Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကင်ဆာရောဂါ ခံစားနေရပေမယ့် စိတ်ဓာတ် ခိုင်မာနေတဲ့ မင်းသား Irrfan Khan

$
0
0

ဘောလိဝုဒ်မင်းသား Irrfan Khan ဟာ ရှားပါးတဲ့ ကင်ဆာရောဂါတမျိုးကို စစ်သည်တော်တဦးလို တိုက်ခိုက်နေပေမယ့် သူ့မျက်နှာပေါ်မှာ အပြုံးတွေကို မြင်တွေ့ရပါတယ်။

မင်းသားရဲ့ Twitter အကောင့်က ပရိုဖိုင်ရုပ်ပုံမှာဆိုရင် မင်းသား Irrfan ဟာ အားနည်းတဲ့ပုံ ပေါက်နေပေမယ့် စိတ်ဓာတ် ခိုင်မာနေပါတယ်။ အဝါရောက် တီရှပ်ကို ဝတ်ဆင်ထားပြီး ဖန်ပြတင်းပေါက်နားမှာ မတ်တပ်ရပ်နေတဲ့ မင်းသားနားထဲမှာ နားကြပ်ထိုးထားတာကိုလည်း မြင်တွေ့ရပါတယ်။

Twitter ပေါ်က သူ့ရဲ့ ပရိသတ်တွေကတော့ မင်းသားရဲ့ ရွှင်လန်းနေတဲ့ ဓာတ်ပုံမှာ အကောင်းမြင် မှတ်ချက်တွေ ပေးပြီး အားပေးခဲ့ကြပါတယ်။ အခုနှစ်အစောပိုင်းမှာ မင်းသား Irrfan ဟာ ရှားပါးတဲ့ရောဂါ တမျိုးကိုခံစားနေရပြီး ရွေးချယ်မှုတွေ အတွက် တိုက်ပွဲဝင်နေရတဲ့အကြောင်း လူမှုကွန်ရက်မီဒီယာတွေကနေ ပရိသတ်တွေ၊ သူငယ်ချင်း တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးပြီး ခေတ္တပျောက်ကွယ်သွားခဲ့ပါတယ်။

ရက်အနည်း ငယ်ကြာပြီးတဲ့နောက် သူဟာ အာရုံကြောဟိုမုန်းအကျိတ်ရောဂါ ခံစားနေရတယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ လန်ဒန်မြို့မှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လမှာတော့ မင်းသား Irrfan က ဒီရောဂါကြောင့် ဘဝဘယ်လောက်တောင် အပြောင်းအလဲ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ ခန့်မှန်းလို့မရနိုင်တဲ့ ရေစီးကြောင်းနဲ့အတူ သမုဒ္ဒရာထဲမှာ မျောနေတဲ့သူတယောက်လို့ သဘောပေါက်လာ ခဲ့တဲ့အကြောင်း စာတခုရေးသားခဲ့ပါတယ်။

မင်းသားက “ကျနော်ဟာ အာရုံကြောဟိုမုန်း ကင်ဆာရောဂါဖြစ်နေချိန်ကတည်းကဆိုရင် တော်တော်လေး အချိန်ကြာ သွားပြီဖြစ်ပါတယ်။ ဒါဟာ ကျနော့် အဘိဓာန်မှာ စကားလုံးအသစ်ပါ။ ရှားပါတယ်ဆိုတာကိုလည်း သိပါတယ်။ လေ့လာ ထားတာ နည်းနည်းပဲရှိပြီး သတင်းအချက်အလက်ကတော်တော်လေးကို နည်းတာကြောင့် ကုသမှုကို မှန်းဆမထား နိုင်မှုက ပိုပါတယ်။ ကျနော်က အသက်လုရတဲ့ ဂိမ်းတခုထဲရောက်နေရသလိုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

မင်းသားဟာ လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ ရုံတင်မယ့် “Karwaan” ဆိုတဲ့ ရုပ်ရှင်အသစ်ထဲက သီချင်းတွေကို သူ့ရဲ့ Twitter အကောင့်မှာ တင်ပြီး ပရိုမိုးရှင်းလုပ်ပေးခဲ့ပါတယ်။

Ref: indianexpress

The post ကင်ဆာရောဂါ ခံစားနေရပေမယ့် စိတ်ဓာတ် ခိုင်မာနေတဲ့ မင်းသား Irrfan Khan appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)