Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ခင်ပွန်းလောင်းရဲ့ ဖခင်အတွက် ဂုဏ်ပြု တက်တူး ထိုးလိုက်တဲ့ Ariana Grande

$
0
0

အဆိုတော် Ariana Grande ဟာ နယူးယောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ၉/၁၁ ကုန်သည်ညီနောင် တာဝါ တိုက်ခိုက်ခံရမှု အတွင်းမှာ ကွယ်လွန်ခဲ့တဲ့ ခင်ပွန်းလောင်း Pete Davidson ရဲ့ ဖခင်အတွက် ဂုဏ်ပြုပြီး တက်တူးတခုကို ထိုးလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အဆိုတော် Grande ဟာ သူရဲ့ခြေဖဝါး အထက်ပိုင်းမှာ ”8418” လို့ တက်တူးရေးထိုးထားတာကို မျက်စိလျင်တဲ့ ပရိသတ်တွေက သတိထားမိခဲ့ ကြပါတယ်။ အဲဒီ နံပါတ်ကတော့ ၉/၁၁ တိုက်ခိုက်မှုမှာ ကွယ်လွန်ခဲ့ရတဲ့ မီးသတ်သမား Scott Davidson ရဲ့ မီးသတ်တပ်ဖွဲ့ ဝင်နံပါတ်ပဲ ဖြစ်ပါတယ်။

အဆိုတော် Grande ရဲ့ တက်တူးကိုလည်း ခင်ပွန်းလောင်း Pete ရဲ့ ဘယ်ဘက် လက်မောင်း မှာလည်း မြင်တွေ့နိုင်ပါတယ်။ သူတို့နှစ်ဦးဟာ သီတင်းပတ် အနည်းငယ်ကြာ တွဲခဲ့ကြပြီးတဲ့နောက် စေ့စပ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပေမယ့် မင်းသား Pete ရဲ့ တက်တူးပညာရှင်ရဲ့ အဆိုအရ နာမည်ကျော် စုံတွဲနှစ်ဦးဟာ အရူးအမူး ချစ်နေကြတယ်လို့ ဆိုပါတယ်။

နယူးယောက်မြို့မှာရှိတဲ့ No Idols Tattoo ဆိုင်ပူးတွဲ ပိုင်ရှင် Jon Mesa က “သူတို့ဟာ မှော်ဆန်တဲ့ စိတ်ချမ်းသာမှု ရေလင်းကြီးကို စီးနေကြတာပါ။ Pete ဟာ Ariana နဲ့ တော်တော်လေး ချစ်နေတယ် ဆိုတာ ထင်ရှားပါတယ်” လို့ ပြောကြား ခဲ့ပါတယ်။

Pete ဟာ မကြာသေးခင်ကပဲ ချစ်သူဟောင်း Cazzie David ပုံတက်တူးကို ဖုံးပေးဖို့ Jon ဆီကို သွားရောက်ခဲ့ပါသေးတယ်။ မင်းသား Pete ဟာ Big Sean နဲ့ Nathan Sykes တို့လိုမျိုးပုဂ္ဂိုလ်တွေနဲ့ တွဲခဲ့တဲ့ အဆိုတော် Grande နဲ့ စေ့စပ်ခွင့်ရတာ ဟာ ပြိုင်ပွဲတခုမှာ အနိုင်ရရှိခဲ့သလိုပဲလို့ မကြာသေးမီကပဲ ဝန်ခံပြောကြားထားပါတယ်။

Ref:contactmusic

The post ခင်ပွန်းလောင်းရဲ့ ဖခင်အတွက် ဂုဏ်ပြု တက်တူး ထိုးလိုက်တဲ့ Ariana Grande appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ