Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ဇာတ်ကားတွေမှာ ကြိုးစားပြီး သရုပ်ဆောင်ချင်သေးတဲ့ “မေဂရေ့စ်”

$
0
0

သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ပြီး ပြန်ရောက်လာတဲ့ မော်ဒယ် သရုပ်ဆောင် မေဂရေ့စ်က လက်ရှိမှာ အဲဒီနိုင်ငံက ကျောင်းသူဘဝကို လွမ်းတဲ့အတွက် အွန်ုလိုင်းကနေ နောက်ထပ်ပညာများ သင်ကြားနေတယ်လို့ ဆိုပါတယ်။

“မေဂရေ့စ်က မနှစ်က ကျောင်းသွားတက်ပြီး ပြန်လာတယ်။ အလုပ်တော့ နားဖြစ်သွားတယ်။ မိသာစုနဲ့ အချိန်ဖြုန်းတယ်။ မေဂရေ့စ် ညီမလေးကလည်း ကျောင်းသွားတက်မယ်ဆိုတော့ တူတူနေကြတယ်။ အခု မေဂရေ့စ် ကျန်းမာရေးကလည်း ကောင်းသွားပြီဆိုတော့ အလုပ်နည်းနည်း ပြန်လုပ်တယ်။ အလှဓာတ်ပုံတွေ ရိုက်ဖြစ်တယ်။ အခုတော့ ကျောင်းသူဘဝ ကိုလွမ်းလို့ အွန်လိုင်းကနေ နောက်ထပ် ထပ်တက်နေတယ်” လို့ မေဂရေ့စ်က ဆိုပါတယ်။

မေဂရေ့စ်က ကျောင်းပြီးသွားရင် NGO မှာ အလုပ်လုပ်ချင်တယ်လို့ဆိုပြီး UN နဲ့ အလုပ်လုပ်ဖို့က သူမရဲ့ ရည်မှန်းချက်ဖြစ်ကြောင်း ဆိုပါတယ်။

မေဂရေ့စ်က လွန်ခဲ့တဲ့နှစ်က ကျန်းမာရေး မကောင်းခဲ့တာကြောင့် အခုချိန် ကျန်းမာရေး ဘယ်လောက် အရေးကြီးမှန်း သိလာတယ်လို့လည်း ဆိုပါတယ်။ ဇာတ်ကားရိုက်ကူးဖို့အတွက်လည်း အခွင့်ရေးရရင် ကြိုးစားကြည့်ချင်တယ်လို့ ဆိုပါတယ်။

“ကျန်းမာရေးက သိုင်းရွိုက်လေ မနှစ်တုန်းကဖြစ်သွားတဲ့အတွက် ဝိတ်အတက်အကျလေးတွေ ရှိတယ်။အဲ့တာကို ဘယ်လိုပြန်ထိမ်းရလဲဆိုတာ ကြိုးစားနေတယ်။ အရင်တုန်းက ကျန်းမာရေးကို ဂရုမစိုက်ဘူး ကြိုက်တာ စားတယ်။ ကြိုက်တာ လုပ်တယ်ပေါ့။ ဒီလိုရောဂါဖြစ်လာတော့ ကျန်းမာရေးက ဘယ်လောက် အရေးကြီးတယ်ဆိုတာ သိလာတော့ Diet ကိုလည်း ပြန်ထိန်းတယ်။ အသီးအရွက် များများစားတယ်။ အားကစားလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင်နည်းနည်း လုပ်တယ်” လို့ ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့ ချစ်သူရှိပေမယ့် သေချာရင်တော့ ပရိသတ်ကို အသိပေးပြောပြမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ Photo Model အနေနဲ့ ဓာတ်ပုံ အရိုက်များနေပြီး ဇာတ်ကားရိုက်ကူးဖို့လည်း ဝါသနာပါတဲ့တွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“အနုပညာနဲ့ ပတ်သတ်ပြီး မေဂရေ့စ်က Photo Model အနေနဲ့ ဝင်ရောက်လာတာဆိုတော့ Photo Model ကိုတော့ လုပ်ကိုင်နေပါတယ်။ ဇာတ်ကား ရိုက်ကူးဖို့ကတော့ ဝါသနာပါတယ်။ အခွင့်ရေးရရင် ကြိုးလည်း ကြိုးစားချင်တယ်။ ကျောင်းသွား မတက်ခင်ကတော့ ဇာတ်ကား၂ကားရိုက်ခဲ့တယ်။ ခုတော့ ရိုက်ဖို့ မရှိသေးပါဘူး”လို့ ပြောပါတယ်။

မေဂရေ့စ်က မြန်မာ သြဇီ ကပြားဖြစ်ပြီး ထူးခြားတဲ့ ရုပ်ရည်ကြောင့် လူသိများလာခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် တဦးဖြစ်ပေမယ့် သြစတြေးလျမှာ ကျောင်းတက်ဖို့ မြန်မာပြည်ကနေ ထွက်ခွာ သွားချိန်မှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုများကို မတွေ့ရတော့တာ ဖြစ်ပါတယ်။

The post ဇာတ်ကားတွေမှာ ကြိုးစားပြီး သရုပ်ဆောင်ချင်သေးတဲ့ “မေဂရေ့စ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ