Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဇာတိမြေ”ရုပ်ရှင်အား အွန်လိုင်းတွင် ဖြန့်ချိသူများကို ဥပဒေအရ အရေးယူမည်

$
0
0

ဂျပန် – မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးကို ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ “ဇာတိမြေ” (My Country My Home) ရုပ်ရှင် ဇာတ်ကားကြီးဟာ လတ်တလော အွန်လိုင်းမှာ ပျံ့နှံ့နေပြီး အဆိုပါ ရုပ်ရှင်ကို တရားမဝင် ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ အွန်လိုင်းပေါ်တင်ခြင်း၊ လက်ဝယ်ထားရှိခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေများဖြင့်အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ကြည်ဖြူသျှင်မှ ဂျပန် – မြန်မာ နှစ်နိုင်ငံ အထင်ကရ နေရာများမှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပြီး ယခုလိုမျိုး “ဇာတိမြေ” ရုပ်ရှင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာနိုင်ငံသားများ အနေနဲ့ မြန်မာနိုင်ငံရဲ့ သိက္ခာကို မချဖို့ သူ့ရဲ့ Facebook မှာ ရေးသားကာ ပြောထားပါတယ်။

“ကိုယ့်သိက္ခာကိုယ်ထိန်းကြပါ။ ကမ္ဘာသိအောင်တော့ မြန်မာနိုင်ငံရဲ့သိက္ခာမချကြပါနဲ့။ ဂျပန် မြန်မာချစ်ကြည်ရေး ရုပ်ရှင်ပါ။ ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာ ကျစေပါတယ်။ ကိုယ့်ကြောင့် ကိုယ့်မြို့ ၊ကိုယ်တက်ခဲ့တဲ့ ကျောင်း၊
ကိုယ့်မိဘ၊ ဘယ်လောက်တောင် သိက္ခာကျမလဲဆိုတာကို တွေးကြည့်ကြပါ။ ဂျပန်လူမျိုးတွေကတော့ မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လိုအမြင်မျိုးနဲ့တွေးမလဲ။ ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာတွေ၊ ဘယ်လောက်တောင် အထင်သေးခံရမလဲ။ တွေးတောင် မတွေးချင်တော့ပါဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုထားပါတယ်။

မြန်မာနိုင်ငံသားတွေအားလုံး ညီညွတ်မှုကို ပြသပေးဖို့နဲ့ လူတစုကြောင့် ကျရတဲ့သိက္ခာကို လူအများက ဝိုင်းဝန်းကူညီ မြှင့်တင်ပေးကြပါလို့လည်း ကြည်ဖြူသျှင်က တောင်းဆိုထားပါတယ်။

“ကျမတို့ မြန်မာနိုင်ငံသားတွေအားလုံး ညီညွတ်မှုကို ပြပေးပါ။ လူတစုကြောင့် ကျရတဲ့သိက္ခာကို လူအများက ဝိုင်းဝန်းကူညီ မြှင့်တင်ပေးကြပါ။ “ဇာတိမြေ” ရုပ်ရှင်ကို Share သူ၊ တင်သူများအား ဖြုတ်ခိုင်ခြင်း၊ မရလျှင် Report ထုခြင်းဖြင့် စသည်ဖြင့် ကူညီကြပါ။ နိုင်ငံရပ်ခြား ရောက်နေသော မြန်မာနိုင်ငံသားများလည်း ကူညီကြပါ” လို့ ကြည်ဖြူသျှင်က တောင်းဆိုထားပါတယ်။

“ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး (ဓာတ်ပုံ – My Country My Home’s Facebook)

“ဇာတိမြေ” (My Country My Home) ရုပ်ရှင်ဇာတ်ကားကြီးကို ယခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း ဂျပန်နိုင်ငံမှာ ပြုလုပ်တဲ့ “Osaka Asian Flim Festival 2018” ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါသေးတယ်။

“ဇာတိမြေ” ရုပ်ရှင်ဟာဆိုရင် ၁၉၈၈ ခုနှစ် အရေးအခင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရိုက်ကူးထားတာ ဖြစ်ပြီး အဲဒီ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မင်းသမီး ဝတ်မှုံရွှေရည်ကလည်း ဒီဇာတ်ကား ရိုက်ကူးစဉ်က ဘဝမှာ အပင်ပန်းဆုံး ဇာတ်ကားလို့တောင် ပြောလို့ရတယ်လို့ ဆိုဖူးပါတယ်။

“ဇာတိမြေဇာတ်ကားက ၈၈ အရေးအခင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ သက်ဆိုင်တာမျိုး ရိုက်ထားတာ ဆိုတော့ ဇာတ်လမ်းအရလည်း ထူးခြားတယ်လို့ ပြောချင်ပါတယ်။ ကစ်ကလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ဇာတိမြေဇာတ်ကားက ကစ်ဘဝမှာ အပင်ပန်းဆုံး ဇာတ်ကားလို့တောင် ပြောလို့ရပါတယ်” လို့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆိုပါတယ်။

“ဇာတိမြေ” ရုပ်ရှင်ကားကို မကြာခင် ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ကာ မြန်မာတနိုင်ငံလုံးမှာ ရုံတင် ပြသသွားမှာ ဖြစ်ပြီး အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ ကြည်ဖြူသျှင်မှ ဇာတ်ညွှန်းရေးသား ရိုက်ကူးကား သရုပ်ဆောင်များ အဖြစ် ရန်အောင်၊ အောင်ရဲလင်း၊ မိုရီဆာကီဝင်းနဲ့ ဝတ်မှုံရွှေရည်တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “ဇာတိမြေ ဇာတ်ကားက အပင်ပန်းခံပြီး ရိုက်ခဲ့ရတဲ့ကားပါ” လို့ ဆိုတဲ့ ဝတ်မှုံရွှေရည်

ဂျပန်နိုင်ငံက ရုပ်ရှင်ပွဲတော် တခုမှာ ပြသခဲ့တဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး

The post “ဇာတိမြေ” ရုပ်ရှင်အား အွန်လိုင်းတွင် ဖြန့်ချိသူများကို ဥပဒေအရ အရေးယူမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)