Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ကလေးတယောက်ရပြီးမှ ချစ်သူ Cheryl Cole နဲ့လမ်းခွဲလိုက်တဲ့ အဆိုတော် Liam Payne

$
0
0

Pop စတားတယောက်ဖြစ်တဲ့ Liam Payne နဲ့ သူ့ရဲ့ချစ်သူ Cheryl Cole တို့ဟာ လမ်းခွဲသတင်းကောလာလ တွေကို လပေါင်းများစွာပယ်ချခဲ့ပြီးတဲ့နောက် အခုတော့ သူတို့နှစ်ဦး တကယ်လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါလက ကျင်းပခဲ့တဲ့ Brit ဆုပေးပွဲနောက်ပိုင်း လူမြင်ကွင်းမှာ အတူယှဉ်တွဲပြီး တွေ့မြင် ရတာမရှိတော့ပါဘူး။ အဲဒီအချိန်တုန်းကတော့ Cheryl ဟာ သူတို့နှစ်ဦးရဲ့ သားလေး Bear ကို မွေးဖွားထားပြီး လမ်းခွဲဖို့ အထိ ဦးတည်ထားကြပြီးဖြစ်တဲ့အကြောင်း အချစ်ရေးလမ်းခွဲသတင်း ကောလာဟလတွေကို ဗြိတိန်မီဒီယာတွေမှာ အပြိုင်အဆိုင် ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

One Direction အဖွဲ့ဝင် Payne ကတော့ အဲဒီအချိန်တုန်းက သတင်းတွေကို ငြင်းဆိုခဲ့ပေမယ့် Girls Aloud အဖွဲ့မှ အဆိုတော် Cheryl နဲ့ဆက်ဆံရေးဟာ လောကဓံရိုက်ခတ်မှုကို ဖြတ်သန်းနေရတဲ့အကြောင်း ဝန်ခံပြောဆိုထားခဲ့ပါတယ်။

ချစ်သူ Cheryl ရဲ့ အသက် ၃၅ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပဖို့ UK နိုင်ငံကို ပြန်နိုင်ရေး အမေရိကန်နိုင်ငံ၊ ကန်းဆက်စ်မြို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ရပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာပဲ သူတို့နှစ်ဦးရဲ့ အချစ်ရေးသတင်း ထပ်မံထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ Twitter ကနေ တဆင့် Payne ထုတ်ပြန်ခဲ့တဲ့ တရားဝင်လမ်းခွဲကြောင်း ကြေညာချက် မတိုင်ခင်အထိတော့ သူတို့နှစ်ဦးဟာ စီးပွားရေးအရ တွေ့ဆုံခဲ့ကြပုံလည်း ရပါတယ်။

အဆိုတော် Payne က “Cheryl နဲ့ ကျနော်တို့ဟာ ကိုယ့်လမ်းကိုယ်လျှောက်ပြီဆိုတာကို ဝမ်းနည်းစွာ ကြေညာလိုက်ပါ တယ်။ အခုလိုမျိုး သတ်မှတ်ဖို့အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရတာလည်း ဖြစ်ပါတယ်။ မိသားစုတခု အနေနဲ့ တဦးကို တဦးချစ်မြတ်နိုးနေဆဲဖြစ်ပါတယ်။ Bear လေးကတော့ ကျနော်တို့ရဲ့ ကမ္ဘာဖြစ်ပြီး ကျနော်တို့ ကိုယ့်လမ်းကို ရှာဖွေနေချိန်မှာ သူ့ရဲ့ Privacy ကို လေးစားပေးကြဖို့ တောင်းဆိုပါတယ်။” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

သူတို့စုံတွဲနှစ်ဦးဟာ ၂၀၁၆ ခုနှစ်မှာ စတွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ မတ်လမှာ Bear ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မတ်လမှာတော့ သတင်းတွေရဲ့အဆိုအရ Payne ဟာ သူ့ရဲ့ backup အကသမားတယောက်နဲ့ မရှုပ်မရှင်း ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် Cheryl က Twiiter မှာ ပေါက်ကွဲခဲ့ပါသေးတယ်။

အဆိုတော် Cheryl က “ရူးကြောင်ကြောင် ဆောင်းပါးတွေကို တုံ့ပြန်ဖို့ ကျမကိုယ် ကျမ စိတ်ရှုပ်မခံပါဘူး။ ဒါပေမယ့် ကျမ နှုတ်ဆိတ်နေမယ်ဆိုရင် သူတို့ဆက်ရေးမှာပါ။ ဒါဟာ ကောက်ရိုးစလေး တမျှင်ကို ဆုပ်ကိုင်ထားတဲ့ ရူးကြောင်ကြောင် ဆောင်းပါးတပုဒ်ပဲ ဖြစ်ပါတယ်။” လို့ ရေးသားခဲ့ပါတယ်။

Chery ဟာ အခုလိုမျိုး လမ်းခွဲသတင်းကြောင့် သူ့မွေးနေ့ပွဲ ပျက်စီးမှာကို မလိုလားဘဲ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့မွေးနေ့မှာတော့ Girls Aloud အဖွဲ့ဝင်တွေနဲ့အတူ ညဘက်လျှောက်လည်ခဲ့တာကို တွေ့ရပါ တယ်။

Ref: aceshowbiz

The post ကလေးတယောက်ရပြီးမှ ချစ်သူ Cheryl Cole နဲ့လမ်းခွဲလိုက်တဲ့ အဆိုတော် Liam Payne appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ