Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မကြာခင် ရုံတင်မယ့် ရုပ်ရှင်ကားအတွက် စိတ်လှုပ်ရှားနေရသူ အလှမယ် ထားထက်ထက်

$
0
0

အလှမယ် ထားထက်ထက်က သူပါဝင်သရုပ်ဆောင်ထားတဲ့ “လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို မကြာခင်မှာ ရုံတင်ပြသတော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

“၂၀၁၄ ခုနှစ်လောက်ကတည်းက ရိုက်ကူးပြီး ထားထက် ပါဝင်သရုပ်ဆောင်ထားတဲ့ “လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ” ရုပ်ရှင်ကားကြီး ၈ လပိုင်း ၁၇ ရက်နေ့မှာ ရုံတင်ဖို့ရှိပါတယ်။ လောလောဆယ်တော့ အဲဒီကား အတွက်ကို အရမ်း စိတ်လှုပ်ရှားနေပါတယ်။ အရှေ့မှာ ဗီဒီယိုကား တကား ရိုက်ဖူးတယ်ဆိုပေမယ့် ထားထက်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးပါ” လို့ ထားထက်ထက်က ဧရာဝတီကို ဆိုပါတယ်။

ထားထက်ထက်က Miss Grand International Myanmar 2013 ဆုရအပြီး အနုပညာတွေ ဆက်တိုက် လှုပ်ရှားရင်း ရုပ်ရှင်ကားတွေ ရိုက်ကူးထားပေမယ့် ပရိသတ်ရှေ့ကို “လူကြမ်းတစ်ယောက်ရဲ့ဒိုင်ယာရီ ” ဇာတ်ကားက ရိုက်ကူးပြီး ၄ နှစ်အကြာမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

အဲဒီကားမှာ ထားထက်ထက်က သရုပ်ဆောင် လူမင်း၊ယုန်လေး၊ထူးခြားတို့နဲ တွဲဖက် သရုပ်ဆောင်တာြ ဖစ်တယ်လို့ ဆိုပါတယ်။ ဒီကားနဲ့ ပတ်သက်လို့ ထားထက်ထက်က အခုလိုဆိုပါတယ်။

“၄ နှစ်လောက်လည်း ကြာနေပြီ။ ခုမှ ရုံတင်မှာဆိုတော့ စိုးရိမ်တယ်။ ခုချိန်ဆိုရင်တော့ အဲဒီအချိန်တုန်းက ထက်ပိုလုပ် နိုင်နေပြီလေ။ အရမ်းအချိန်တွေကြာနေမှဆိုတော့ ပရိသတ်ကအဆင်ပြေပါ့မလား ၊ ပရိသတ် မျက်စိထဲ ဝင်ပါ့မလား၊ သူတို့ မကြိုက်ဘူးများ ဖြစ်မလားပေါ့”

“အဲဒီလို ဒီဇာတ်ကားပေါ်မှာ စိုးရိမ်စိတ်တွေ သိပ်များနေတယ်။ ပြီးတော့ အဲဒီကားက စရိုက်ကတည်းက ဂယက်တွေ အများကြီးပဲ။ ဒီကားရိုက်ရင်းနဲ့ မပြေလည်မှုတွေရော ၊ ထားထက် အဖေကလည်း အဲဒီအချိန်မှာ အရေးပေါ် ဆေးရုံတင်ရတာရောဆိုတော့ Stress တွေကအရမ်းများပါတယ်”လို့ ထားထက်ထက်က ဆိုပါတယ်။

ဆက်လက်ပြီး ထားထက်ထက်က “ကိုယ်ပြန်ကြည့်ရတဲ့ အချိန်မှာ မဆိုးပါဘူးပေါ့နော်။ အဆင်ပြေသားပဲလို့ သတ်မှတ်သလို ကြည့်မိတဲ့ ပရိသတ်ကလည်း ကိုယ့်ကို 100% အမှတ်ပြည့် မပေးရင်တောင်မှ အသစ် တယောက်အနေနဲ့ သူမဆိုးပါဘူး ဆိုတဲ့ စကားလေးကြားရရင်ပဲ ကျေနပ်ပါပြီ”လို့လည်း ဆိုပါတယ်။

ဒါ့အပြင့် ထားထက်ထက်က “အယူတော်မင်္ဂလာ”၊ “Special Force “, “25%” စတဲ့ ရုပ်ရှင်ကားကြီး ၃ ကားလည်း ရိုက်ကူးထားပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ထားထက်ထက်က “Surprise” အစီအစဉ်ဆိုပြီး မဇ္ဈိမတီဗီက ထုတ်လွှင့်နေတဲ့ အစီအစဉ်မှာလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ထားထက်ထက်က အချစ်ရေးနဲ့ပတ်သက်လို့ အခုချိန်မှာအေးအေးဆေးဆေးပါပဲလို့ဆိုပြီး အချစ်ကို စဉ်းစားဖို့ စဉ်းစားစရာတွေအများကြီးဖြစ်နေတဲ့အတွက် ဝေးပါသေးတယ်လို့လည်း ဧရာဝတီကို ဆိုပါတယ်။

The post မကြာခင် ရုံတင်မယ့် ရုပ်ရှင်ကားအတွက် စိတ်လှုပ်ရှားနေရသူ အလှမယ် ထားထက်ထက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ