Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

သရုပ်ဆောင်တယောက်အနေနဲ့ မြင်တွေ့ရဦးမယ့် အောန်ဆိုင်း

$
0
0

အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့စဉ်ကတည်းက မော်ဒယ် တယောက်အနေနဲ့ ရပ်တည်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ စူပါမော်ဒယ်တယောက်ဖြစ်တဲ့ အောန်ဆိုင်းကတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) ရိုက်ကူးတဲ့ “နိုင်ငံကြီးသား”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာတော့ သရုပ်ဆောင် တယောက်အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် လက်ခံဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အောန်ဆိုင်းက “ရုပ်ရှင် ဇာတ်ကားကို လာပြီးတော့ ကမ်းလှမ်းကတည်းက ပရိသတ်တွေကို ညီမ အွန်လိုင်းပေါ်ကနေ မေးတယ်ပေါ့နော်။ ရိုက်သင့်၊ မသင့်ကို တချို့ပရိသတ် တွေက မော်ဒယ်အနေနဲ့ပဲ သွားချင်ပေမယ့် ရလာတဲ့ အခွင့်အရေးကို ကြိုးစားကြည့်ချင်တယ်” လို့ ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားရိုက်ကူးပေမယ့် အချို့သော ပရိသတ်တွေက သရုပ်ဆောင်အလုပ်ကို မလုပ်စေချင်တဲ့အတွက် မော်ဒယ်တယောက်အနေနဲ့သာ ရပ်တည်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါ “ နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကတော့ အောန်ဆိုင်းရဲ့ ပထမဆုံး ရိုက်ကူးတဲ့ ရုပ်ရှင်ကား ဖြစ်ပြီး တိုင်းရင်းသူတယောက်ဖြစ်တဲ့အတွက် ဒိုင်ယာလော့ ပြောတဲ့အခါမှာ စိုးရိမ်မိတယ်လို့ အောန်ဆိုင်းက ပြောပါတယ်။

“ကိုယ်တိုင်လည်း အစတုန်းကတော့ စိုးရိမ်စိတ် ရှိတယ်။ ဒိုင်ယာလော့ ပြောတဲ့နေရာတွေမှာလည်း ကိုယ်က တိုင်းရင်းသူတဦး ဖြစ်တဲ့အတွက် အခက်တွေ့မှာတော့ စိုးရိမ်တယ်။ ဒါပေမယ့် ရလာတဲ့ အခွင့်အရေးကိုတော့ အကောင်းဆုံး ကြိုးစားသွားပါ့မယ်”လို့ အောန်ဆိုင်းက ပြောပါတယ်။

“နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင် နေတိုး၊ မင်းမော်ကွန်း ၊ ထွန်းထွန်း ၊ နေထက်လင်း ၊ နေမျိုးအောင် ၊ ဇင်ဝိုင်း ၊ မောင်သီ ၊ ထူးခြား ၊ မိုးယံဇွန် ၊ မင်းသွေး ၊ စည်ဖြိုး၊ ထွန်းကိုကို ၊ နေရဲ၊ သိန်းလင်း ၊ ရွှေသမီး ၊ အောန်ဆိုင်းတို့က ပါဝင်သရုပ်ဆောင်ထားပြီး လက်ရှိမှာ ရိုက်ကူးရေးများ စတင်နေပြီလို့ သိရပါတယ်။

The post သရုပ်ဆောင်တယောက်အနေနဲ့ မြင်တွေ့ရဦးမယ့် အောန်ဆိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ