Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဘောလုံးသမားဆိုတဲ့ သူ့အလုပ်ကို ချစ်တာ မဟုတ်ပါဘူး၊ စိတ်နေစိတ်ထားကို ချစ်တာပါ”

$
0
0

မြန်မာဗီဒီယို ဇာတ်ကားတွေမှာ အိုက်တင် ကောင်းကောင်းနဲ့ သရုပ်ဆောင်တတ်တဲ့ သရုပ်ဆောင် ပိုးအိအိခန့်က သူ့ရဲ့ချစ်သူ၊ မြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ အွန်လိုင်းမှာ စကားပြောရင်း အောင်သူရဲ့ စိတ်ထားကို ကြည့်ပြီး ချစ်သူအဖြစ် ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

“အရင်တုန်းက ဘောလုံးပွဲ မကြည့်ဖြစ်ဘူး၊ Alpine Cup ကို တီဗီကနေပဲ ကြည့်ဖြစ်ပါတယ်၊ သူ့ (ဘောလုံးသမား အောင်သူ) ကို ဘာမှ ပြောစရာ မရှိပါဘူး။ သူက တော်ပြီးသားပါ။ Anniversary တိုင်းကို သူစာတွေ တင်တာက သူလည်း စိတ်ကူးပေါက်နေလို့ ရေးတာပါ။ Anniversary တိုင်းက ပုံမှန် ရက်တရက်လိုပဲ ဖြတ်သန်းပါတယ်” လို့ သရုပ်ဆောင် ပိုးအိအိခန့်က သူ့ရဲ့ ချစ်သူ၊ ဘောလုံးသမား အောင်သူနဲ့ ပတ်သက်ပြီး ပြောပါတယ်။

“ဒီသတင်းကြီးကလည်း မထင်မှတ်ဘဲ ထွက်သွားတာဆိုတော့ Public သိပ်မပြောချင်သေးဘူး ဆိုတာက မိန်းကလေးတယောက်ဖြစ်တော့ ကံကြမ္မာက သေချာတယ်၊ မသေချာဘူးဆိုတာလည်း ရှိတော့ သေချာမှပဲ ချပြချင်ပါတယ်။ အွန်လိုင်းမှာ စကားတွေပြောရင်း တွေ့ဖြစ်တယ်။ သူက ညီမကားတွေကြည့်ပြီး သဘောကျတယ်။ သူနဲ့ စကားတွေပြောတယ်။ သူ့ကို အစပိုင်းမှာ စကားတွေ ပြောကြည့်တယ်။ ခင်ခင်မင်မင် နေကြည့်တယ်”

“သူ့စိတ်နေစိတ်ထားကို ကြည့်တယ်၊ လူတယောက်ကစပြီး ချဉ်းကပ်တဲ့အချိန်မှာ ကိုယ့်ရဲ့ မူရင်းပုံစံ ဟုတ်ချင်မှ ဟုတ်တာလေ။ လူတိုင်းက ဟန်ဆောင်တတ်တယ်။ ဟန်ဆောင်နေတာလား၊ သူ့မူရင်း ကာရိုက်တာလား ဆိုတာ စကားပြောကြည့်တယ်။ စကားပြောကြည့်တော့ မူရင်းစိတ်ထားလေးပဲ ဆိုပြီး စဉ်းစားလိုက်တာပါ”လို့ ပိုးအိအိခန့်က ဘောလုံးသမား အောင်သူနဲ့ ချစ်သူဖြစ်ခဲ့ပုံကို ပြောပါတယ်။

သူမတို့ ချစ်သူနှစ်ဦးကြားမှာလည်း တခြားစုံတွဲတွေလို စိတ်ဆိုး စိတ်ကောက်မှု သိပ်မရှိဘဲ စိတ်ကောက်တာ နည်းတယ်လို့ ပိုးအိအိခန့်က ဆိုပါတယ်။

“ဘောလုံးသမားဆိုတဲ့ သူ့ရဲ့ အလုပ်ကို ချစ်တာ မဟုတ်ပါဘူး၊ သူ့စိတ်နေစိတ်ထားကို ချစ်တာပါ။ သတိရရင် ဖုန်းပဲပြောပါတယ်။ စိတ်ဆိုးစိတ်ကောက်ရင် စိတ်မကောက်နဲ့ သူ မချောတတ်ဘူးပဲ ပြောတယ်။ ညီမလည်း သိပ်စိတ်မဆိုးတတ်ဘူး။ စိတ်ဆိုးစိတ်ကောက်တောင် မဖြစ်ဖူးပါဘူး။ အချစ်ရေးမှာ ကံကောင်းတယ်လို့ ပြောလို့ ရတယ်။ တယောက်နဲ့ တယောက် နားလည်မှုတွေ ယုံကြည်မှုလေးတွေနဲ့ပဲ ဆက်သွားပါတယ်”လို့ ပိုးအိအိခန့်က ပြောပါတယ်။

သရုပ်ဆောင် ပိုးအိအိခန့်ဟာ လက်ရှိမှာ ကျောင်းတက်နေရတာမို့ ကျောင်းပြီးသွားတဲ့ နောက်ပိုင်း အနုပညာလုပ်ငန်းများကို ခပ်စိပ်စိပ် လုပ်သွားမယ်လို့ ဆိုပါတယ်။ မကြာခင်မှာလည်း ပိုးအိအိခန့်က သရုပ်ဆောင် နေတိုး၊ ညီထွဋ်ခေါင်၊ သူရိယ၊ စိုးမိုးကြည်၊ မြတ်ကေသီအောင်တို့နဲ့အတူ “အထက်တန်းစား” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

The post “ဘောလုံးသမားဆိုတဲ့ သူ့အလုပ်ကို ချစ်တာ မဟုတ်ပါဘူး၊ စိတ်နေစိတ်ထားကို ချစ်တာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ