Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကျနော်တို့ ရုပ်ရှင်အစည်းအရုံးသည် အရေးယူလို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး”

$
0
0

မကြာသေးခင်က အွန်လိုင်း အသုံးပြုသူများကြား ရေပန်းစားခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ ပွဲတက်ဝတ်စုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနဲ့ အတူ တာဝန်ရှိလူကြီးများက သင်ဇာဝင့်ကျော်ကို ခေါ်ယူပြီး ဆုံးမစကားပြောခဲ့တယ်လို့ သိရပါတယ်။

”ကျနော်ရယ် ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဦးအေးကြူလေးရယ်၊ အတွင်းရေးမှူး ဦးညီညီထွန်းလွင်ရယ်၊ တွဲဖက် အတွင်းရေးမှူး ဖြစ်တဲ့ ဦးဇော်မြင့်ဦးတို့က သင်ဇာဝင့်ကျော်ကို ဆုံးမစကား ပြောပါတယ်။ နောင်ကိုလည်း ဒီလို အဝတ်အစားမျိုး၊ ဝတ်စားဆင်ယင်မှုတွေမှာ အများအမြင် မတင့်တယ်တဲ့ ကိစ္စမျိုးတွေကို အများပြည်သူတွေကြားမှာ မဝတ်ဖို့ ဆုံးမစကား ပြောပါတယ်။ သင်ဇာဝင့်ကျော် ကိုယ်တိုင်ကလည်း လိုက်နာခဲ့ပြီး တောင်းပန်ပါတယ်။ နောင်ကို ထိန်းသိမ်းပါ့မယ် ဆိုတဲ့ ကတိလည်း ပြုသွားပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဟာ ၂၀၁၀ နောက်ပိုင်းက စပြီး NGO အဖွဲ့အစည်းတခု ဖြစ်လာတာကြောင့် အနုပညာရှင်တွေ ဒီလိုဝတ်စား ဆင်ယင်တဲ့အခါမှာ အရေးယူလို့ရတဲ့ အဖွဲ့အစည်း မဟုတ်တော့ဘူးလို့လည်း ဦးဇင်ဝိုင်းက ဆက်လက် ပြောပါတယ်။

“အရေးယူရအောင်လည်း ကျနေ်ာတို့က တော်တော် ခက်တယ်။ ဒါကို အရေးယူရအောင်လည်း ကျနော်တို့က အရေးယူတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဒါကိုလည်း သိစေချင်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ကျနော်တို့ ရုပ်ရှင်အစည်းအရုံးကို ထင်နေတဲ့ အထင်က တမျိုးဖြစ်နေပါတယ်” လို့ ဦးဇင်ဝိုင်းက ဆိုပါတယ်။

“မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက၂၀၁၀ ခုနှစ် အရှေ့ပိုင်းမှာတော့ အာဏာပိုင် အဖွဲ့အစည်းအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အာဏာရှိတဲ့ အစိုးရကလည်း ရုပ်ရှင် အစည်းအရုံးကို အာဏာ တပိုင်းတစ ပေးပါတယ်။ လောကသားတွေကို ထိန်းချုပ်နိုင်ဖို့၊ လောကသားတွေအနေနဲ့ နိုင်ငံရေးတွေ ဘာတွေညာတွေ မလုပ်နိုင်အောင် ထိန်းချုပ်ဖို့ အာဏာပေးခဲ့ပါတယ်။ အဲ့အတွက် အဲ့ခေတ်ကာလကတော့ ရုပ်ရှင်လောကသား တော်တော်များများကို ဘယ်နှစ်လ ပိတ်တယ်၊ ဘယ်နှစ်လ ခွင့်မပြုဘူး။ ရုပ်ရှင် မရိုက်ရဘူး၊ ပြဇာတ် မကရဘူး၊ သီချင်း မဆိုရဘူး ဆိုတဲ့ ပိတ်ပင်မှု တွေရှိခဲ့ပါတယ်” လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။

ဆက်လက်ပြီး ဦးဇင်ဝိုင်းက “သို့သော်၂၀၁၀ခုနှစ်နောက်ပိုင်းမှာ လွန်မြောက်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ ရုပ်ရှင်အစည်းအရုံးက အာဏာပိုင် အဖွဲ့အစည်း မဟုတ်တော့ပါဘူး။ ကျနော်တို့ အဖွဲ့အစည်းက NGO အဖွဲ့အစည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်က စလို့ ရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဋ္ဌ တာဝန်ကို ဒုတိယအကြိမ်မြောက် ထမ်းဆောင်လာတဲ့ အကယ်ဒမီ ဇင်ဝိုင်းဟာ ရုပ်ရှင်အစည်းအရုံးက လုပ်နိုင်တဲ့အတိုင်းအတာမှာ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ညှိနှိုင်းခြင်း ဒီအတိုင်းအတာ ထိရှိကြောင်း၊ “အရင်လို စာရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်တာနဲ့ ဒီအမိန့်ကို လိုက်နာရမယ်။ မလိုက်နာရင် အရေးယူမယ် ဆိုတဲ့ ခေတ်က မရှိတော့ပါဘူး။ ခေတ်တွေလည်း ပြောင်းသွားပြီ” လို့ ပြောပြခဲ့ပါသေးတယ်။

ဆက်စပ် သတင်းလင့်ခ်“အနုပညာရှင်တွေရဲ့ ဝတ်စားဆင်ယင်မှု အပိုင်းနဲ့ ပတ်သက်ပြီး အများကြီးပြောစရာ မရှိပါဘူး”

The post “ကျနော်တို့ ရုပ်ရှင်အစည်းအရုံးသည် အရေးယူလို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ