Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7258

ပါကစ္စတန်နိုင်ငံမှာ အဖွင့်ပွဲ ရုံဝင်ငွေ စံချိန်တင်သွားတဲ့ “Race 3”

$
0
0

ဘောလိဝုဒ် စူပါစတား Salman Khan ပါဝင်ထားတဲ့ “Race 3” ရုပ်ရှင်ဟာ Eid ပွဲတော်ပိတ်ရက်အပြီး သီတင်းတပတ်ကြာ မှ ပါကစ္စတန်နိုင်ငံမှာ ရုံတင်ခဲ့ရပေမယ့် စတင်ပြသတဲ့နေ့မှာပဲ ရုံဝင်ငွေစံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။

Box Office Details ဝက်ဘ်ဆိုက်ရဲ့အဆိုအရ “Race 3” ရုပ်ရှင်ဟာ ပါကစ္စတန်နိုင်ငံထုတ် ရုပ်ရှင်ကား ဖြစ်တဲ့ “7 Din Mohabbat Kay” နဲ့ “Avengers Infinity War” ရုပ်ရှင်တွေကို ကျော်တက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ ရုံစတင်တဲ့နေ့မှာပဲ အိန္ဒိယ ရူပီး ၂ ဒသမ ၂၅ ကုဋေရရှိခဲ့ပါတယ်။

ဒါရိုက်တာ Remo D’Souza ရိုက်ကူးတဲ့ အဲဒီရုပ်ရှင်ဟာ Eid နေ့မတိုင်မီ နှစ်ရက်အလိုနဲ့ ပွဲတော်ပိတ်ရက်ပြီး သီတင်း ပတ်ကြာတဲ့အထိ အိန္ဒိယရုပ်ရှင်မှာ ရုံတင်ပြသမှုကို ပါကစ္စတန်အစိုးရက ကန့်သတ်ခဲ့ပြီးတဲ့နောက် ၈ ရက်လောက် နောက်ကျပြီးမှ ဖြန့်ချိပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလိုမျိုး တားမြစ်ရတာဟာ ဘောလိဝုဒ် ရုပ်ရှင်တွေရဲ့ ယှဉ်ပြိုင်မှုမရှိဘဲ Eid ပွဲတော်ကာလမှာ ပါကစ္စတန်ရုပ်ရှင်လေးကားနဲ့ အခြားဒေသတွင်း စကားပြော ရုပ်ရှင်ကား တွေအတွက် စီးပွားဖြစ်နိုင်အောင်လည်း ရည်ရွယ်ပါတယ်။

အဲဒီရုပ်ရှင်လေးကားထဲက ၃ ကားဟာ မအောင်မြင်ခဲ့ဘဲ မင်းသား Mahira Khan ပါဝင်သရုပ်ဆောင်ထားတဲ့ “7 Din Mohabat Kay” ရုပ်ရှင်ကသာ သီတင်းတပတ်အတွင်းမှာ ရူပီးငွေ ၈ ဒသမ ၆၅ ကုဋေရရှိခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ မှာတော့ Eid နေ့ရုံးပိတ်ရက်ကို ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။ ဘောလိဝုဒ်ရုပ်ရှင် တွေကို ပြသတာ ကန့်သတ်ထားပေမယ့်လည်း Mahira Khan ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ စတင်ပြသတဲ့နေ့မှာ ရူပီးငွေ ၁ ဒသမ ၅ ကုဋေပဲရရှိခဲ့ပါတယ်။

ရုံဝင်ငွေလေ့လာရေးဝက်ဘ်ဆိုက်က “Race 3” ရုပ်ရှင်ဟာ ဒီနှစ်အတွင်း ပါကစ္စတန်နိုင်ငံမှာ ဖြန့်ချိခဲ့ဖူးသမျှ ဟင်ဒီစကား ပြောရုပ်ရှင်တွေထဲမှာ အကောင်းဆုံးဖြစ်ပြီး တနေ့အတွင်း လက်မှတ်ရောင်းချရမှုအများဆုံး ဟင်ဒီရုပ်ရှင်တွေထဲမှာ တတိယမြောက်ဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ်ထဲမှာတော့ အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

Ref:ptinews

The post ပါကစ္စတန်နိုင်ငံမှာ အဖွင့်ပွဲ ရုံဝင်ငွေ စံချိန်တင်သွားတဲ့ “Race 3” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7258

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ