Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဆောင်ဆန်ဟွန်း (ဂျွန်စော) နဲ့ Krystal တို့ရဲ့ ဒရာမာကား အသစ် မကြာမီ ပြသမည်

$
0
0

OCN ရုပ်သံလိုင်းကနေ “Player” ဆိုတဲ့ ဒရာမာကို မကြာခင် ပြသသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဂျွန်ဆောလို့ လူသိများတဲ့ မင်းသား Song Seung Heon (ဆောင်ဆန်ဟွန်း) နဲ့ f(x) အဖွဲ့ဝင် Krystal တို့က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်မယ့် အဲဒီဇာတ်လမ်းတွဲဟာ လူလိမ်၊ ဟက်ကာ၊ ယာဉ်မောင်းနဲ့ တိုက်ခိုက်ရေးသမားအဖြစ် သက်ဆိုင်ရာနယ်ပယ်တွေမှာ ကျွမ်းကျင်ကြတဲ့ သူနှစ်ဦးကြားက လက်စားချေတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

မင်းသား Song ကတော့ ရုပ်ရည်ချောမောတဲ့ ပါရမီရှင်လူလိမ် Kang Ha Ri အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပြီး မင်းသမီး Krystal ကို ကျွမ်းကျင်တဲ့ ယာဉ်မောင်းသူ Cha Ah Ryung အဖြစ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒရာမာထုတ်လုပ်ရေး ကုမ္ပဏီရဲ့ သတင်းရင်းမြစ်တခုက အဲဒီဒရာမာကို စက်တင်ဘာလ ၂၉ ရက်နေ့ ကိုရီးယား စံတော်ချိန် ည ၁၀ နာရီ ၂၀ မိနစ်မှာ စတင်ပြသဖို့ စီစဉ်ထားတဲ့အကြောင်း ပြောကြားခဲ့ ပါတယ်။

အပိုင်း ၁၄ ပိုင်းပါဝင်မှာဖြစ်ပြီး OCN က ထုတ်လွှင့်နေတဲ့ အခြားဒရာမာတွေဖြစ်တဲ့ “Life on Mars” နဲ့ “Children of a Lesser God” တို့လို တုံ့ပြန်မှုကောင်းမလားဆိုတာကို စောင့်ကြည့်လျက် ရှိနေပါတယ်။

အဲဒီသတင်းရင်းမြစ်က “ကိုယ်ပိုင်သီးသန့်ရပ်တည်မှုမှာ ထူးချွန်တဲ့ သရုပ်ဆောင်တွေဟာ ဇာတ်ကောင်တခုချင်းစီကို ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ပုံစံနဲ့ ပုံဖော်ကြမှာပါ။ ကျနော်တို့ဟာ အလန်းစား အက်ရှင်၊ အမိုက်စား ဖျော်ဖြေရေးနဲ့ လှုပ်ရှားသက်ဝင်မှုကောင်းတဲ့ ဒရာမာတခုအနေနဲ့ လုပ်ဆောင်မှာပါ။ စောင့်မျှော်ပေးကြပါဦး” လို့ ပြောဆိုခဲ့ပါတယ်။

မင်းသား Song ဟာ “Black” အမည်ရှိတဲ့ ဒရာမာနဲ့ မင်းသမီး Krystal က “Prison Playbook” ဆိုတဲ့ ဒရာမာတွေမှာ ပါဝင်ခဲ့ပြီး တနှစ်အကြာမှာ အခုလိုမျိုး ဒရာမာအသစ်တခုမှာ ပြန်လည် ပါဝင်လာကြတာပါ။

ဒရမ်မာရိုက်ကူးရေးကိုတော့ ပြီးခဲ့တဲ့ မေလမှာ စတင်ခဲ့ပြီး နာမည်ကျော် သရုပ်ဆောင်တဦးဖြစ်တဲ့ မင်းသား Lee Si Eon နဲ့အတူ သရုပ်ဆောင် ၂ ဦးရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပါသေးတယ်။

Ref:soompi

The post ဆောင်ဆန်ဟွန်း (ဂျွန်စော) နဲ့ Krystal တို့ရဲ့ ဒရာမာကား အသစ် မကြာမီ ပြသမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)