Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပြောင်းလဲမှုကို လိုလားရင် “ဥပါယ်တံမျဉ်” ကို Share မလုပ်ဖို့ တောင်းဆိုလိုက်တဲ့ ဇဏ်ခီ

$
0
0

ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပြီး မင်းသား ဇဏ်ခီ၊ မင်းသမီး သက်မွန်မြင့်၊ ထိုင်းမင်းသမီး ကရာဗီ၊ အောင်မြင့်မြတ်တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကား ဗီဒီယိုဖိုင်က အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

ဒီဇာတ်ကားက အွန်လိုင်းပေါ်မှာ HD အကြည်ဗားရှင်းနဲ့ ပျံ့နှံ့လာတဲ့အတွက် ဇာတ်ကားမှာ ပါဝင်တဲ့ မင်းသား ဇဏ်ခီက ပြောင်းလဲမှုကို လိုလားရင် ဒီဇာတ်ကားကို Share မပြုလုပ်ဖု့ိ ပရိသတ်ကို တောင်းဆိုလိုက်ပါတယ်။

”ဥပါယ်တံမျဉ် ဇာတ်ကား HD (အကြည်) လိုင်းပေါ်မှာ ပြန့်နေပါပြီ။ ဈေးတချို့မှာလည်း အခွေအနေနဲ့တောင် ရောင်းနေကြပြီလို့လည်း ကြားရပါတယ်။ ချစ်ခင်လေးစားရသောမိတ်ဆွေများ ပြောင်းလဲမှုကိုတကယ်လိုလားရင် မရှယ်ကြပါနဲ့။ မကြည့်ကြပါနဲ့။ ကျနော်တို့အနေနဲ့တော့ လုပ်စရာရှိ တာဆက်လုပ်သွားမှာပါ။ ဥပဒေ တခု အစစ်အမှန် ပေါ်လာဖို့ အကြောင်းတွေ ဖန်တီးလာပြီထင်တယ်”လို့ မင်းသား ဇဏ်ခီက ပရိသတ်များကို share မလုပ်ကြဖို့ တောင်းဆိုထားတာပါ။

ရိုးသားစွာ ရုန်းကန်ခဲ့ကြတဲ့ “ဥပါယ်တံမျဉ်” ဇာတ်ကား အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ အတွက် စိတ်မကောင်းဖြစ်ကြောင်းကိုလည်း ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။

” ကျမရဲ့ရုပ်ရှင် အွန်လိုင်းမှာ စပြန့်လာပါတယ်။ အနုပညာနဲ့ပက်သက်ရင် ကျမ ရိုးသားပြီး ရုန်းကန်ခဲ့ရတဲ့ အလုပ်တခု ဖြစ်နေတဲ့အတွက် ကျမအနေနဲ့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ စဖြန့်တဲ့ သူကိုလည်း ကျမ Screen Shot ယူထားပါတယ်။ ရှေ့လျှောက် ဘာဆက်လုပ် မယ်ဆိုတာ Post ထပ်တင်ပေးပါမယ်” လို့ ဆိုထားပါတယ်။

“ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေမြင်နေကျ မြန်မာဇာတ်ကားတွေထဲက ခွဲထွက်သွားတဲ့ ရုပ်ရှင် ဇာတ်ကားတကားဖြစ်ပြီး ဒီဇာတ်ကားကို ရုံတင်တုန်းက မြန်မာပရိသတ်များ အားပေးမှုကို အထူးရရှိခဲ့ရုံသာမက ခီမောင်နှံရဲ့ အနုပညာအရည်အသွေးကို စတင်သိရှိခဲ့တဲ့ ရုပ်ရှင်တကားလည်း ဖြစ်ါတယ်။

ဒါ့အပြင် ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ “ဥပါယ်တံမျဉ်”ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် တွေဖြစ်ကြတဲ့ ဇဏ်ခီနဲ့ အောင်မြင့်မြတ် တို့ကလည်း ပရိသတ်အားပေးမှုကို တခဲနက် ရရှိခဲ့တာပါ။

ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ကြတဲ့ သရုပ်ဆောင်တွေက မင်းသား ဇဏ်ခီ၊ မင်းသမီး သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ ထိုင်းမင်းသမီး Kaew Korravee ၊ မင်းဦး၊ ခြူးစစ်ဟန်၊ ကျော်ကိုကိုဝေတို့ပဲ ဖြစ်ပါတယ်။ ဇာတ်ကားက ပရိသတ် တောင်းဆိုမှုများ အရ စင်ကာပူနိုင်ငံမှာလည်း အောင်မြင်စွာ သွားရောက် ပြသခွင့် ရရှိခဲ့ပါသေးတယ်။

ဆက်စပ် သတင်းလင့်ခ်ထူးခြားတဲ့ အနုပညာ ရိုက်ချက်တွေနဲ့ “ဥပါယ်တံမျဉ်”

The post ပြောင်းလဲမှုကို လိုလားရင် “ဥပါယ်တံမျဉ်” ကို Share မလုပ်ဖို့ တောင်းဆိုလိုက်တဲ့ ဇဏ်ခီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ