Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဘယ်သူမှ သိပ်မဝတ်တဲ့ ဝတ်စုံကို ဝတ်ဖြစ်ခဲ့တာပါ” ဆိုတဲ့ သင်ဇာဝင့်ကျော်

$
0
0

ဇူလိုင်လ ၁၄ ရက်နေ့ညက “Balance Fitness” ဆိုင်ဖွင့်ပွဲကို တက်ရောက်ပြီး ပွဲတက်ဝတ်စုံ ဝတ်လာတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဖက်ရှင်ကတော့ လတ်တလော ပရိသတ်တွေကြားမှာ ဝေဖန်မှု အများဆုံး ဖြစ်နေပါတယ်။ အဲဒီ ပွဲတက်ဝတ်စုံနဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်ကတော့ ဘယ်သူမှ သိပ်မဝတ်ဖြစ်တဲ့ ဝတ်စုံကို ရွေးချယ် ဝတ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

“ဒီဝတ်စုံလေးက သင်ဇာ ဘယ်ဒီဇိုင်နာနဲ့မှ ချုပ်ထားတာ မဟုတ်ပါဘူး။ Ready Made ပါ။ အဓိကက ကိုယ်လည်း Comfortable (သက်သောင့်သက်သာ) ဖြစ်မယ့်ဟာမျိုး၊ ပြီးရင် ဘယ်သူမှလည်း သိပ်မဝတ်သေးတဲ့ဟာပေါ့နော်။ ပြီးရင် ကိုယ်နည်းနည်း ကြိုက်မယ့်ဟာ။ ကိုယ်က Sexy ဘက်သွားတာ ကြိုက်တော့ Sexy ဘက် သွားတာလေးတွေ ပိုဝတ်ဖြစ်ပါတယ်” လို့ သင်ဇာဝင့်ကျောက် သူ့ရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

အခုလိုမျိုး သင်ဇာဝင့်ကျော်ရဲ့ ဝတ်စားဆင်ယင်မှုအပိုင်းနဲ့ ပတ်သက်လို့ လက်ခံတဲ့ ပရိသတ်တွေရှိသလို ဝေဖန်သူတွေလည်း များစွာ ရှိခဲ့ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့က Swim Suit နဲ့ ရိုက်ထားတဲ့ ပုံနဲ့ ပတ်သက်ပြီး ဝေဖန်စာ ရေးထားတဲ့ အမျိုးသမီးတယောက်ရဲ့ Facebook Comment ကလည်း သင်ဇာဝင်ေ့ကျာ်ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက် နစ်နာစေတဲ့ အရေးအသားမျိုး ဖြစ်တဲ့အတွက် တောင်းပန်ခြင်း မပြုလုပ်ရင် တရားစွဲဆိုမှု ပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

“တော်ရုံ တန်ရုံ စော်ကားတာလောက်ကတော့ သိပ်ပြဿနာ မရှိဘူး။ ဒါပေမယ့် ဒါက ကိုယ့်သိက္ခာလေ။ ကိုယ်သိက္ခာကို ထိပါးတယ်။ မဟုတ်လည်း မဟုတ်ဘူး။ အဲ့အတွက်ကြောင့် ကိုယ်က ပြန်ဖြေရှင်းတာပါ။ ကိုယ့်အကြောင်းကို မသိလို့လူတွေက မျိုးစုံပြောနေကြတာပဲလေ။ သင်ဇာဝင့်ကျော်က ဘယ်လို ဘယ်ဝါ၊ ဘာဖြစ်တယ် ညာဖြစ်တယ်၊ အဲ့လိုပြောကြတာပဲ။ ကိုယ့်အကြောင်းမသိလို့ ပြောတာပဲဆိုပြီး ခွင့်လွှတ်တယ်။ သူတို့က မသိလို့ ပြောတာပဲလေ ဆိုပြီးတော့ ခွင့်လွှတ်တယ်” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“ကိုယ့်အကြောင်းသိတဲ့ လူပြောရင် ခွင့်မလွှတ်ဘူး။ သူက မသိလို့ပြောတာထက် ကိုယ့်ဂုဏ်သိက္ခာကို စော်ကားချင်တဲ့ ရည်ရွယ်ချက်နဲ့ ကြံစည်ပြီး ပြောတယ်။ ပြီးတော့ ဒါကလည်း လုံးဝ မဟုတ်ဘူး။ ငြိမ်ခံနေလိုက်တယ်ဆိုရင် ဒါသင်ဇာ့ရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းနိုင်တယ်။ အဲ့ဒါကြောင့် ဖြေရှင်းတာပါ” ဆိုပြီး သင်ဇာဝင့်ကျော်က ဆိုပါတယ်။

သူမကို ဝေဖန်တဲ့ အမျိုးသမိးကိုလည်း ပြန်တောင်းပန်ခိုင်းထားပေမယ့် အဲ့ဒီအမျိုးသမီးဘက်က ဘာမှ ပြောလာတာမျိုး မရှိသေးဘူးလို့လည်း သင်ဇာဝင့်ကျော်က ဆိုပါတယ်။

“သူ့ကို ပြန်တောင်းပန်ခိုင်းထားတယ်။ တော်ရုံတန်ရုံ မိန်းကလေးဆိုရင် ဒီလောက်ထိ ပြောတယ်ဆိုရင် ရှက်ပြီး တောင်းပန်တယ်လေ။ ဒါပေယ့် အခုချိန်ထိတော့ တောင်းပန်တာတွေ၊ ဘာတွေတော့ မရှိသေးဘူး။ သူ့ကို ၆၆(ဃ) နဲ့တောင် တရားစွဲလို့ရတယ်။ သက်သေကို Public ပါ ချပြနိုင်ရင် ကိုယ်လက်ခံတယ်။ မဟုတ်ဘဲနဲ့တော့ လာမပြောနဲ့ မကြိုက်ဘူး။ သူများအကြောင်းလည်း ဘာမှမသိပဲနဲ့ Personal Attack (ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း) လုပ်တာ သင်ဇာ မကြိုက်ပါဘူး”လို့ ပြောပါတယ်။

သင်ဇာဝင့်ကျော်က လက်ရှိ မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ သရုပ်ဆောင် မင်းသမီးတဦး ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာနဲ့ ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေရသူ တဦးလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း သင်ဇာဝင့်ကျော် ပါဝင် သရုပ်ဆောင်ထားတဲ့ “တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ” ရုပ်ရှင်ကလည်း ရုံတင်ပြသလျက် ရှိပါတယ်။

The post “ဘယ်သူမှ သိပ်မဝတ်တဲ့ ဝတ်စုံကို ဝတ်ဖြစ်ခဲ့တာပါ” ဆိုတဲ့ သင်ဇာဝင့်ကျော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link