဆိုရင်လည်း ခုမျိုးဆက်သစ်တွေထဲက တယောက်ကို ဖိတ်ထားပါတယ်။ ကိုထီး၊ ကိုတိုးလို့နဲ့ ဆိုခဲ့တဲ့ သီချင်းတွေကိုလည်း ရသ မပျက်အောင် တင်ဆက်ဖို့ ရှိပါတယ်။ Solo Concert ဆိုရင် နည်းနည်းပါးပါး ပါဖောမန့် ထည့်ကြတာရှိတယ်။ မမီကတော့ အဲ့လိုတွေ အားသန်တဲ့သူ မဟုတ်တာရယ်၊ သီချင်းတွေကလည်း အဲ့လို ပုံစံတွေနဲ့ မလိုက်ဖက်တာကြောင့် သီချင်းလေးတွေကိုပဲ အားထားပြီး ဆိုပါမယ်” လို့ မီမီဝင်းဖေက ပြောပါတယ်။

“သီချင်းလေးတွေကို တန်ဖိုးထားတယ်ဆိုတဲ့ စိတ်လေးနဲ့ပဲ ဖျော်ဖြေမှာပါ။ ဖက်ရှင်ပိုင်းတို့ ပါဖောမန့်ပိုင်းတွေ မပါပါဘူး”လို့ မီမီဝင်းဖေက ဆိုပါတယ်။

“မမီက တကယ်တော့ မီးရောင်ကြောက်တယ်။ လူကြောက်တယ်။ ကင်မရာကြောက်တယ်။ စင်ပေါ်မှာဆိုရင်လည်း ခဏပဲ ဆိုတဲ့အဆိုတော်ပေါ့။ စင်ပေါ်မှာ သိပ်ပျော်တဲ့ အဆိုတော်တော့ မဟုတ်ဘူး။ မမီဖြတ်သန်းလာတဲ့ အနှစ် ၃၀ မှာ အမှတ်တရလေးတော့ ဖြစ်ချင်ပါတယ်။ နောက်ကိုယ့်အပေါ်ကို ချစ်ခင်ဆဲ လူတွေနဲ့လည်း ဆုံချင်တာရယ်။ နောက် ကိုယ်လည်း နေရာ ဖယ်ပေးရတော့မှာ ဆိုတော့ အကြောင်းအများကြီး စဉ်းစားပြီး ကိုယ်သိပ်မသန်တဲ့ အလုပ်ကို လုပ်လိုက်တာပါ”လို့ မီမီဝင်းဖေက ပြောပါတယ်။

အဆိုတော် မီမီဝင်းဖေဟာ “ပန်ဆင်မယ်ဆို” ဆိုတဲ့ တကိုယ်တော် Album ကိုလည်း ဇူလိုင်လ တုန်းက ဖြန့်ချိခဲ့ပြီး  Solo Concert ကိုတော့ သြဂုတ်လ၂၅ ရက်နေ့၊ ရန်ကုန်မြို့၊ Sky Star ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လက်မှတ်များကို မန်းသီရိ တေးသံသွင်း ၊ Pro AV Shop နှင့် Myanpwel Online Ticketing တို့မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

The post ဂီတသက်တမ်း နှစ် ၃၀ မှာ တကိုယ်တော် ဖျော်ဖြေပွဲလုပ်မယ့် မီမီဝင်းဖေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)