Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“Miss Universe Thailand 2018” အလှမယ် Sophida “Ning”ရဲ့ အိပ်မက်ခရီး

$
0
0

ဂုဏ်သရေရှိ စင်မြင့်ထက်မှာ ရပ်နေတဲ့ အလှမယ် Sophida “Ning” Kanchanarin ဟာ သူ့ရဲ့ ခေါင်းမှာ စိန်သရဖူကို ဆောင်းထားပြီး ပြုံးပြနေခဲ့ပါတယ်။ သူ့ကို ကြီးမားတဲ့ ပန်းစည်းတခု ပေးခဲ့ပြီးတဲ့နောက် သူဟာ ကြည့်ရှုနေကြတဲ့ ပရိသတ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။ “Miss Universe Thailand 2018” လို့ ရေးသားထားတဲ့ စလွယ်ကိုလည်း သူ့ပုခုံးထက်မှာ ဆင်မြန်းထားပါတယ်။

“Miss Universe Thailand 2018” အလှမယ် သရဖူဆု ရရှိစဉ်

အသက် ၂၃ နှစ်အရွယ်၊ ရင်းနှီးမြှုပ်နှံမှု ဘဏ်မန်နေဂျာတဦး ဖြစ်တဲ့ Sophida အတွက်တော့ အလှဘုရင်မ ဖြစ်ချင်ခဲ့တဲ့ ကလေးဘဝတုန်းက အိပ်မက်အတိုင်း ဖြစ်လာခဲ့ပြီး အိပ်မက်ဆန်တဲ့ ဇာတ်လမ်းတခုလည်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ ပညာမသင်ခင်အထိတော့ အလှမယ် Sophida ဟာ ဘန်ကောက်မြို့မှာပဲ မွေးဖွားခဲ့ပြီး ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

သူဟာ အမေရိကန် ပြည်ထောင်စု၊ လတ်ဗေးဂတ်စ်မြို့ မှာရှိတဲ့ နီဗားဒါး တက္ကသိုလ်ကနေ ငွေကြေးစီမံ အထူးပြုနဲ့ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့တခုကို ရရှိခဲ့ပါတယ်။ တည်ငြိမ်တဲ့အလုပ်တခုကို ရရှိခဲ့ပြီးတဲ့နောက် သူဟာ ငယ်ငယ်တုန်းက “အလှမယ် ဖြစ်ချင်တယ်” ဆိုတဲ့ သူ့ရဲ့ အိပ်မက်ကို “အကောင်အထည် ဖော်နိုင်ပါစေ” ဆိုတဲ့ သူ့မိဘတွေရဲ့ ဆုတောင်း ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

“Miss Universe Thailand 2018” အလှမယ် Sophida “Ning”

ပရိသတ်တွေက ချစ်စနိုးနဲ့ မန်နေဂျာ “Ning” လို့ခေါ်တဲ့ Sophida က “လူတိုင်းဟာ တချိန်တည်းမှာ ကိစ္စ တော်တော် များများကို လုပ်ဆောင်နိုင်တယ်လို့ ကျမ ယုံကြည်ပါတယ်။ သူတို့လိုချင်တဲ့ အရာတိုင်း ရရှိနိုင်ပါတယ်” လို့ ပြောကြားခဲ့ဖူး ပါတယ်။ အခုလိုမျိုး အိပ်မက်တခုကို သူဖြည့်ဆည်းနိုင်ခဲ့ပေမယ့် အိပ်မက် အသစ်တခုနဲ့ ခရီးလမ်းတခုကတော့ ရှေ့မှာ ရှိနေဆဲ ဖြစ်ပါတယ်။

“Miss Universe Thailand” ဆိုတဲ့ ဂုဏ်ပုဒ်ပိုင်ရှင် တယောက်အနေနဲ့ Sophida ဟာ အခုနှစ်ကုန်မှာ ကျင်းပမယ့် မယ်စကြာဝဠာ အလှမယ်ပြိုင်ပွဲမှာ နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ သူဟာ လမ်းလျှောက်ပုံ၊ စကားပြောပုံ၊ ကိုယ်နေဟန်ထား၊ ကမ္ဘာ့သတင်းတွေနဲ့ ထိတွေ့မှု ရှိနေရဦးမှာ ဖြစ်ပြီး တကယ့်ပွဲကြီးနေ့အတွက် အဆင်သင့်ဖြစ်ဖို့ ခေတ်သစ် အလှမယ်တဦး ထမ်းဆောင်ရမယ့် အခြားတာဝန်တွေလည်း ရှိပါသေးတယ်။

အခုအထိတော့ အတည်မပြုနိုင်သေးပေမယ့် မယ်စကြာဝဠာ ပြိုင်ပွဲကြီးကို ဘန်ကောက်မြို့မှာ ပြန်လည် ကျင်းပမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားပါတယ်။ အခုလိုမျိုး ဖြစ်နိုင်ချေကို Sophida က စိတ်လှုပ်ရှားနေပြီး သူ့ရဲ့ မွေးရပ်မြို့မှာ တခြားပြိုင်ပွဲဝင်တွေကို ပြသရမှာ သဘောကျတယ်လို့ ပြောဆိုထားပါတယ်။

သူက “ကျမက အစားအသောက် သဘောကျတဲ့အတွက် ကျမက သူတို့ရဲ့ အစားအသောက် ဂုရုကြီးဖြစ်ပြီးတော့ အာရှ အစားအသောက်မျိုးစုံနဲ့ ကိုရီးယား ရေခဲမုန့်တို့ကို စားသောက်ဖို့ သူတို့ကို ခေါ်သွားမှာပါ။ တရုတ်တန်းကိုလည်း ခေါ်သွားဦးမှာပါ။ သူတို့ သဘောကျမယ်ဆိုတာ သေချာပါတယ်။ မြဘုရားကိုလည်း သွားရောက် လည်ပတ်ကြဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Sophida အတွက်တော့ အမျိုးသားတွေလွှမ်းမိုးတဲ့ ငွေကြေးစီမံကဏ္ဍနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ အမျိုးသမီးတွေ လွှမ်းမိုးရာ အလှမယ်ပြိုင်ပွဲကို တက်ရောက်လာခဲ့ပြီး ခွန်အားဖြစ်စေနိုင်မယ့် အတွေ့အကြုံတွေကိုလည်း ရှာဖွေနိုင်ခဲ့ပြီလို့ဆိုပါတယ်။ သူက “မာတင်လူသာကင်းလိုမျိုး တခြားပုဂ္ဂိုလ်တွေကို လူတယောက်က အားကျအတုယူနိုင်တယ်လို့ ကျမ လုံးဝ ယုံကြည်ပါတယ်။ သူဟာ လူမည်းတွေ ကိုယ့်ကိုယ်ကို အတွက် ရပ်တည်ဖို့နဲ့ မှန်ကန်တာတွေပဲ လုပ်ဖို့ ခွန်အား ဖြစ်စေခဲ့ ပါတယ်။ ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့ အမျိုးသမီးတိုင်းနဲ့ ကျား၊ မတိုင်းဟာ ကျမအတွက်တော့ ညီတူမျှတူပါပဲ။ အလှမယ် တယောက်ဆိုတာ လူသားတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်တာမျိုး ဖြစ်နိုင်ပါတယ်။

အမျိုးသမီးတွေဟာ ခေါင်းဆောင်တွေ ဖြစ်နိုင်ပြီး သူတို့ရဲ့ ကလေးတွေကို အားကျအတုစေနိုင်တယ်ဆိုတာ ကမ္ဘာကို ပြသနိုင်ပါတယ်” လို့ ဆိုပါတယ်။

မယ်စကြဝဠာပြိုင်ပွဲရဲ့ ရေကူးဝတ်စုံယှဉ်ပြိုင်မှုနဲ့ ပတ်သက်လို့တော့ Sophida က အဲဒါဟာ အမျိုးသမီးတွေ အနေနဲ့ ကျန်းမာကြံ့ခိုင်ဖို့ တွန်းအားပေးနိုင်တယ်လို့ ထင်တဲ့အကြောင်း ပြောဆိုထားပါတယ်။ သူက “ကျမ အတွက်တော့ ရေကူးဝတ်စုံ ဝတ်ရဖို့ဆိုတာ ကိစ္စကြီးတရပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ယဉ်ကျေးမှုတိုင်း အတွေးအမြင်တိုင်းကို ကျမ လေးစားပါတယ်။ လူတိုင်းဟာ ကွဲပြားတဲ့ အမြင်ရှိကြပါတယ်” လို့ ဆိုပါတယ်။

“Miss Universe Thailand 2018” Top 5 အလှမယ်များ

ကမ္ဘာကျော် အလှမယ်ပြိုင်ပွဲမှာ လိင်ပြောင်းအမျိုးသမီးတွေ ဝင်ရောက်ယှဉ်ပြိုင်လာခဲ့တဲ့ ကိစ္စကတော့ ဥပဒေ အရသာ ဖြစ်သင့်တယ်လို့ ခံစားတယ်လို့ ဆိုပါတယ်။ မယ်စကြဝဠာပြိုင်ပွဲ စီစဉ်သူတွေဟာ ၂၀၁၂ ခုနှစ်ကစလို့ လိင်ပြောင်း အမျိုးသမီးတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်အနေနဲ့ သူတို့ရဲ့ နိုင်ငံမှာ တရားဝင် အမျိုးသမီးအဖြစ် အသိအမှတ် ပြုထားကြောင်း ထောက်ခံချက်တော့ ပြရမှာဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံမှာတော့ လိင်ပြောင်း ပုဂ္ဂိုလ်တယောက်ကို အမျိုးသားကနေ အမျိုးသမီး ဒါမှမဟုတ် အမျိုးသမီးကနေ အမျိုးသားဆိုပြီး ပြောင်းလဲဖို့ ခွင့်ပြုထားတဲ့ တရားဝင် ဥပဒေတော့ မရှိသေးပါဘူး။ နောက်တခုကတော့ ငွေကြေး ချို့တဲ့သူတွေအတွက် သူက ပြောနိုင်ဆိုနိုင်တဲ့သူတယောက် ဖြစ်လာနိုင်တဲ့ နေရာတခုရဖို့ မျှော်လင့်နေပါတယ်။

ကလေးတွေနဲ့ ကိုယ်လက်အင်္ဂါ သန်စွမ်းမှု ချို့တဲ့နေတဲ့သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေးနဲ့ လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ Sophida ရဲ့ ညီမလေးကိုယ်တိုင်က မွေးကင်းစ ကတည်းက ဦးနှောက်ချို့ယွင်းမှုကို ခံစားနေရတဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယဆုရရှိခဲ့တဲ့ Valentina “Ploy” Giardullo နဲ့အတူ “Little Miss Universe” ဆိုတဲ့ ကမ်ပိန်းကို လုပ်ဆောင်နေပြီး ကျောင်းတွေကို သွားရောက်ကာ ကလေးတွေနဲ့ အတူ ကျောင်းတွင်းလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေပါတယ်။

သူ့ရှေ့က ထိုင်းနိုင်ငံကိုယ်စားပြု မယ်စကြဝဠာဟောင်းကနေ ပေးအပ်ခဲ့တဲ့ မီးရှူးတန်ဆောင်ကို သယ်ဆောင်ဖို့ Sophida ထံမှာ ဖိအား ရှိနေပါပြီ။ လမ်းခရီးက ရှေ့မှာ ကြမ်းတမ်းနိုင်ပြီး သူနဲ့အတူ ဆုရရှိခဲ့သူတွေနဲ့ လမ်းလျှောက်ပုံ၊ စကားပြောပုံမှာ မကြာခဏ နှိုင်းယှဉ်ပြောဆိုခံရတာ၊ ဝေဖန်ခံရတာတွေ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

အခုရောက်နေတဲ့ နေရာကို ရောက်ရှိဖို့ Sophida ဟာ အတိတ်မှာ ရခဲ့တဲ့ ကျရှုံးမှုတွေနဲ့ ဝေဖန်မှုတွေကြောင့် ဘဝမှာ တွန်းအားနဲ့ သင်ခန်းစာ ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဉာဏ်ကောင်းတဲ့ ကျောင်းသူတဦး မဟုတ်ခဲ့တဲ့ အတွက် ကျောင်းမှာ တချို့ဘာသာရပ်တွေကို ကျရှုံးခဲ့ဖူးတယ်လို့ ဝန်ခံထားဖူးပါတယ်။

သူက “ဘဝမှာ အကြိမ်ပေါင်းများစွာ ကျရှုံးကောင်း ကျရှုံးနိုင်ပါတယ်။ အားလုံးထက်အရင် ဘယ်တော့မှ အရှုံးမပေး လိုက်ပါနဲ့။ အရာရာဟာ အခက်အခဲတွေ ချည်းပါပဲ။ ဘာလုပ်ရမလဲလို့ မသိခဲ့ရင်တောင် ကိုယ်လုပ်နိုင်တယ်လို့ပဲ ကိုယ်ယုံကြည်လိုက်ပါ” လို့ ပြောကြားခဲ့ပါတယ်။

Ref:Bangkokpost

Bangkok Post တွင် ရေးသားထားသော “Miss Universe Thailand 2018 Sophida Kanchanarin reflects on her journey, modern beauty pageants, and the road ahead” ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆို ထားသည်။

The post “Miss Universe Thailand 2018” အလှမယ် Sophida “Ning” ရဲ့ အိပ်မက်ခရီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ