Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“မုဒိမ်းကျင့်ခံရတဲ့ဇာတ်ရုပ်ကခက်တော့ ကြိုးစားရမယ်” လို့ ပြောတဲ့ကလေးသရုပ်ဆောင် ပြည့်ပြည့်

$
0
0

အသက်အရွယ် ငယ်သေးသော်လည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်က မကြာခင် ရိုက်ကူးမယ့် “ဟစ်တိုင်” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ မုဒိမ်းကျင့်ခံရတဲ့ ကလေးတယောက် နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပြီး ခက်ခဲမှု ရှိတဲ့အတွက် ကြိုးစားရမယ်လို့ သူမက ပြောပါတယ်။

“ဒီထဲမှာတော့ အန်တီ အူဝဲနဲ့ သမီးနဲ့ ရိုက်ရမယ့် အခန်းလေးတွေက တော်တော်တော့ များပါတယ်။ သမီးက မုဒိမ်းကျင့်ခံရမှာပေါ့နော်။ ဒီကားမှာက မုဒိမ်းကျင့်တဲ့ အခန်းက တခန်းပဲ ပါပါတယ်။ အဲဒီအခန်းက အရမ်းခက်ပါတယ်။ ခက်တော့ နည်းနည်းတော့ ကြိုးစားရပါမယ်” လို့ ကလေးသရုပ်ဆောင် ပြည့်ပြည့်က ပြောပါတယ်။

ဒီကားထဲမှာ ကလေးသရုပ်ဆောင် ပြည့်ပြည့်က အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ သမီးနေရာက သရုပ်ဆောင်ရမှာဖြစ်ပြီး အမေကို အရမ်းချစ်ပြီး ပြောစကားနားထောင်တဲ့ သမီးတယောက်နေရာက သရုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဟစ်တိုင်”ဇာတ်ကားကြီးထဲမှာ မုဒိမ်းကျင့်ခံရတဲ့ကလေးတယောက်နေရာမှာ သရုပ်ဆောင်ရမှာဖြစ်တဲ့ ပြည့်ပြည့်ကတော့ သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့လည်း ပညာပေးအစီအစဉ်များမှာ ပါဝင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။

“မုဒိမ်းမှုနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းက ကန်တော်ကြီးမှာ လုပ်တဲ့ပွဲတခုမှာ ကဗျာလေးတပုဒ် ဆိုဖူးပါတယ်။ သီချင်းလေးနဲ့ မုဒိမ်း မကျင့်အောင်လို့ ရိုက်ဖူးပါတယ်။ သမီးက သမီးကိုကိုနဲ့ ကျောင်းပြန်လာတဲ့ အချိန်မှာ လူကြီး တယောက်က အရုပ်လေးပေးရော၊ သမီးက ဦးမှာရှိသေးလားလို့ မေးတော့၊ ရှိတယ် လိုချင်ရင် အိမ်လိုက်ခဲ့ဆိုပြီး သမီးကို သူ့အိမ်ကို ခေါ်သွားပြီးတော့ မုဒိမ်းကျင့်လိုက်တယ်။ အဲဒီလိုမျိုး ရိုက်ဖူးပါတယ်”လို့ ပြည့်ပြည့်က ပြောပါတယ်။

အသက် ၈ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်ကတော့ သူမ အသက် ၄ နှစ်မှာ ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးတဲ့ “သံယောဇဉ် စစ်ဆင်ရေး”ဆိုတဲ့ ဇာတ်ကားနဲ့ စတင်ဝင်ရောက်ခဲ့ပြီး Micro Film ဇာတ်လမ်းတို ပြိုင်ပွဲမှာလည်း “အကောင်းဆုံး သရုပ်ဆောင်ဆု” ရရှိခဲ့ဖူးပါတယ်။

မကြာခင်မှာ ရုံတင်ပြသမယ့် “မြင်းမိုရ်ငြိလို့ ကြွေတဲ့ကြယ်” ရုပ်ရှင်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်က သတိထားမိခဲ့ကာ “ကမ္ဘာနှစ်ထပ်” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း သရုပ်ဆောင်၊ မင်းသား နိုင်းနိုင်းရဲ့ သမီးအဖြစ် သရုပ်ဆောင်ခဲ့ရာ ဇာတ်ကား နမူနာ ပြသစဉ်မှာပင် ပရိသတ်က နှစ်သက် သဘောကျခဲ့ကြပါတယ်။

The post “မုဒိမ်းကျင့်ခံရတဲ့ဇာတ်ရုပ်ကခက်တော့ ကြိုးစားရမယ်” လို့ ပြောတဲ့ကလေးသရုပ်ဆောင် ပြည့်ပြည့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ