Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

အနုပညာ ဖန်တီးတဲ့အခါ ကျီးလန့်စာ စားရသလို ခံစားလာရတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ

$
0
0

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပြီး Central Base Production မှ ထုတ်လုပ်တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဗီဒီယိုဖိုင်များ ပြန့်နှံ့သွားတာနဲ့ ပတ်သက်ပြီး အနုပညာဖန်တီးတဲ့အခါမှာ ကျီးလန့်စာ စားရသလို ခံစားလာရတယ်လို့ ခရစ္စတီးနားခီက ပြောပါတယ်။

“အခုဖြစ်သွားတာကတော့ အရင်းကျေသွားတဲ့ အခြေအနေပေါ့။ တကယ်လို့ ကျမရဲ့ပထမနေ့မှာ ဖြစ်သွားရင် ဘယ်လို လုပ်မလဲ ဆိုတဲ့အတွေးကို တွေးထားတယ်။

အမှန်အတိုင်းပြောရင် အနုပညာ ဖန်တီးတဲ့အခါမှာ ကျီးလန့်စာ စားတဲ့ အဖြစ်မျိုး ရောက်လာပါတယ်။ အဲဒီအတွက် စိတ်မကောင်းဘူး။ လမ်းအကြောင်းအသစ် ပေါက်ခါနီးမှ ဖြတ်ချခံရသလို ခံစားရပါတယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

အဆိုပါ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးကို အွန်လိုင်းမှတဆင့် စတင်ဖြန့်ဝေခဲ့သူကို ဇူလိုင်လ ၅ ရက်နေ့မှာ ရန်ကင်းမြို့နယ်၊ မြို့မရဲစခန်းမှာ ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ယင်း ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်မှာ ဇွန်လ ၃၀ရက်နေ့ က တွေ့ရှိခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့မှာတော့ နိုင်ငံပိုင်သတင်းစာမှ တဆင့်လည်း အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

“ရုပ်ရှင်ဟာ ရုံပေါင်းများစွာကို ပြခဲ့ရတာ မဟုတ်တဲ့အတွက် ဝင်ငွေက အစကတည်းကိုက သူများထက်စာရင် တဝက် နည်းနေပြီးသားပါ။ ဒီကိစ္စဟာ ကျမ ကုမ္ပဏီအတွက် နစ်နာမှုအပြင် လုပ်ငန်းတခု၊ နိုင်ငံတခုရဲ့ ဝင်ငွေပါ ထိခိုက်နစ်နာ သွားတယ်။ ရှေ့ဆက်ပြီးတော့ Plan တွေအများကြီးတွေးထားတယ်။ အဲဒါတွေအကုန် ရပ်ပစ်လိုက်ရမှာလား ဖြစ်သွားတယ်” လို့ ဒါရိုက်တာ ခရစ္စနားခီက ဆိုပါတယ်။

ဒါရိုက်တာ ခရစ္စနားခီ ရိုက်ကူးထားတဲ့ “ဥပါယ်တံမျဉ်” ဇာတ်ကားကြီးကတော့ မြန်မာ့ရုပ်ရှင်လောကကို အပြောင်းအလဲ တခု ဖြစ်ပေါ်စေခဲ့ပြီး တနိုင်ငံလုံးက ရုပ်ရှင်ရုံများမှာ စုံလင်စွာ ပြသခွင့် မရခဲ့သော်လည်း ပရိသတ်ရဲ့ အားပေး ထောက်ခံမှုကို ကြီးမားစွာ ရရှိခဲ့ပြီး စင်ကာပူနိုင်ငံမှာလည်း သွားရောက်ပြသခဲ့ပါသေးတယ်။

ဒီကားကိုတော့ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းမှာ စတင်ပြသခဲ့ပြီး သရုပ်ဆောင် ဇဏ်ခီ ၊ အကယ်ဒမီ သက်မွန်မြင့် ၊ အောင်မြင့်မြတ်နဲ့ ထိုင်းမင်းသမီး ကရာဗီတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

The post အနုပညာ ဖန်တီးတဲ့အခါ ကျီးလန့်စာ စားရသလို ခံစားလာရတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ