Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပြိုင်ပွဲဝင်နေသူတွေ Music နဲ့ပတ်သက်ပြီးဘောင်ခတ်မထားစေချင်တဲ့ “အဆိုတော် Key”

$
0
0

Galaxy star ပြိုင်ပွဲမှပရိသတ်တွေအားပေးမှုရရှိခဲ့တဲ့ အဆိုတော် Key ဟာ အခု လက်ရှိမှာ ဂီတလှုပ်ရှားမှုအနေနဲ့ သူရဲ့ထွက်ရှိပြီး Mini အယ်ဘမ်ထဲက “Sunday without you” နဲ့ “စာတမ်းလေး” သီချင်းနှစ်ပုဒ်ကို Music Video ရိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“လက်တလောမှာတော့ ကိုရီးယားစာသင်နေတယ်။ Mini အယ်ဘမ်ထဲက Sunday without you နဲ့စာတမ်းလေး သီချင်းလေးကို Music Video လေးရိုက်ဖို့ပြင်နေပါတယ်။ Miniအယ်ဘမ်အနေနဲ့ထုတ်ဖြစ်တာကတော့ ပြိုင်ပွဲလည်း ပြီးရော ကျနော်အချိန်နည်းနည်းဟသွားတော့ နည်းနည်းနဲ့ကောင်းကောင်းလေးလုပ်မယ်ဆိုပြီး ဆုံးဖြတ်ပြီးလုပ်ဖြစ်သွား တာပါ”

“ဒီနှစ်ထဲမှာတော့ Single အနေနဲ့ပဲထွက်ဖို့ရှိပါတယ်။ အခွေတော့ မလုပ်တော့ပါဘူး။ အခွေနာမည်ကိုလည်း “Key” လို့ ပေးဖြစ်တာက ပထမဆုံးခွေကိုဖွင့်ဖို့ သော့ အနေနဲ့ပေးဖြစ်တာပါ”လို့ ပြောပါတယ်။

အွန်လိုင်းကနေလဲ သီချင်းတွေ ဖြန့်ဖို့ရှိတဲ့ အဆိုတော် key က သီချင်းဆို ပြိုင်ပွဲဝင်တွေကိုလည်း သူရဲ့အတွေ့အကြုံ့ နဲ့ပတ်သက်ပြီးလည်း အခုလိုဆိုပါတယ်။

“အခု သီချင်းဆိုပြိုင်နေတဲ့သူတွေရော လက်ရှိပြိုင်နေတဲ့ သူတွေကို အားပေးစကားပြောချင်ပါတယ်။ Music Type ကို ဘောင်မခတ်ပါနဲ့လို့ Music အကုန်လုံးကို နားထောင်ပါလေ့လာပါ။ အကောင်းဆုံးကြိုးစားကြပါလို့’’လို့ အဆိုတော် Key က ပြောပါတယ်။

မကြာခင်မှာ တေးသီချင်းတွေဖြန့်ချိမယ့် အဆိုတော် Key က သီချင်းဖန်တီးမှုအပိုင်းကို အကောင်းဆုံးပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ တကိုယ်တော် Mini အယ်ဘမ်ကိုတော့ ဧပြီလအတွင်းက ထွက်ရှိခဲ့တာဖြစ်ပြီး Key က မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးလို့ပြောလို့ရတဲ့ တေးသီချင်းသီဆိုပြိုင်ပွဲတခုဖြစ်တဲ့ Galaxy Star သီချင်းဆိုပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။

The post ပြိုင်ပွဲဝင်နေသူတွေ Music နဲ့ပတ်သက်ပြီးဘောင်ခတ်မထားစေချင်တဲ့ “အဆိုတော် Key” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ