Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ရုပ်ရှင် ပရိုမိုးရှင်းအတွက် ထိုင်ဝမ်ကို သွားမယ့် “Along With the Gods 2”အနုပညာရှင်များ

$
0
0

၂၀၁၇ ခုနှစ်တုန်းက ရုံဝင်ငွေအရ အောင်မြင်မှု ရရှိခဲ့တဲ့ “Along With the Gods: The Two Worlds” ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းရုပ်ရှင်မှ ဒါရိုက်တာနဲ့ အဓိကသရုပ်ဆောင်တွေဟာ လာမယ့် သြဂုတ်လ၊ အစောပိုင်းမှာ ပြသတော့မယ့် ရုပ်ရှင် ပရိုမိုးရှင်းအတွက် ထိုင်ဝမ်ကို သွားရောက်ကြမှာ ဖြစ်တယ်လို့ ရုပ်ရှင်ရဲ့ ဒေသတွင်း ဖြန့်ချိရေး ကုမ္ပဏီက ဇူလိုင်လ ၁၃ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ဒါရိုက်တာ Kim Yong-hwa နဲ့ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ha Jung-woo, Ju Ji-hoon, Kim Hyang-gi, Ma Dong-seok, Kim Dong-wook နဲ့ Lee Jung-jae တို့ဟာ လာမယ့် သြဂုတ်လ ၅ ရက်နေ့ကစလို့ ၄ ရက်ကြာ ခရီးစဉ်အဖြစ် ထိုင်ဝမ်ကို သွားရောက်ကြမှာဖြစ်တယ်လို့ Lotte Entertainment ကဆိုပါတယ်။

ထိုင်ဝမ်မှာတော့ သူတို့ဟာ ကောဇောနီအစီအစဉ်၊ သတင်းစာရှင်းလင်းပွဲနဲ့ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေအပါအဝင် အာရှ ၁၀ နိုင်ငံမှ ရုပ်ရှင်သတင်းထောက်တွေ၊ အနုပညာ လုပ်ငန်းရှင်တွေအတွက် သီးခြားပရိုမိုးရှင်းပွဲ အခမ်းအနားတွေကို တက်ရောက်မှာလည်း ဖြစ်ပါတယ်။

“Along With the Gods: The Last 49 Days” ရုပ်ရှင်ကို ထိုင်ဝမ်မှာ သြဂုတ်လ ၈ ရက်နေ့စကလို့ ရုံတင်ပြသမှာ ဖြစ်ပြီး တောင်ကိုရီးယားမှာတော့ သြဂုတ်လ ၁ ရက်နေ့က စလို့ ပြသမှာပဲ ဖြစ်ပါတယ်။

အခုနောက်ဆက်တွဲ ဇာတ်လမ်းမှာတော့ ဝိညာဉ်တခုကို နောက်ဘဝမှာ ပြန်ဝင်စားနိုင်အောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် မြေအောက်ငရဲဘုရင်က ဘဝအသစ်ပေးမယ်လို့ ကတိရရှိထားတဲ့ သေမင်း ၃ ပါး အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

ပထမဆုံး ရုပ်ရှင်တုန်းက တပ်တွင်းမတော်တဆမှုတခုမှာ အသက်ဆုံးပါးခဲ့ရတဲ့ ဝိညာဉ်တခုဖြစ်ပြီးတဲ့နောက် လက်စားချေလိုစိတ် ဖြစ်နေတဲ့ သူကို လူသားတဦးအဖြစ် မွေးဖွားနိုင်ရန် လုပ်ဆောင်ရာကနေ ဇာတ်လမ်း ဖြစ်ပေါ်လာပါတယ်။

ပထမဆုံးရုပ်ရှင်ကတော့ ထိုင်ဝမ်မှာ ဝင်ငွေအများဆုံး အာရှရုပ်ရှင်အဖြစ် စံချိန်တင်ခဲ့ပြီး ဟောင်ကောင်မှာတော့ ဒုတိယမြောက် လူကြည့်အများဆုံး ကိုရီးယား ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref:Yonhap

The post ရုပ်ရှင် ပရိုမိုးရှင်းအတွက် ထိုင်ဝမ်ကို သွားမယ့် “Along With the Gods 2” အနုပညာရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ