Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ခြေမအထိ အရှည်ထားမယ်လို့ ကတိပြုထားတဲ့ ဆံပင်တွေကို ညှပ်လိုက်တဲ့ ဂျက်စတင်ဘီဘာ

$
0
0

အဆိုတော် ဂျက်စတင်ဘီဘာနဲ့ မော်ဒယ် Hailey Baldwin တို့ စုံတွဲဟာ စက်ဘီးအတူတူစီးနင်းခဲ့ကြတာကို မြင်တွေ့ခဲ့ရပြီး တရက်အကြာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့မှာတော့ ပျော်ရွှင်စွာ ဓာတ်ပုံအရိုက်ခံခဲ့ကြတာကို လည်း မြင်တွေ့ခဲ့ကြရပါတယ်။

အသက် ၂၁ နှစ်အရွယ် မော်ဒယ် Hailey ဟာ “Despacito” သီချင်းအဆိုတော်ဘီဘာ ဆံပင်ညှပ်ခဲ့တဲ့ နယူးယောက် စီးတီးမြို့က Cutler Salon ကိုလည်း အတူတူလိုက်ခဲ့တာကိုတွေ့ခဲ့ကြပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတခုမှာဆိုရင်တော့ အကျီအပွနဲ့ မီးခိုးရောင် ဂျင်းန်အကျပ်ကို ဝတ်ဆင်ထားခဲ့တဲ့ မော်ဒယ် Hailey ဟာ သူ့ရဲ့ ခင်ပွန်းလောင်းကို ချစ်ရည်ရွှန်းလဲ့တဲ့ အကြည့်နဲ့ ကြည့်ရှုနေခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။

Albert Einstein ပုံပါ ရှပ်အကျီနဲ့ Air Jordan ဘောင်းဘီတိုတို့ကို ဝတ်ဆင်ထားတဲ့ ဂျက်စတင်ဘာ ဆံပင်ကို အနည်းငယ်သာ ညှပ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Hailey ဟာ သူ့ရဲ့ ခင်ပွန်းလောင်းရဲ့ လည်ပင်းကို နမ်းလိုက်တာကိုလည်း မြင်တွေ့ရပါတယ်။

အဲဒီနောက် သူတို့နှစ်ဦးဟာ ညစာအတူတူ သွားရောက် သုံးဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်။ Citi စက်ဘီတွေကို စီးနင်းခဲ့ပြီး ဝမ်းနည်းနေတဲ့အတွက် ငိုကြွေးခဲ့တဲ့ သူတို့ရဲ့ နှစ်ဦးရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် သူတို့နှစ်ဦး ပျော်ပျော်ရွှင်ရွှင် အပြင်ထွက်လည်နေတာကိုလည်း မြင်တွေ့ခဲ့ကြပါတယ်။

ဂျက်စတင်ဘီဘာ နဲ့ ဇနီးလောင်း မော်ဒယ် Hailey Baldwin

အဲဒီဓာတ်ပုံတခုထဲမှာဆိုရင်တော့ ဂျက်စတင်ကို Hailey က နှစ်သိမ့်ပေးနေခဲ့ပြီး အခြား ဓာတ်ပုံတခုမှာ ဆိုရင်တော့ ဂျက်စတင်ဟာ Hailey ရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးနေခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

သူတို့နှစ်ဦး ငိုကြွေးနေခဲ့ရတဲ့အကြောင်းရင်းကိုတော့ မသိရှိရပေမယ့် အသစ်ထွက်ပေါ်လာတဲ့ သတင်းတခုရဲ့ အဆိုအရ ဂျက်စတင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အခြားလူတွေထက် ဇနီးလောင်းကို ပိုမိုယုံကြည်တဲ့အတွက် သူ့ရှေ့မှာ ခံစားချက်တွေကို ထုတ်ပြနိုင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

သတင်းရင်းမြစ်တခုက “သူဟာ ဘယ်သူ့ကိုမှ ရင်မဖွင့်ခဲ့ပေမယ့် အခုတော့ Hailey ကို ရင်ဖွင့်လိုက်ပါပြီ။ သူတို့ဟာ တချို့အရာတွေမှာ အဆင်ပြေနေတယ်လို့ ပြောကြပေမယ့် သူဟာ ရင်ဖွင့်ရာနေရာကြီး တခု ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂျက်စတင်အနေနဲ့ Hailey ဆီမှာ ရင်ဖွင့်ဖို့နဲ့ သူ့ခံစားချက်တွေ ထုတ်ပြဖို့ လုံခြုံတယ်လို့ ခံစားရပြီး ဒီလိုမျိုး ပွင့်လင်းတဲ့ စိတ်ခံစားချက်ကို သူ့ဘဝမှာ တခြားဘယ်သူ့ကိုမှ ပြောပြခဲ့တာ မရှိတဲ့အကြောင်း ရည်းစားဟောင်း Selena Gomez နဲ့တောင် ဒီလောက်အထိ ရင်းနှီးခဲ့တာမျိုး မရှိခဲ့တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

Ref: aceshowbiz

The post ခြေမအထိ အရှည်ထားမယ်လို့ ကတိပြုထားတဲ့ ဆံပင်တွေကို ညှပ်လိုက်တဲ့ ဂျက်စတင်ဘီဘာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ