Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အမွှာသမီးလေး နှစ်ဦးရဲ့ မိခင် ချစ်သုဝေ မွေးနေ့မှာ အလှူလုပ်

$
0
0

ဒီနေ့ဟာ သရုပ်ဆောင်၊ အဆိုတော် ချစ်သူဝေရဲ့ ၃၄ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ချစ်သုဝေက ပရိသတ်တွေနဲ့ အတူ ရန်ကုန်မြို့၊ မြောက်ဒဂုံမှာရှိတဲ့ “သုခရိပ်မြုံ HIV လူငယ်ဖွံ့ဖြိုးရေးဂေဟာ”မှာ အလှူလုပ်ခဲ့ပါတယ်။

“ထရီဇာ” လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ချစ်သုဝေဟာ အနုပညာလောကထဲကို ၂၀၀၂ ခုနှစ်ဝန်းကျင်က ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူမက အနုပညာလောကမှာ ဆယ်စုနှစ်တစုကျော် အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့ သရုပ်ဆောင်၊ အဆိုတော် တယောက်လည်း ဖြစ်ပါတယ်။ ချစ်သုဝေရဲ့ ဖခင် ဦးဇော်ဝင်း ကတော့ Metal Zone စတူဒီယိုရဲ့ ပဲ့ကိုင်ရှင် ဖြစ်ပါတယ်။

ချစ်သုဝေက ရုပ်ရှင်ကားများ၊ ဗီဒီယိုဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ပြီး သူမက အဆိုပိုင်းမှာရော၊ သရုပ်ဆောင်ပိုင်းမှာပါ အောင်မြင်တဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ချစ်စဖွယ် ဟန်ပန်ရှိတာကြောင့် ကြော်ငြာများ၊ အလှဓာတ်ပုံအများအပြားကိုလည်း ရိုက်ကူးခဲ့ပြီး အနုပညာအလုပ်များ လုပ်ကိုင်စဉ် အစပိုင်းမှာ ဆေးကျောင်းကိုတက်ရင်း ပညာရေးတဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာပါ။

အနုပညာအလုပ်တွေ လုပ်ကိုင်နေရင်းနဲ့ ဘွဲ့ရပြီးမှာတော့ အနုပညာပိုင်းကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ချစ်သုဝေက ၂၀၁၀ခုနှစ်မှာ “တိမ်တွေနေတဲ့ အရပ်” ဆိုတဲ့ တေးစီးရီးကို ထွက်ရှိခဲ့ပြီး လင်းလင်းနဲ့ တွဲဖက်ကာ “မီးအိမ်ကဗျာ” တေးစီးရီးကိုလည်း ထွက်ရှိခဲ့ပါတယ်။

ချစ်သုဝေရဲ့ တကိုယ်တော်အခွေထဲက တေးသီချင်းတွေကလည်း မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ချစ်သုဝေက အနုပညာလောကကို အဆိုပိုင်းနဲ့ စတင်ဝင်ရောက်ခဲ့ပြီး အဆိုတော် ကျားပေါက်နဲ့ တွဲဖက်ကာ “နာမည်ကြီး” ဆိုတဲ့ အခွေကို စတင်ထွက်ရှိခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းမှာလည်း ဗီဒီယို ဇာတ်ကားများစွာမှာ ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်ပီပြင်စွာနဲ့ သရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်အားပေးမှုရရှိခဲ့ပါတယ်။ ချစ်သုဝေဟာ အဆိုတော် လင်းလင်းနဲ့ ၂၀၁၄ ခုနှစ်က လက်ထပ်ခဲ့ပါတယ်။

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံ နှစ်ဦးဟာ အမွှာ သမီးလေးနှစ်ယောက်ကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ သမီးလေးတွေရဲ့ နာမည်ကို “မေမြန်မာခေတ်” နဲ့ “မေမြန်မာသစ်” လို့ နာမည်ပေးထားပါတယ်။ ချစ်သုဝေရဲ့ ခင်ပွန်းဖြစ်သူ လင်းလင်းဟာလည်း ကိုယ်ပိုင်သီချင်းများ ရေးဆိုပြီး ဂီတလောကမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

The post အမွှာသမီးလေး နှစ်ဦးရဲ့ မိခင် ချစ်သုဝေ မွေးနေ့မှာ အလှူလုပ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ