Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ကျနော်က LGBT မဟုတ်ပါဘူး ချစ်သူကောင်မလေးရှိပါတယ်” ဆိုတဲ့ ငြိမ်းချမ်းကျော်

$
0
0

“မေထုန်ရာသီဖွား”ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုရှိခဲ့တဲ့ ငြိမ်းချမ်းကျော်က LGBT တွေကို အားပေးသလို လတ်တလောရေပန်းစားနေတဲ့ ဥက္ကာမင်းမောင်ရဲ့ ဂေးဖြစ်တယ်လို့ ဝန်ခံပြောထားတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီးတော့လည်း ဝမ်းနည်းဝမ်းသာဖြစ်လို့ ဧရာဝတီကို ဆိုပါတယ်။

“မနေ့က ကိုဥက္ကာက ကျနော်ကိုလှမ်းပြောတယ်။ ဗီဒီယိုလေးတင်လိုက်ပြီ။ သူ့ခံစားချက်တေ ွအကုန်လုံးကို ဖွင့်ပြီးတော့ ပြောထားတယ်။ ကျနော်တို့ အတွက်ကတော့ မိတ်ဆွေသူငယ်ချင်းအားလုံးက တူတူပါဘဲ။ လိင်စိတ်ခံယူမှုက ဘယ်လိုပဲဖြစ်စေ အားလုံးက တူတူပါပဲ။ ဘာမှတော့ ပြောင်းလဲမသွားပါဘူး။ သူ့ Life ကို သူပျော်ရွှင်နေတယ်”

“ ကြားရတော့ ကျနော်တို့လည်း သူ့အစားဝမ်းသာတယ်။ ဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့လည်း ဝမ်းနည်းဝမ်းသာ ဖြစ်ပါတယ်။ ကျနော်တို့ “မေထုန်ရာသီဖွား” ရိုက်တုန်းကလဲ ဒါရိုက်တာတွေက ကိုဥက္ကာကို သစ်ဝေ နေရာနဲ့ လိုက်တယ်ဆိုပြီးပြီးပဲ တူတူတွဲရိုက်ကြတာပါ” လို့ ဧရာဝတီကို ဖြေပါတယ်။

ငြိမ်းချမ်းကျော်က သူ့ရဲ့ပတ်ဝန်းကျင်မှာလည်း LGBT တွေကို ခင်ခင်မင်မင်နဲ့ ရှိသလို LGBT တွေကို Respect ရှိတဲ့အတွက်ကြောင့်လည်း မေထုန်ရာသီဖွား ကို သေချာလေးရိုက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“LGBTလဲ လူထဲကလူပါပဲ မကွဲပြားပါဘူး။ ကျနော်အနေနဲ့ကတော့ သူတို့အပေါ်မှာ Respect တခုရှိလို့ မေထုန်ရာသီဖွားမှာ သေသေချာချာ သပ်သပ်ရပ်ရပ်နဲ့ ဖြစ်နေတဲ့အဖြစ်အပျက်ကို သေချာလေးရိုက်ထားတာပါ။ LGBT တွေကို အသုံးချထားတာလဲ မဟုတ်သလို စော်ကားထားတာလဲမဟုတ်ပါဘူး”

“ကျနော်တို့ပတ်ဝန်းကျင်မှာ LGBT တွေရှိပါတယ်။ သူတို့နဲ့ ကျနော်ခင်ခင်မင်မင်ရှိသလို အားလည်း အားပေးပါတယ်။ တော်ကြတဲ့ သူတွေတော်ကြပါတယ်။ ကျနော်ကတော့ LGBT မဟုတ်ပါဘူး။ ကောင်မလေးရှိပါတယ်။ ချစ်သူကတော့ အပြင်ကပါ။ အချစ်ရေးကတော့ အေးဆေးပါပဲ”လို့ ပြောပါတယ်။

ငြိမ်းချမ်းကျော်က လတ်တလောမှာ “The Naked Ghost” ဆိုတဲ့ သရဲကားလေးကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

The post “ကျနော်က LGBT မဟုတ်ပါဘူး ချစ်သူကောင်မလေးရှိပါတယ်” ဆိုတဲ့ ငြိမ်းချမ်းကျော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


''ပါဂျောင်မြေမှ အရိုးတွန်သံ'


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗောက်/ဒက်ပျောက်အောင် ဘယ်လိုလုပ်မလဲ …?


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)