Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ထိတ်လန့်တုန်လှုပ်စွာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ရုပ်ရှင် “A Cure For Wellness”

$
0
0

ဒီတခါမှာတော့ IMDB rating (6.4) ရရှိထားတဲ့ ထိတ်လန့်တုန်လှုပ်စရာ Horror ဒရာမာအမျိုးအစား ရုပ်ရှင်ဇာတ်ကား ကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ Gore Verbinski က ရိုက်ကူးထားတာဖြစ်ပြီး “Amazing Spiderman” ရုပ်ရှင်ဇာတ်ကားမှာ ဗီလိန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dane DeHaan, Jason Issaacs နဲ့ မင်းသမီး Mia Goth တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Lockhart ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးကုမ္ပဏီတခုရဲ့ အရေးပါတဲ့ နေရာကို ရရှိထားသူ တဦးဖြစ်ပြီး ကုမ္ပဏီရဲ့အကျိုးတူ ပူးပေါင်းဖို့ကိစ္စမှာ အခက်အခဲတခုရှိနေပြီး ဒါကတော့ ကုမ္ပဏီရဲ့CEOဟာ တောင်ပေါ်ဒေသ တခုမှာရှိတဲ့ ရောဂါကုသရေးစင်တာတခုကို ရောက်ရှိနေလို့ပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ Lockhart ဟာ CEO ရှိရာ ဆွစ်ဇာလန်ရဲ့ တောင်ပေါ်ဒေသဆီ ခရီးထွက်ခဲ့ရာကနေ အဲဒီနေရာဟာ ကြောက်စရာကောင်းလှတဲ့ သမိုင်းကြောင်းတွေရှိတဲ့ နေရာတခုပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ခန့်က အဲဒီရောဂါကုသရေးစင်တာကို တည်ထောင်ခဲ့တဲ့ ဆွစ်ဇာလန် နယ်စားဟာ သူ့ရဲ့ သန့်စင်တဲ့ မျိုးဆက်အတွက် ညီမအရင်းဖြစ်သူကို လက်ထပ်ထိမ်းမြားဖို့ ကြိုးစားခဲ့တဲ့အတွက်ကြောင့် ရွာသူရွာသား တွေအားလုံးဟာ တောင်ပေါ်ကိုတက်လာခဲ့ပြီး အဲဒီရောဂါကုသရေး စင်တာကို မီးလောင်တိုက်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒီရောဂါကုသရေးစင်တာကို  လူချမ်းသာတွေကသာ စိတ်အပန်းဖြေဖို့ လာရောက်ကြတာဖြစ်ပြီး ဒီကိုလာပြီးသူတွေဟာ ရောဂါကုသရေးစင်တာမှာပဲ ပျော်မွေ့နေကြပြီး မပြန်နိုင်ကြတော့ပါဘူး။ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ လျှို့ဝှက်ချက်တွေကြားထဲမှာ Lockhart တယောက် သူ့ရဲ့ CEO ကို ပြန်ခေါ်ထုတ်သွားနိုင်မလားဆိုတာ  ဆက်လက်ကြည့်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီရုပ်ရှင်ဟာဆိုရင် Horror ရုပ်ရှင်ကားပီပီ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ကြည့်ရှုချိန် ၂နာရီ ၂၆ မိနစ်ကြာတဲ့ ဒီရုပ်ရှင်ဇာတ်ကားဟာဆိုရင် သရဲကားတွေလို ကြောက်လန့်နေရတဲ့ ခံစားမှုထက် ကြည့်နေရင်း စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ရုပ်ရှင်ဇာတ်ကားမျိုးလည်း ဖြစ်တာကြောင့် Psycho Horror ဇာတ်ကားကောင်း ကြိုက်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း ဖြစ်တယ်လို့ ညွှန်းဆို လိုက်ပါတယ်။

The post ထိတ်လန့်တုန်လှုပ်စွာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ရုပ်ရှင် “A Cure For Wellness” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ