Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဖွေးဖွေးအတွက် ဆိုးဝါးတဲ့ အမှတ်တရတွေ ရှိခဲ့တဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)”ဇာတ်ကား

$
0
0

ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ရုပ်ရှင်ဇာတ်ကားမှာတော့ အသက်ရှိနေတဲ့ လောက်ကောင်အရှင်တွေ ခန္ဓာကိုယ်ပေါ်ကို တက်တဲ့အခန်းက ဘဝမှာ ဆိုးဆိုးရွားရွား အမှတ်တရဖြစ်တယ်လို့ ဖွေးဖွေးက ပြောပါတယ်။

“မှတ်မှတ်ရရဆိုရင် ဖွေးကို လောက်ကောင်တွေ တက်တဲ့အခန်း၊ ကိုယ်သေသွားရင်လည်း လောက်ထွက်မယ် ဆိုတာ သိပါတယ်။ မသေခင် လောက်တတ်ခံရမှာကို မစဉ်းစားထားမိဘူး။ ကိုယ့်ဘဝမှာ တော်တော်ဆိုးတဲ့ အမှတ်တရပေါ့နော်။ အခုပြန်ကြည့်ရင်တော့ ရယ်စရာပေါ့” လို့ ဖွေးဖွေးက ပြောပါတယ်။

ဒီကားထဲမှာတော့ ဖွေးဖွေးက အောက်လမ်းပညာကို ယုံကြည်တဲ့ အလင်းရောင်ရဲ့ သူငယ်ချင်း ကောင်မလေး နေရာက သရုပ်ဆောင်ထားပြီး ဒီကားထဲက တယောက်ချင်းစီရဲ့ အိုက်တင်တွေကို ကြိုက်တယ်လို့လည်း ပြောပါတယ်။

“ဒီကားထဲမှာ ဖွေးက “သာယာ” ဆိုတဲ့ သူအဖြစ် အလင်းရောင်ရဲ့ သူငယ်ချင်းကောင်မလေးနေရာက သရုပ်ဆောင် ထားပါတယ်။ တော်တော်များများက ဖွေးဇာတ်တွေပေါ့။ ပြန်ပံ့ပိုးတဲ့ ဇာတ်တွေလည်း ရှိသင့်တယ် ထင်တယ်။ သူတို့နဲ့လည်း တခါမှ မဆုံဖူးတဲ့အခါကျတော့ လက်ခံဖြစ်တာပါ။ များသောအားဖြင့် အလင်းရောင်ရဲ့ ဗီလိန်ကို ကိုဝိုင်း သင်တာ များပါတယ်။ ဖွေးကတော့ နည်းနည်းပါးပါးလေးပဲပြောပြတာပါ။ ဒီမှာ တယောက်ချင်းစီရဲ့ အိုက်တင်တွေကို ဖွေးကြိုက်တယ်” လို့ဖွေးဖွေးက ဆိုပါတယ်။

အဆိုပါ “ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ဇာတ်ကားကတော့ အောက်လမ်းပညာနဲ့ပတ်သက်ပြီး ဝတ္ထု မီမီရဲ့ ဇာတ်လမ်းကို ဇာတ်ညွှန်း၊ ဒါရိုက်တာ ဝိုင်းက ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် အလင်းရောင် ၊ ကျော်ထက်အောင် ၊ ဖွေးဖွေး ၊ ရတနာဗိုတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

အောက်လမ်းပညာနဲ့ပတ်သက်ပြီး အယုံအကြည်ရှိလားဆိုတာနဲ့ပတ်သက်ပြီး ဖွေးဖွေးက အခုလိုပဲဆိုပါတယ်။

“အောက်လမ်းပညာကတော့ မရှိဘူးလို့ ပြောလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ တွေ့ဖူးတာတွေလည်းရှိတယ်။ ကိုယ် ကိုယ်တိုင် မကြုံရသေးဘူးဆိုပေမယ့် ဟိုတလောကဆို အိမ်က CCTV မှာ ပြန်တွေ့တာ အိမ်ထဲကို လူကြီး တယောက် အမှိုက်တွေ မြေဆွေးတွေ လာပစ်တာ တွေ့ဖူးတယ်။ သူကတော့ ဘာလုပ်တာလဲ မသိပေမယ့် ကိုယ်ကတော့ ဘုရားတရားကို မမေ့ဘူး။ မေတ္တာပဲ ထားပါတယ်” လို့ ဖွေးဖွေးက ပြောပါတယ်။

“ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ဇာတ်ကားကိုတော့ ဇူလိုင်လ ၂၂ရက်နေ့က အထူးပွဲပြသခဲ့ပြီး ဇူလိုင်လ ၂၇ ရက်နေ့မှာတော့ တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံများမှာ ပြသသွားမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်“ကာဗွန်ဒိုင်အောက်ဆိုဒ်” ရုပ်ရှင်မှာ လိုအပ်ချက်တွေကို ဖြည့်ကြည့်ပေးဖို့ ဒါရိုက်တာ ဝိုင်း ပြော

The post ဖွေးဖွေးအတွက် ဆိုးဝါးတဲ့ အမှတ်တရတွေ ရှိခဲ့တဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)” ဇာတ်ကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ