Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

တရုတ်ရုပ်ရှင် “Asura” ခွက်ခွက်လန်အောင် ရှုံးလို့ ပြသမှုရပ်ဆိုင်းလိုက်ရ

$
0
0

Alibaba Pictures Group ကထုတ်လုပ်ထားပြီး ဒေါ်လာ သန်း ၁၀၀ ကျော်အကုန်အကျ ခံရိုက်ကူးထားတဲ့ တရုတ်ရုပ်ရှင် တခုဟာ ရုံတင်ပြီး ပထမဆုံးသီတင်းပတ်မှာပဲ လူဝင်နည်းတဲ့အတွက် နိုင်ငံတွင်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေကနေ ပြသမှု ရုပ်သိမ်း သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဟောလိဝုဒ်ကတင်သွင်းထားတဲ့ နာမည်ကျော် ရုပ်ရှင်တွေနဲ့ ယှဉ်ပြိုင်ဖို့ ပြည်တွင်းက ရိုက်ကူးတဲ့ ရုပ်ရှင်တွေကို ပရိုမိုးရှင်း လုပ်ခဲ့ပေမယ့် အဲဒီရုပ်ရှင်ဟာ တရုတ်နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့က ဒေါ်လာ သန်း ၁၅၀ အကုန်အကျခံပြီး ပူးပေါင်းထုတ်လုပ်ထားတဲ့ “The Great Wall” ရုပ်ရှင် ပြီးတဲ့နောက် “Asura” ရုပ်ရှင်ဟာ တရုတ်နိုင်ငံရဲ့ ကုန်ကျငွေအများဆုံး ရုပ်ရှင်တခုလည်း ဖြစ်ပါတယ်။ မင်းသား Matt Damon ပါဝင်သရုပ်ဆောင်ထားတဲ့ “The Great Wall” ရုပ်ရှင်ဟာ ရုံဝင်ငွေအနေနဲ့ အံ့သြလောက်ဖွယ်ရာ အနေအထားမျိုး ရရှိခဲ့တာ မရှိခဲ့ပါဘူး။

တိဘက်ဒဏ္ဍာရီကို အခြေခံထားတဲ့ စိတ်ကူးယဉ် ရုပ်ရှင် “Asura” ဟာ ရုံဝင်ငွေ ဒေါ်လာ ၇ ဒဿမ ၄၁ သန်းသာရရှိခဲ့ပြီး ဒေသတွင်းရုပ်ရှင်အညွှန်း Site ဖြစ်တဲ့ Douban မှာ အညွှန်းကိန်း ၃ ဒဿမ ၁ သာရရှိခဲ့ပြီးတဲ့နောက် ထုတ်လုပ်သူတွေက ရုပ်ရှင်ရုံတွေကနေ ရုပ်ရှင်ကို ဖယ်ရှားလိုက်တာလည်း ဖြစ်ပါတယ်။

ရုပ်ရှင်ရဲ့ တရားဝင်လူမှုကွန်ရက်မီဒီယာမှာ တင်တဲ့ ကြေညာချက်တခုမှာတော့ ထုတ်လုပ်သူတွေက ရုပ်ရှင်ကို ဇူလိုင်လ ၁၅ ရက်နေ့ညမှာ ဖယ်ရှားခဲ့ပြီး ထုတ်လုပ်မှုကြာချိန် ၆ နှစ်ရှိခဲ့တဲ့ အဲဒီရုပ်ရှင်ကို ကြည့်နိုင်ခြင်း မရှိတော့တဲ့ ကြည့်ရှုသူ တွေကို တောင်းပန်ခဲ့ပါတယ်။

“Asura” ရုပ်ရှင်ဟာ ကုန်ကျစရိတ်ကြီးမားတဲ့ ရုပ်ရှင်တွေ ထုတ်လုပ်မှုရဲ့ ပြင်းထန်တဲ့ အန္တရာယ်နဲ့ပတ်သက်လို့ တရုတ် ထုတ်လုပ်သူတွေကို သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ အခုလိုမျိုး စိတ်ကူးယဉ်ရုပ်ရှင်ဟာ အောင်မြင်မှုမရခဲ့ပေမယ့် ဒေါ်လာ ၁၅ သန်းလောက်သာ အကုနုအကျခံရိုက်ကူးထားတဲ့ ရုပ်ရှင်တခုက ထင်မှတ်မထားဘဲ အောင်မြင်မှု ရရှိနေပါ တယ်။

အိန္ဒိယနိုင်ငံက တင်သွင်းလာတဲ့ ဆေးဝါးတွေကြောင့် အဖမ်းခံခဲ့ရတဲ့ တရုတ်ကင်ဆာဝေဒနာရှင်တွေ အကြောင်း ရိုက်ကူးထားတဲ့ “Dying to Survive” ရုပ်ရှင်ဟာ အခုအချိန်အထိ ရုံဝင်ငွေ ဒေါ်လာ သန်း ၃၅ဝ ရရှိထားပြီး ဖြစ်တယ်လို့ ရုံဝင်ငွေလေ့လာရေးအဖွဲ့ EntGroup ကဆိုပါတယ်။

မြောက်အမေရိကရုပ်ရှင်ဈေးကွက်ကို လွှမ်းမိုးဖို့ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံဟာ နိုင်ငံခြားကတင်သွင်းလာတဲ့ ရုပ်ရှင်နဲ့ တင်းကြပ်တဲ့ ဆင်ဆာစနစ် ရှိပေမယ့်လည်း ရုံဝင်ငွေများစွာ ရရှိနိုင်ဖို့ ကမ္ဘာတဝန်းက ထုတ်လုပ်သူတွေ မျှော်လင့်နိုင်မယ့် အရေးကြီးတဲ့ ဒေသတခုဖြစ်လာနေပါတယ်။

Ref:Reuters

The post တရုတ်ရုပ်ရှင် “Asura” ခွက်ခွက်လန်အောင် ရှုံးလို့ ပြသမှုရပ်ဆိုင်းလိုက်ရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ