Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ပိန်တာကြီးကို မကြိုက်ဘဲ ကိတ်တာလေးကို သဘောကျတယ်” ဆိုတဲ့ ခရစ္စတီးနား

$
0
0

ဘိုဆန်တဲ့ ရုပ်ရည်လေးနှင့် ခန္ဓာကိုယ်ပြည့်ပြည့်လေးကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်၊ သရုပ်ဆောင် ခရစ္စတီးနားကတော့ အရမ်း ပိန်တာမျိုးကို သဘောမကျဘဲ ကိတ်တာလေးတွေ ၊ပြည့်တာလေးတွေကို ကြိုက်တယ်လို့ ပြောပါတယ်။

“အရမ်းပိန်တာကြီးကို မကြိုက်ဘူး။ ကိတ်တာလေး၊ ပြည့်တာလေးဆို သဘောကျတယ်။ အရမ်းကြီးတော့ မပိန်ချင်ဘူး။ ချပ်ချပ်ရပ်ရပ် ကျစ်ကျစ်လျစ်လျစ်လေး ဖြစ်ချင်တယ်။ အခုဆိုရင် ခေတ်ရေစီးကြောင်းမှာ မြန်မာဝတ်စုံတွေက အရမ်းကို ခေတ်စားလာတယ်။ အားလုံးကလည်း ဖက်ရှင်ရေစီးမှာ လက်ခံလာတယ်။ မြန်မာဝတ်စုံတွေကို ဝတ်မယ်ဆိုရင် မြန်မာအမျိုးသမီး တယောက်အနေနဲ့ ကိတ်ဖို့လိုအပ်ပါတယ်” လို့  ခရစ္စတီးနားက ပြောပါတယ်။

ခရစ္စတီးနားကတော့ သူမ ကိုယ်တိုင်လည်း ဝိတ်ချနေပြီး လက်ရှိဝိတ်ထက် ၁၅ ပေါင်လောက် ကျဖို့အတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“ကြိုးစားပြီးတော့တော့ ဝိတ်ချနေပါတယ်။ Gym သွားလိုက် ပြန်ရပ်လိုက် ၊ ခရီးတွေလည်း သွားရတော့ ရပ်လိုက်ရင် ဝိတ်ကကျပြီးတော့ ပြန်ပြန်တက်လာတယ်။ နဂိုဝိတ်အနီးနားမှာပဲ တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ကိုယ်လိုချင်တဲ့ အတိုင်းအတာထိ မရောက်သေးဘူးပေါ့။ ဝိတ်ကတော့ ၁၅ပေါင် ပေါင် ၂၀လောက်ကို ချချင်တယ်။ ဟိုတလောကတော့ ၄၊ ၅ ပေါင် ကျသွားတယ်။ ခရီးတွေသွားဖြစ်ရင် စားဖြစ်တယ်။ အခုတက်လာတယ်လို့ ထင်တယ်” လို့ ခရစ္စတီးနားက ဆိုပါတယ်။

ခရစ္စတီးနားကတော့ လတ်တလောမှာ “25 Percent” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး ၈ လပိုင်းမှာလည်း ရုပ်ရှင်ကားကြီးတကား လက်ခံထားတယ်လို့ ဆိုပါတယ်။

“အခုလတ်တလောကတော့ 25% ရုပ်ရှင်ကားကြီးကိုဘဲ ၁၁ ရက်ကနေ ၁၅ ရက်နေ့ထိ မပြီးသေးတာ ကိုပဲ ဆက်ရိုက်နေပါတယ်။ သြင်္ကန်ပြီးကတည်းက ဇာတ်ကားတွေ ဆက်တိုက် ရိုက်နေတယ်။ ၈ လပိုင်း ကျရင်လည်း ရုပ်ရှင်ကားကြီးတကား ပြောထားပါတယ်။ သေချာရင် ထပ်ပြောပါမယ်” လို့ ခရစ္စတီးနားက ပြောပါတယ်။

ခရစ္စတီးနားက တချိန်က ဗီဒီယိုကားများ၊ ကြော်ငြာများမှာအတွေ့များတဲ့ သရုပ်ဆောင်မော်ဒယ်တယောက် ဖြစ်ခဲ့ ပေမယ့် အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုများမှာသိပ်မတွေ့ရတော့ပါဘူး။  ပရိသတ်နဲ့ အဆက်ပြတ်သွားတာ တွေရှိတာနဲ့ ပတ်သက်ပြီးတော့လည်း ခရစ္စတီးနားက အခုလိုဆိုပါတယ်။

“ပျောက်နေတာကတော့ ဟိုတလောက တော်တော်ပျောက်သွားတယ်။ မလုပ်ဖြစ်တာ။ ရုပ်ရှင်ကားကြီးတွေရော ဇာတ်လမ်းတွဲတွေရော လာခေါ်ပါတယ်။ ကိုယ်တိုင်ကိုက မရိုက်ဖြစ်တာပါ။ မိသားစုကိစ္စတွေရော ၊ ကျန်းမာရေး ကြောင့်ရောကြောင့်ပါ။ ကားရိုက်တိုင်း လက်မခံဖြစ်ဘူး” လို့ ခရစ္စတီးနားက ပြောပါတယ်။

The post “ပိန်တာကြီးကို မကြိုက်ဘဲ ကိတ်တာလေးကို သဘောကျတယ်” ဆိုတဲ့ ခရစ္စတီးနား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ