မော်ဒယ် အဖြစ်သာမက ရုပ်ရှင်ဇာတ်ကားတွေလည်း သရုပ်ဆောင်နေတဲ့ Tyron က သူ့ရဲ့ ပရိသတ်တွေ သူ့ကို လက်ခံအားပေးလာတဲ့ အနေအထားရောက်မှသာ လက်တွဲဖော်ကို စဉ်းစားမယ်လို့ ပြောပါတယ်။
“ကျနော့် လက်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ ပွဲတွေတက်ဖြစ်တယ်။ Music Video လေးတွေ ရိုက်ဖြစ်တယ်။ ဇာတ်လမ်းတွဲလေး တခုရိုက်ဖို့အတွက် စကားပြောနေပါတယ်။ ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ရှိတယ်။ အချစ်ရေးကတော့ အေးဆေးပါ။ အချစ်တွေက အများကြီးပဲ။ တယောက်တည်းကို ရွေးမချစ်ချင်ဘူး။ အားလုံးကလည်း ချစ်တယ်။ အားလုံးကိုလည်း ချစ်တယ်။ နေ့တိုင်း စဉ်းစားတာကတော့ အချစ်ရေးနဲ့ အလုပ်ပဲ” လို့ မော်ဒယ် Tyron က ပြောပါတယ်။
“ကျနော့်ကို ပရိသတ်တွေက လက်ခံလာပြီး အားရတဲ့ အနေအထားရောက်မှပဲ ကျနော် လက်တွဲဖော်ကို စဉ်းစားမယ်။ ကျနော် ဘာကြိုက်လဲ ကျနော်ပဲ သိတယ်။ ကျနော်က LGBTတွေကို စော်လည်း မစော်ကားဘူး။ ပုတ်လည်း မပုတ်ခတ်ဘူး။ နှလုံးသားပါတဲ့ သူချင်းပဲ လူလူချင်း နီးစပ်လို့ ရတယ်။ ကိုယ့် Feel လာတာ ကိုယ်ချစ်တာပဲ။ ကျနော်လည်း ကျနော် Feel လာတာ၊ ကျနော် ချစ်တာဆိုတော့ ဘယ်သူ့ကိုမှ ဘာမှ မပြောချင်ပါဘူး” လို့ Tyron က ဆိုပါတယ်။
Tyron က အခုချိန်မှာ လူငယ်ဘဝကို ဖြတ်သန်းနေချိန်မို့ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။ လက်တွဲဖော်ကို ရွေးချယ်တဲ့အခါမှာ မိန်းမ မဆန်တဲ့ မိန်းကလေးမျိုးကို ကြိုက်တယ်လို့ ဆိုပါတယ်။
“ကျနော်က မိန်းမ အရမ်းမဆန်တာမျိုးကို ကြိုက်တယ်။ အလုပ်ကြိုးစားပြီး ကျနော်ဘာလုပ်လုပ် နားလည်ပေးနေတဲ့ သူပေါ့နော်။ နောက်တယောက်ထားရင်တောင် နားလည်ပေးနေနိုင်တဲ့ သူမျိုးကို ကျနော်ကြိုက်တယ်။ ကျနော်က ချစ်တယ်။ နောက်တယောက် ထားလည်း ချစ်တယ်။ ဒီတယောက်ပေါ်မှာလည်း အဲ့ဒီအချစ်က မလျော့ဘူး။ နောက်တယောက် ချစ်လိုက်လို့ ဒီတယောက်ပေါ်မှာ အချစ်က လျော့သွားလား ဆိုတော့လည်း မလျော့ဘူး”
“ဒါက ကျနော် လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်။ အချိန်တန်ရင်တော့ ကျနော် ရွေးချယ်မယ့် မိန်းကလေး၊ ကျနော့် လက်တွဲဖော်ကို တယောက်တည်းပဲ သတ်သတ်မှတ်မှတ် ချစ်ပြီးတော့ သူနဲ့ ရိုးမြေကျ ပေါင်းသင်းမှာပါ။ အခုချိန်မှာတော့ လူငယ်ဘဝကို ဖြတ်သန်းနေတုန်းမို့ အချစ်ရေးကို အရမ်းကြီး Serious မထားဘူး”လို့ Tyron က ပြောပါတယ်။
Tyron ဟာ ဇာတ်ကားများစွာကို ရိုက်ကူးနေပြီး မကြာခင် ရုံတင်တော့မယ့် “ကြွေ” ရုပ်ရှင်ဇာတ်ကားမှာလည်း အဆိုတော် လွှမ်းပိုင်၊ သရု်ပဆောင် အိချောပိုတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။
The post “မိန်းမ သိပ်မဆန်တဲ့ မိန်းကလေးမျိုးကို ကြိုက်တယ်” ဆိုတဲ့ မော်ဒယ် Tyron appeared first on ဧရာဝတီ.