Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“High 5″သီချင်းမှာ မြန်မာလိုရော အင်္ဂလိပ်လိုပါ ဆိုထားတဲ့ Lancifer နဲ့ မိစန္ဒီ

$
0
0

Rap သီချင်းတွေ သီဆိုတတ်တဲ့ အဆိုတော် မိစန္ဒီက နိုင်ငံခြား အဆိုတော် Lancifer နဲ့အတူ “High 5” ဆိုတဲ့ သီချင်းကို တွဲဖက်သီဆိုထားပြီး ဒီသီချင်းက လတ်တလောမှာ လူကြိုက်များနေတဲ့ သီချင်းတပုဒ်လည်း ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ အဆိုတော် မိစန္ဒီက အခုလို ဆိုပါတယ်။

“မိစန္ဒီကို အရင်တုန်းကလို Rap မိုက်မိုက်တွေ မဆိုဘူးလားဆိုတဲ့ ပရိတ်သတ်တွေ အတွက် မြန်မာလိုရော၊ ဘိုလိုပါ နည်းနည်း မှုတ်ထားပါတယ်။ လူမျိုးဘာသာစကား မတူတဲ့သူ နှစ်ယောက် သီချင်းတပုဒ်ကို အတူတူ ပေါင်းရေးရတာ လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ အတွေ့အကြုံတွေလည်း အများကြီးရပါတယ် အကောင်းဆုံး ကြိုးစားထားပါတယ်။ ပရိတ်သတ်တွေအတွက် ထူးခြားမယ် နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်” လို့ မိစန္ဒီက ပြောပါတယ်။

“Lancifer နဲ့ ဒီသီချင်းလေးကိုဖန်တီးဖြစ်တာက ဒီသီချင်းကို ကလို့လည်း ရမယ်။ သီချင်း ဆိုလို့လည်း ရတဲ့ သီချင်းလေးကို ချစ်ခင်ဖို့ Peace ဖြစ်မယ့် သီချင်းလေး ရေးကြမယ်ဆိုပြီး စလုပ်ဖြစ်တာပါ” လို့ မိစန္ဒီက ဆိုပါတယ်။

အဆိုတော် Lancifer က အရင်တုန်းကလည်း အဆိုတော်ဖြူဖြူကျော်သိန်းနဲ့အတူ တွဲဖက်ပြီး “MIRACLE (အံ့သြဖွယ်)” ဆိုတဲ့ တေးသီချင်းကို သီဆိုဖူးသူတယောက် ဖြစ်ပါတယ်။ မိစန္ဒီက လတ်တလောမှာလည်း “Empty Pocket (မွဲနေပြီ)” ဆိုတဲ့ သီချင်းတပုဒ်ကိုလည်း အွန်လိုင်းမှာ ဖြန့်ချိထားပါသေးတယ်။

ဆက်စပ် သတင်းလင့်ခ်“Empty Pocket” (မွဲနေပြီ) ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့ ပတ်သက်ပြီး မိစန္ဒီ ပြန်တောင်းပန်

Lancifer မိစန္ဒီ နဲ့ Lancifer တို့ ပူပေါင်းဖန်တီးထားတဲ့ “High-5 (ရိုက်လိုက်)” သီချင်းကို JOOX Myanmar , Legacy Myanmar Music Store, Zalo Music မှာ ဇူလိုင် ၂၈ရက်နေ့ကစပြီး ပရိသတ်များအတွက် ဖြန့်ချိပေးထားတယ်လို့ သိရပါတယ်။

The post “High 5″ သီချင်းမှာ မြန်မာလိုရော အင်္ဂလိပ်လိုပါ ဆိုထားတဲ့ Lancifer နဲ့ မိစန္ဒီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ