Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

“ဝိညာဉ်စိမ်း” ရုပ်ရှင်မှာ လောင်းကစား ဝါသနာပါတဲ့ ကာရိုက်တာ သရုပ်ဆောင်ခဲ့တဲ့ မင်းမော်ကွန်း

$
0
0

သရုပ်ဆောင်မင်းမော်ကွန်းက မကြာခင်ရုံတင်ပြသတော့မယ့် “ဝိညာဉ်စိမ်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကား ရိုက်ကူးရာမှာ အနုပညာညီအစ်ကိုတွေပဲ အတူတူပါဝင် သရုပ်ဆောင်ရတဲ့ အတွက် အခက်အခဲမရှိဘူးလို့ ပြောပါတယ်။

” ဒီဇာတ်ကားမှာ ကျနော့် ကာရိုက်တာကတာ့ လောင်းကစား ဝါသနာပါတဲ့ သားတယောက်ပါ။ ဒီဇာတ်ကားထဲက ကာရိုက်တာ အပေါ်မှာလည်း စိတ်ကျေနပ်မှု ရှိပါတယ်။ အားလုံးကလည်း တက်ညီလက်ညီ ကြိုးစားထားတဲ့ ဇာတ်ကားလေးပါ။ ကျနော်ထက် ဝါရင့်တွေနဲ့ ညီအကိုတွေသရုပ်ဆောင်ရတော့ အခက်အခဲတော့ အများကြီးမရှိပါဘူး။ ဒီဇာတ်ကားရိုက်ကူးတုန်း ကျနော်က ထူးထူးဆန်းဆန်းတွေ မကြုံလိုက်ဘူး သူများတွေ ကြုံခဲ့ရတယ်လို့တော့ ကျနော် ကြားပါတယ်”လို့ မင်းမော်ကွန်းက ပြောပါတယ်။

မင်းမော်ကွန်းက ဗီဒီယိုခေတ်ဦးကာလက ဗီဒီယိုဇာတ်ကား အများအပြား ရိုက်ကူးခဲ့ရတဲ့ မင်းသားတယောက်ဖြစ်ခဲ့လို ယခုတိုင်လည်း ပရိသတ်ရဲ့ အားပေးမှုကို အများအပြားရရှိနေဆဲ သရုပ်ဆောင်မင်းသားတဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ဗီဒီယိုဈေးကွက် ပျက်နေတယ်ဆိုတဲ့အပေါ်ကိုလည်း အခုလိုဆိုပါတယ်။

“ဇာတ်ကားတွေလည်း ကျနော်ရိုက်နေတယ်။ ဗီဒီယိုဈေးကွက်ကြီးပျက်သွားလို့လည်း မဖြစ်သေးပါဘူး။ သူ့ခေတ်နဲ့ သူ့အခါ အခြားအဖက်ဖက်ကနေ ဝင်လာတွေရှိပါတယ်။ ဥပမာ ဇာတ်လမ်းတွဲတို့ တီဗီဇာတ်လမ်းတို့ ပေါ့နော်။ ဗီဒီယိုလောကကြီး ပြန်လည်ဦးမော့လာအောင် လုပ်ဆောင်သင့်ပါတယ်”လို့ ပြောပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းဟာ လက်ရှိမှာတော့ ဒါရိုက်တာ ပန်းချီစိုးမိုးရိုက်ကူးနေတဲ့ “ကမ္မဖလ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

The post “ဝိညာဉ်စိမ်း” ရုပ်ရှင်မှာ လောင်းကစား ဝါသနာပါတဲ့ ကာရိုက်တာ သရုပ်ဆောင်ခဲ့တဲ့ မင်းမော်ကွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)