Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

မိုရီဆာကီဝင်းနဲ့ TV Program တခု ရိုက်ကူးနေတဲ့ အဆိုတော် ရေဗက္ကာဝင်း

$
0
0

အဆိုတော် ရေဗက္ကာဝင်းက mntv ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသမယ့် “Culture Exchange” ဆိုတဲ့ TV Program တခုအတွက် မြန်မာပြည်ဖွား ဂျပန် အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်း (ခ) အဝင်းနဲ့အတူ ပါဝင်ရိုက်ကူးနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဂျပန်က NHK သတင်းဌာနနဲ့ ဒီက ရွှေသံလွင် Sky Net တို့ ပေါင်းပြီး mntv မှာ Program လေး တခုယူထားတာ။ သူကတော့ မြန်မာနဲ့ ဂျပန်တို့ရဲ့ Exchange Program လေး သဘောမျိုးပါ။ Talk Show သဘောမျိုးပေါ့နော်။ အသက် ကြီးငယ်မရွေး အားလုံးကြည့်လို့ရတဲ့ Talk Show လေးပေါ့နော်။ ဗဟုသုတ၊ သုတရသ အကုန် အစုံပါတယ်”လို့ အဆိုတော် ရေဗက္ကာဝင်းက ပြောပါတယ်။

အဆိုပါ TV Program မှာ ရေဗက္ကာဝင်းနဲ့အတူ ဂျပန် အဆိုတော်၊ သရုပ်ဆောင် မိုရီဆာကီဝင်းနဲ့ မြန်မာ ဟာသ သရုပ်ဆောင် အရိုင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။

“မိုရီဆာကီဝင်းကလည်း သူဟိုမှာ ရိုက်ခဲ့တဲ့ ၊သူတနေ့တာ သွားလာခဲ့တဲ့ အကြောင်းတွေပြောမယ်။ ဗက္ကာတို့ကလည်း သူ့အကြောင်းတွေ မေးမယ်။ မိုရီဆာကီဝင်းနဲ့ သူ့အဖွဲ့က မြန်မာနိုင်ငံလာပြီးတော့ မြန်မာနိုင်ငံက ကျေးလက်ဒေသတွေနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ၊ အစားအသောက်လေးတွေ၊ ဘာသာစကားသင်တာမျိုးလေး လုပ်မယ်။ လျှောက်ကြည့်တာမျိုးတွေ လုပ်မယ်။ Culture Exchange သဘောမျိုးလေး ရိုက်နေတာပါ”လို့ ရေဗက္ကာဝင်းက ဆိုပါတယ်။

ရေဗက္ကာဝင်းက အနုပညာလောကထဲမှာ အချိန်အနည်းငယ်ကြာ ခေတ္တပျောက်သွားခဲ့ပြီး အိမ်ထောင်ရက်သား ကျကာ အိမ်ထောင်သက် ကြာနေပြီဖြစ်ပေမယ့် သားသမီး မယူသေးဘူးလို့ သိရပါတယ်။ သားသမီး မယူဖြစ်သေးတဲ့ အကြောင်းကိုလည်း ရေဗက္ကာဝင်းက အခုလို ဆိုပါတယ်။

“သားသမီး မယူဖြစ်သေးတာ ဘာလို့ဆိုတော့ ရေဗက္ကာ Mini Album လေးလည်း လုပ်နေတယ်။ပြီးတော့ mntv အတွက် Program လေးတခုလည်း ဗက္ကာ လက်ခံ ရိုက်ကူးနေတယ်။ ဒါကြောင့်သေချာတာကတော့ ဒီတစ်နှစ် အတွင်းမှာ ကလေး မယူဖြစ်သေးပါဘူး”လို့ ဆိုပါတယ်။

ရေဗက္ကာဝင်းက R&B သီချင်းတွေအဆိုများပြီး မကြာသေးခင်ကလည်း တကိုယ်တော် တေးစီးရီးအနေနဲ့ ကချင်ဘာသာနဲ့တေးစီးရီးခွေ တခွေသာ ထွက်ရှိထားသူပါ။

“ရေဗက္ကာက တကယ်တော့ ဗမာစကားနဲ့ တကိုယ်တော် တေးစီးရီး တခါမှ မထုတ်ဖူးပါဘူး။ ဒါပေမယ့်လည်း တခွေမှ မထုတ်ဖူးပေမယ့် ပရိသတ်ရဲ့ချစ်ခင်အားပေးမှုနဲ့ အဆိုတော် ရေဗက္ကာဝင်းအဖြစ် ရပ်တည်ခွင့်ရခဲ့တယ်။ ဒါကြောင့် ပရိသတ်ကြီးကို ကျေးဇူးအ များကြီးတင်ပါတယ်။ခုတော့ အခွေခေတ် မဟုတ်တော့ဘူးလို့် ပြောပေမယ့် ဗက္ကာဘဝမှာလည်း ချပြတဲ့ album လေး တချပ်တော့ ရှိချင်တယ်။ဒါကြောင့် mini album ဖြစ်ဖြစ် ကြိုးစားပြီးလုပ်ဖို့ စိတ်ကူးထားတာတော့ ရှိပါတယ်”

“စီစဉ်ထားတဲ့ သီချင်းတွေတော့ရှိပါတယ်။ ဒါပေမယ့် ခေတ်ကာလအခြေအနေနဲ့ ပရိသတ်အကြိုက်နဲ့ ဘယ်လိုဖြန့်ချိရင်ကောင်းမလဲ၊ ဘယ်လိုပုံစံတွေ ထည့်မလဲ ဆိုတာကိုတော့ ရေဗက္ကာ တတ်သိနားလည်တဲ့ တေးရေးဆရာတွေနဲ့ တိုင်ပင်ပြီး ထုတ်ဖို့ ကြိုးစားနေပါတယ်”လို့ ရေဗက္ကာဝင်းက ပြောပါတယ်။

ရေဗက္ကာဝင်းက ကချင်ဘာသာစကားနဲ့ တစ်ကိုယ်တော်တေးစီးရီးကို ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းမှာ ထွက်ရှိခဲ့တာပါ။ “ဗက္ကာက တကယ်တမ်းကျတော့ မြစ်ကြီးနားမှာနေတဲ့ ကချင်ဖြစ်တယ်။ ကချင်ဘာသာစကားကိုလည်း ကချင်လူမျိုးအစစ် တယောက်လောက် ကျွမ်းကျင်တာ မဟုတ်ဘဲနဲ့ ကပြားလည်းဖြစ်တဲ့ အတွက်ကြောင့်မို့ ကြိုးစားပြီးဆိုထားတဲ့ အခွေလည်း ဖြစ်တယ်။ဗက္ကာဘဝမှာလည်း အမှတ်တရလေးလည်း အဖြစ်နဲ့ လုပ်ချင်တယ်။ဗက္ကာချစ်ခင်တဲ့ ကချင်တိုင်းရင်းသားတွေအတွက်လည်း အမှတ်တရ တစ်ခုခုချန်ထားခဲ့ချင်တယ်။အဲ့ဒါကြောင့်မို့ ဗက္ကာဒီအခွေလေးလုပ်တာပါ” လို့ ဆိုပါတယ်။

“ဟိုဖက်မှာကလည်း ပြည်တွင်းမှာ နေထိုင်တဲ့ ၊ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ကချင်လူမျိုးအများစုက စစ်ဘေးဒုက္ခရောက်နေကြပြီးတော့ အကုန်လုံးက ရွှေ့ပြောင်းနေကြရတဲ့ အနေအထားမျိုးတွေ၊ မတည်ငြိမ်တဲ့ အနေအထားမျိုးတွေ ဖြစ်နေကြတဲ့အခါကျတော့ ဒီလိုအချိန်မှာ ဒီလိုအခွေလုပ်တာဟာ အရမ်းကောင်းမွန်တဲ့ အနေအထားမျိုးတော့မဟုတ်ဘူး။

ဒါပေမယ့်လည်း ဗက္ကာမှာ အသက်အရွယ်၊ အချိန်၊ အတိုင်းအတာ တခုရှိတယ်။ လုပ်နိုင်ကိုင်နိုင်စွမ်းလည်း ရှိတယ်။ ဒါကြောင့် အမှတ်တရ တခုအနေနဲ့ လုပ်တာပေါ့နော်။ ဗက္ကာနဲ့ ရင်းနှီးတဲ့ ကချင်တွေ၊ ဟိုဘက် ရောက်နေကြတဲ့ ကချင်တွေကတော့ အားပေးကြပါတယ်”လို့လည်း ကချင်အခွေရဲ့ Feedback အကြောင်း ဧရာဝတီကို ပြောပြခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ်တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ရေဗက္ကာဝင်းရဲ့ ကချင်သီချင်းခွေ “Maka”

The post မိုရီဆာကီဝင်းနဲ့ TV Program တခု ရိုက်ကူးနေတဲ့ အဆိုတော် ရေဗက္ကာဝင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ